Sunday, November 27, 2022
Latest Posts
Yoo Jae Suk ရဲ့ မှတ်ချက်ကြောင့် ဖန်ကလပ်ပိတ်လိုက်ကြတဲ့ တရုတ်ပရိတ်သတ်များ
Unicode Version
MC Yoo Jae Suk အတွက် ရည်စူးထားတဲ့ ဖန်ကလပ် ကိုပိတ်ပစ်ဖို့အတွက် တရုတ်ဖန်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
MBC ရဲ့ ‘Hangout With Yoo’ တွင် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ ‘2022 ဘေဂျင်းဆောင်းရာသီအိုလံပစ်’နဲ့ပတ်သက်ပြီး Yoo Jae Suk ရဲ့မှတ်ချက်များကြောင့် ဖန်ကလပ် ကိုပိတ်လိုက်တာဖြစ်ကြောင်း ပရိသတ်အများအပြားက ထင်ကြေးပေးနေကြတာပဲဖြစ်ပါတယ်။
ဘေဂျင်းအိုလံပစ်မှာ ဒိုင်လူကြီးတွေပြသတဲ့ ‘ဘက်လိုက်မှု’ နဲ့ ပတ်သက်ပြီး ဒေါသတကြီး ထွက်ပေါ်ခဲ့တဲ့အတွက် Yoo Jae Suk ကို တရုတ်ပရိတ်သတ်တွေက ဖန်အဖွဲ့ကိုပိတ်လိုက်တာပဲဖြစ်ပါတယ်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထုတ်လွှင့်တဲ့ ‘Hangout With Yoo’ တွင် သရုပ်ဆောင်အဖွဲ့ဝင်များသည် ဆောင်းရာသီအိုလံပစ်ပွဲနဲ့ဲ့တ်သက်၍ ၎င်းတို့၏ တုံ့ပြန်မှုများကို အကျဉ်းချုံး ဆွေးနွေးခဲ့ကြပါတယ်။ သရုပ် ဆောင်အဖွဲ့ဝင်များသည် မီတာ ၁၀၀၀ အပြေးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် တောင်ကိုရီးယားစကိတ်သမားများဖြစ်တဲ့ Hwang Dae Heon နဲ့ Lee Jun Seo တို့ နှစ်ဦးစလုံး ရဲ့ အရည်အချင်းမပြည့်မီခဲ့တဲ့ အကြောင်းကိုခေါင်းစဥ်တပ်ကာပြောခဲ့ကြပါတယ်။
အရည်အချင်းမပြည့်မီခဲ့တာကြောင့် တရုတ်စကိတ်သမားများဖြစ်တဲ့ Ren Ziweiနဲ့ Li Wenlong တို့ဟာပြိုင်ပွဲတွင် ရွှေတံဆိပ် ငွေတံဆိပ်များအသီးသီးရရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး ‘Hangout With Yoo’ ရဲ့သရုပ်ဆောင်အဖွဲ့ဝင် Shin Bong Sun က”အစတုန်းက အရမ်းစိတ်ဆိုးခဲ့တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Yoo Jae Suk က” အဲ့နေ့က ငါ‌ဒေါသကိုတောင်မထိန်းနိုင်ခဲ့ဘူး။ဒါပေမယ့် မကြာမှာပဲ Hwang Dae Heon ကရွှေတံဆိပ်နဲ့ အနိုင်ရရှိသွာတဲ့အတွက် ကြက်သီးတောင်ထခဲ့ရပါတယ်”ဆိုပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။
‘Hangout With Yoo’ ကို ထုတ်လွှင့်ပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ 20 တွင်တရုတ်ပရိသတ်အဖွဲ့ဖြစ်တဲ့ ‘Yoo Jae Suk Yooniverse’ သည် ကလပ်ကို အပြီးတိုင်ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့တာပဲဖြစ်ပါတယ်။ ကြေငြာချက်ကတော့
“အခုအချိန်မှာ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေရတဲ့သူတွေဟာ ငါတို့ရဲ့ပရိသတ်တွေပဲ ဖြစ်လိမ့်မယ်။ အခုလောလောဆယ် မင်းတို့ကို ဘယ်စကားလုံးနဲ့မှနှစ်သိမ့်မှုမပေးနိုင်ပေမယ့် သူ့အတွက် ချစ်ခြင်းမေတ္တာတွေ ပေးကမ်းခဲ့ရတဲ့ လွန်ခဲ့တဲ့နှစ်တွေနဲ့ ကိုယ့်ကိုကိုယ် အနိုင်ယူလိုက်ကြရအောင် “ဆိုတဲ့စာသားနဲ့ကြေငြာချက်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
ဘေဂျင်းအိုလံပစ်မှာ ဒိုင်လူကြီးတွေပြသတဲ့ ‘ဘက်လိုက်မှု’ နဲ့ ပတ်သက်ပြီး ဒေါသတကြီး ထွက်ပေါ်ခဲ့တဲ့အတွက် Yoo Jae Sukကို တရုပ်ပရိတ်သတ်တွေက ဖန်ကလပ်ကို ပိတ်ချလိုက်တာပဲဖြစ်ပါတယ်။
Zawgyi Version
အိုလံပစ်နဲ့ပတ်သက်တဲ့ Yoo Jae Suk ရဲ့ မှတ်ချက်ကြောင့် တရုတ်ဖန်ကလပ်ကို ပိတ်လိုက်ကြတဲ့တရုတ်ပရိတ်သတ်များ
Latest Posts
Don't Miss