Monday, November 28, 2022

Latest Posts

V day နဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ လွတ်မြောက်နယ်မြေရောက် အဆိုတော် မူးလာ

Unicode Version

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီး လူကြိုက်များလာခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ကိုတော့ အခုချိန်ထိအားပေး နှစ်သက်နေတဲ့ ပရိသတ်တွေ အများကြီးပါပဲ။ ဆံပင်ရှည်ထားရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တဲ့အပြင် ရော့ခ်ဂီတကြမ်းကြမ်းတွေကို သီဆိုရတာကိုလဲ နှစ်သက်ပါသေးတယ်။ သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေကို ချစ်စနိုးနဲ့ ” မူးလာ ရဲ့ မူလီလေး” တွေလို့ ခေါ်တတ်ပါသေးတယ်။

အဆိုတော် မူးလာ ဟာ လက်ရှိမှာ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပါ။ ဒါပေမယ့်လဲ ချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ပဲ သူ့ရဲ့လှုပ်ရှားမူ့လေးတွေကို လူမူ့ကွန်ယက်မှာတစ်ဆင့် တင်ပေးနေတာကြောင့် မူလီလေးတွေ စိတ်အေးကြရပါတယ်။ မူးလာ က အမြဲတမ်းလိုလို ပြည်သူတွေ သွေးမအေးသွားကြစေဖို့ သတိပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ Valentine Day (ချစ်သူများနေ့) အတွက် ပရိသတ်တွေကို သတိပေးလိုက်ပါတယ်။ မူးလာ ရေးသားထားတာကတော့ ” V’day မှာချစ်နေတာထက် D day မှာ ဖြစ်နေတာ ပိုအရေးကြီးတယ် မယောင်နဲ့ ” လို့ သူ့ရဲ့ လူမူ့ကွန်ယက်မှတစ်ဆင့် ရေးသားထားပါတယ်။

အဆိုတော် မူးလာ က Valentine day နဲ့ ပတ်သက်ပြီး သတိပေးချက်လေးကို ပရိသတ်တွေ လက်ခံကြရဲ့လား။ အဆုံးထိ အချိန်ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်၊ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

ZawGyi Version





Latest Posts

Don't Miss