Tuesday, December 6, 2022

Latest Posts

Twenty Five၊ Twenty One ဇာတ်လမ်းရဲ့ အဆုံးသတ်ကိုခန့်မှန်းခဲ့ကြတဲ့ကိုးရီးယား Netizen များ


ZAWGYI VERSION

ယခုလတ်တလောပြသနေတဲ့ “Twenty Five၊ Twenty One”ဇာတ်ကားကတော့ တစ်၀က်နီးပါးထိ ပြသနေဆဲဖြစ်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ကြည့်ရှုသူတွေကလည်း ကြည့်နေရင်းနဲ့ ဇာတ်သိမ်းပိုင်းကို ပိုပိုပြီး သိချင်နေကြပါတယ်။

အခုဆိုရင် “Twenty Five၊ Twenty One”ဇာတ်လမ်းထဲတွင် အမျိုးသမီး ဇာတ်ဆောင်ဖြစ်တဲ့ နာဟီးဒို (ကင်တေရီ) ရဲ့ သမီး ကင်မင်ချယ် ဟာ ဘဲ့ဂီဂျင်(နမ်းဂျိုဟွခ့်) ရဲ့ သမီးအရင်း မဟုတ်‌ဘူးလို့ ထင်ကြေးပေးမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ သူမရဲ့ နာမည်နောက်ကွယ်မှာပဲဇာတ်လမ်းတစ်ပုဒ်ရှိနေတာလား ဒါမှမဟုတ် ၀မ်းနည်းစရာနဲ့ အဆုံးသတ်ခဲ့တာလားဆိုတာကတော့ စိတ်၀င်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

အင်တာနက်သုံးစွဲသူအချို့ရဲ့ သူတို့နှစ်ယောက်လမ်းခွဲသွားမှာလား ဒါမှမဟုတ်ဘဲ နာဟီးဒိုရဲ့ သမီးရဲ့ ဖခင်ဟာ ဘဲ့ဂီဂျင်ဖြစ်ပြီးတော့ ပျော်ရွှင်ဖွင်အဆုံးသတ်ဖြစ်သွားမှာလားဆိုတာကို သုံးသပ်ထားတဲ့ထင်ကြေးတွေထွက်ပေါ်လာခဲ့ပါတယ်။

သူတို့နှစ်ယောက်လမ်းခွဲသွားနိုင်တယ်လို့လည်းထင်ကြေးတွေပေးခဲ့ကြတဲ့သူတွေလည်းရှိပါတယ်။ အင်တာနက်သုံးစွဲသူ အချို့ကတော့ ဘဲ့ဂီဂျင်ဟာ သူ့အဖေရဲ့ သားအရင်းမဟုတ်နိုင်ဘူးလို့လည်း ထုတ်လွှင့် ပြီးအပိုင်းတွေကိုကြည့်ပြီးသုံးသပ်ပြကြပါတယ်။ အပိုင်း ၅မှာ ဘဲ့ဂီဂျင်ရဲ့ ဖခင်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ဒုတိယသားရဲ့နာမည်နဲ့ ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့တယ်လို့ရဲ တွေကပြောခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူအချို့က သာမာန်အနေနဲ့ဆိုရင် အကြီးဆုံးသားရဲ့ နာမည်နဲ့ ကုမ္ပဏီကိုတည်ထောင်ပေးရမှာဖြစ်ပြီးနာမည်ပြောင်းရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယသား ရဲ့ နာမည်အောက်မှာ တည်ထောင်ထားတာ‌ဖြစ်တာကြောင့် ဘဲ့ဂီဂျင်ဟာ သားအရင်းမဟုတ်နိုင်ဘူးဆိုတဲ့ ထင်ကြေးတွေလည်းပေးကြတာပဲဖြစ်ပါတယ်။

အဲ့ထင်ကြေးသာမှန်တယ်ဆိုရင်တော့ ဘဲ့ဂီဂျင်ရဲ့အမည်ရင်းဟာ ကင်ဖြစ်ပြီး သမီးဖြစ်သူ ကင်မင်ချယ်ရဲ့ မျိုးရိုးအမည်ဖြစ်နိုင်တယ်လို့ခန့်မှန်းကြတာပဲဖြစ်ပါတယ်။ အပိုင်၇ ရဲ့ အစပိုင်းမှာ Min Chae နှင့် Hee Do တို့ကြား စကားပြောဆိုမှုအရ Min Chaeရဲ ဖခင်ဟာ နိုင်ငံခြားရောက်နေတယ်လို့လည်းသိရပါတယ်။

ထင်ကြေးတွေကတော့အမျိုးမျိုး‌တွေ့ရပြီး ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်သွားမလဲဆိုတော့ စိတ်၀င်စားဖွယ်ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ “Twenty Five၊ Twenty One”အပိုင်း ၁၆ပိုင်းပါ၀င်ပြီးတော့ အခုဆိုရင်အပိုင်း (၁၀) ပိုင်းအထိထုတ်လွှင့်ပြသထားတာပဲဖြစ်ပါတယ်။

UNICODE VERSION









Latest Posts

Don't Miss