Friday, January 27, 2023

Latest Posts

‘The Red Sleeve’ ဒရာမာ မှာ ၀ိတ်တက်အောင်လုပ်ခဲ့ရတဲ့အကြောင်းကိုဖွင့်ဟခဲ့တဲ့ Lee Se Young

UNICODE VERSION

MBC talk show ‘Radio Star’ မှာ ‘The Red Sleeve’ ဒရာမာသရုပ်ဆောင်အဖွဲ့ဝင်များဟာ အထူးဧည့်သည်များအဖြစ် ပါဝင်ခဲ့ကြပါတယ်။ ၎င်း talk show မှာ သူမရဲ့ အသက် 18 နှစ်အရွယ် ဇာတ်ကောင်ပုံစံနဲ့ သူမရဲ့ ကာရိုက်တာပုံစံကို ပြောင်းလဲသွားတဲ့ပုံကို ထုတ်ဖော်ခဲ့ပါတယ်။

နာမည်ကြီး MBC ဒရာမာ ‘The Red Sleeve’ ကို ရိုက်ကူးနေစဉ် မင်းသမီး Lee Se Young ဟာ ၁၇ ပေါင်ကျော် တက်လာပုံကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။ မင်းသမီးက ၃ ကီလိုဂရမ်ကို လွယ်လွယ်ကူကူ တက်အောင်လုပ်နိုင်ခဲ့ပေမယ့် ရာသီဥတုက ပိုပူလာပြီး ရိုက်ကူးရေးတွေ ဆက်လုပ်နေတာကြောင့် ကိုယ်အလေးချိန် ကျဆင်းသွားကာ ပုံမှန် ပြန်ဖြစ်သွားခဲ့ပါသေးတယ်။

ဇာတ်ကောင်ဟာ တော်ဝင်ကြင်ယာတော်တစ်ယောက် ဖြစ်တဲ့အတွက် တင့်တယ်မှု ကိုပြသရန် ကိုယ်အလေးချိန်ပြန်တက်အောင်လုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ မျက်နှာ ပြည့်ပြည့်လေးဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။

Lee Se Young က Junho ရဲ့ အကြံပေးချက်ကို လိုက်နာပြီး ကိုယ်အလေးချိန် တိုးအောင် နေ့တိုင်း ချိစ်ကိတ် နှစ်ချပ်စားခဲ့ပါတယ်လို့ဖွင့်ဟခဲ့ပါတယ်။ ရုပ်ရှင်ဆက်လက်ရိုက်ကူးနေချိန်တွင် Lee Se Young က သူမသည် သကြား၊ ယို၊ ထောပတ်နှင့် တစ်ခါတရံ မရိုးနိစ်စသည့် အကြော်များကို စားခဲ့ပါတယ်လို့ပြောပါတယ်။

‘The Red Sleeve’ ဒရာမာ မှာ မင်းသား မင်းသမီး နှစ်ယောက်လုံးဟာ အတွဲညီညီ နဲ့သရုပ်ဆောင်ခဲ့ကြပြီး ၎င်း ဒရာမာနဲ့ ဆုရရှိခဲ့ကြပါတယ်။ မင်းသမီး ကတော့ သူရဲ့ ကာရိုက်တာ ကိုပီပြင်အောင် ၀ိတ်တက်အောင်လုပ်ခဲ့ပြီးတော့ ကြိုးကြိုးစားစားရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI VERSION

‘The Red Sleeve’ ဒရာမာ မွာ ၀ိတ္တက္ေအာင္လုပ္ခဲ့ရတဲ့အေၾကာင္းကိုဖြင့္ဟခဲ့တဲ့ Lee Se Young

MBC talk show ‘Radio Star’ မွာ ‘The Red Sleeve’ ဒရာမာသ႐ုပ္ေဆာင္အဖြဲ႕ဝင္မ်ားဟာ အထူးဧည့္သည္မ်ားအျဖစ္ ပါဝင္ခဲ့ၾကပါတယ္။ ၎ talk show မွာ သူမရဲ႕ အသက္ 18 ႏွစ္အ႐ြယ္ ဇာတ္ေကာင္ပုံစံနဲ႔ သူမရဲ႕ ကာ႐ိုက္တာပုံစံကို ေျပာင္းလဲသြားတဲ့ပုံကို ထုတ္ေဖာ္ခဲ့ပါတယ္။

နာမည္ႀကီး MBC ဒရာမာ ‘The Red Sleeve’ ကို ႐ိုက္ကူးေနစဥ္ မင္းသမီး Lee Se Young ဟာ ၁၇ ေပါင္ေက်ာ္ တက္လာပုံကိုေျပာျပခဲ့တာပဲျဖစ္ပါတယ္။ မင္းသမီးက ၃ ကီလိုဂရမ္ကို လြယ္လြယ္ကူကူ တက္ေအာင္လုပ္ႏိုင္ခဲ့ေပမယ့္ ရာသီဥတုက ပိုပူလာၿပီး ႐ိုက္ကူးေရးေတြ ဆက္လုပ္ေနတာေၾကာင့္ ကိုယ္အေလးခ်ိန္ က်ဆင္းသြားကာ ပုံမွန္ ျပန္ျဖစ္သြားခဲ့ပါေသးတယ္။

ဇာတ္ေကာင္ဟာ ေတာ္ဝင္ၾကင္ယာေတာ္တစ္ေယာက္ ျဖစ္တဲ့အတြက္ တင့္တယ္မႈ ကိုျပသရန္ ကိုယ္အေလးခ်ိန္ျပန္တက္ေအာင္လုပ္ဖို႔အတြက္ ဆုံးျဖတ္ခဲ့ပါတယ္။ မ်က္ႏွာ ျပည့္ျပည့္ေလးျဖစ္ေအာင္ ႀကိဳးစားအားထုတ္ခဲ့ရတယ္လို႔ဆိုပါတယ္။

Lee Se Young က Junho ရဲ႕ အႀကံေပးခ်က္ကို လိုက္နာၿပီး ကိုယ္အေလးခ်ိန္ တိုးေအာင္ ေန႔တိုင္း ခ်ိစ္ကိတ္ ႏွစ္ခ်ပ္စားခဲ့ပါတယ္လို႔ဖြင့္ဟခဲ့ပါတယ္။ ႐ုပ္ရွင္ဆက္လက္႐ိုက္ကူးေနခ်ိန္တြင္ Lee Se Young က သူမသည္ သၾကား၊ ယို၊ ေထာပတ္ႏွင့္ တစ္ခါတရံ မ႐ိုးနိစ္စသည့္ အေၾကာ္မ်ားကို စားခဲ့ပါတယ္လို႔ေျပာပါတယ္။

‘The Red Sleeve’ ဒရာမာ မွာ မင္းသား မင္းသမီး ႏွစ္ေယာက္လုံးဟာ အတြဲညီညီ နဲ႔သ႐ုပ္ေဆာင္ခဲ့ၾကၿပီး ၎ ဒရာမာနဲ႔ ဆုရရွိခဲ့ၾကပါတယ္။ မင္းသမီး ကေတာ့ သူရဲ႕ ကာ႐ိုက္တာ ကိုပီျပင္ေအာင္ ၀ိတ္တက္ေအာင္လုပ္ခဲ့ၿပီးေတာ့ ႀကိဳးႀကိဳးစားစား႐ိုက္ကူးခဲ့တာပဲျဖစ္ပါတယ္။

Latest Posts

Don't Miss