Monday, November 28, 2022

Latest Posts

Taxi မောင်းပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေတဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်း

Unicode Version

အထိုးအကြိတ်ပိုင်နိုင်လွန်းပြီး ဖိုက်တင်အက်ရှင် ဇာတ်ကားတွေထဲမှာ အမြဲတမ်းလိုလို တွေ့ရတတ်တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်း ကိုတော့ အားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်။ မင်းမင်း မှာ သမီး(၃)ယောက်နဲ့ သားတစ်ယောက် စုစုပေါင်း သားသမီး လေးယောက်ရှိပါတယ်။ ၁၈ နှစ်အရွယ် သမီးအလတ်လေးဖြစ်တဲ့ ဇင်စန္ဒာထွန်းက ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံရန် အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

မင်းမင်း ဟာ မပြည့်စုံပေမယ့်လည်း သမီးလေးရဲ့ အနုပညာ လမ်းကြောင်းကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာ လူကြမ်းသရုပ်ဆောင် မင်းမင်း ဟာ စားဝတ်နေရေးအတွက် Taxi မောင်းနေပါတယ်။ ကိုယ်အားမသန်တဲ့အလုပ်ဖြစ်နေတော့ အခက်အခဲတွေတော့ရှိခဲ့ပေမယ့် နောက်ပိုင်းကျတော့ သူ့ဘာသာအဆင်ပြေသွားတာပါပဲ။ ဒါပေမဲ့ သမီးလေးရဲ့အနုပညာလမ်းစလေးပြန်ပေါ်လာလို့ ဝမ်းသာမိတယ် ဆိုတဲ့ သမီးလေး အောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။

ပရိသတ်ကြီးရေ လက်ရှိကာလကတော့ အားလုံးအတွက်ခက်ခဲတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သားအားလုံး အခက်အခဲတွေအားလုံး အမြန်ဆုံးဖြတ်ကျော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss