Sunday, November 27, 2022

Latest Posts

Taeyeon ကြောင့် သရုပ်ဆောင်တစ်ယောက်ဖြစ်လာရတာပါဆိုတဲ့’ Red Sleeve’ မင်းသား Kang Hoon

UNICODE VERSION ‘

The Red Sleeve’ မင်းသား Kang Hoon က Girls’ Generation အဖွဲ့ဝင် Taeyeon ကို ချစ်ကြောင်း ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။ MBC ရဲ့ ‘Radio Star’ တွင် နာမည်ကြီးဒရာမာ ‘The Red Sleeve’ ၏ သရုပ်ဆောင်အဖွဲ့ဝင်များသည် ဧည့်သည်များအဖြစ် ပါဝင်ခဲ့ပါတယ်။

အဲ့ဒီမှာ မင်းသား Kang Hoon ဟာ ဘတ်စကတ်ဘောကို စွန့်လွှတ်ပြီးနောက် သူဘယ်လို သရုပ်ဆောင်ဖြစ်လာပုံကို ပြောပြခဲ့ပါတယ်။ MC Kim Gook Jin က”မင်းသားဖြစ်ဖို့ ဆုံးဖြတ်ပေးခဲ့တဲ့ Idol အဖွဲ့တစ်ဖွဲ့ရှိနေတယ်လို့ မင်းပြောခဲ့တယ်မလား”။

Kang Hoon က”ဘတ်စကတ်ဘောကို စွန့်လွှတ်ပြီးနောက်မှာ ကျွန်တော်ဟာ ကျွန်တော့်အိပ်မက်ကို ရှာဖွေနေတဲ့ အဆင့်မှာ ရှိနေခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် အသက် 18 နှစ်ဝန်းကျင် ပဲရှိပါသေးတယ်။ အဲ့အချိန်တုန်းက Girl’s Generation နဲ့ Wonder Girls တို့က ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်က Girls’ Generation ကို အရမ်းကြိုက်ပါတယ်။”

အဲ့ဒါနဲ့သူကဆက်ပြောပါတယ်။ ” ‘သူတို့ကို ဘယ်လိုတွေ့နိုင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ သီချင်းဆိုမတတ်နိုင်လို့ အဆိုတော်မဖြစ်နိုင်ဘူးဆိုတာ ကိုယ့်ကိုကို သိတဲ့အတွက် သရုပ်ဆောင်လောကကို သူမနဲ့ တွေ့ မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်၀င်ရောက်ခဲ့တာပါ။

MC Kim Gu Ra က Girls’ Generation မှာ ဘယ်သူနဲ့ တွေ့ချင်ဆုံးလဲ” လို့ မေးခဲ့ပါတယ်။ အဲ့မေးခွန်းကို မင်းသား Kang Hoon “Girls’ Generation အဖွဲ့၀င်တွေထဲ မှာ Taeyeon ဟာ သူကြိုက်ဖူးတဲ့ ပထမဆုံး နဲ့ နောက်ဆုံး idolပါ”လို့ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI VERSION







Latest Posts

Don't Miss