UNICODE VERSION
EXO အဖွဲ့ဝင် Suho ကို ပရိတ်သတ်တွေက ပျော်ရွှင်စွာပြန်လည်ကြိုဆိုကြပါတယ်။ အွန်လိုင်းအသိုင်းအဝိုင်းဖိုရမ်တစ်ခုတွင် ပရိသတ်တစ်ဦးက စစ်မှုထမ်းခြင်းမှ တရားဝင် ပြီးဆုံးသွားတဲ့ Suho ရဲ့ လတ်တလောပုံရိပ်တွေကိုမျှဝေခဲ့တာပဲဖြစ်ပါတယ်။
Suho ဟာ 2020 ခုနှစ် မေလတွင် တပ်မတော် သို့ စစ်မှုထမ်း တာ၀န်ထမ်းဆောင်ရန် ၀င်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ 13 ရက်နေ့မှာတော့ပြီးဆုံးခဲ့တာပါ။ ဓာတ်ပုံများတွင် Suho ကတော့ ကျန်းကျန်းမာမာနဲ့အမြဲတမ်းချောမောနေသောကောင်လေးပုံဖြင့် သူရဲ့ဆွဲဆောင်မှုတွေကိုပြသခဲ့ပါတယ်။ ပို့စ်တင်သူကတော့ “သူကတော့ အရင်အတိုင်းအတူတူပါဘဲ”လို့ရေးတင်ထားတာပါ။
ပရိသတ်များကလည်း ၎င်းပုံများတွင် သူပြန်လာတာကိုဂုဏ်ပြုကြပြီး စိတ်လှုပ်ရှာတဲ့ အားပေးစကားများကို မှတ်ချက်ပေးခဲ့ကြပါတယ်။
“OMG သူက Choi Siwon (Super Junior) နဲ့တူတယ်”
“EXO ဆီကိုအမြန်ပြန်လာစေစေင်တယ်!”
“Idol တွေအားလုံး ပြန်ကြည့်လို့ကောင်းနေပြီထင်တယ်”
“အရမ်းခန့်တာပဲ” “သူပြန်လာပြီ!”
“ကြိုဆိုပါတယ် Suho”
“Omm… သူ ဆီက ဆပ်ပြာနံ့ရသလို… မင်းချက်ချင်း ပွေ့ဖက်ချင်တဲ့ အမျိုးအစား”လိုပဲ စတဲ့ ကွန်းမန့်တွေကိုရေးသားခဲ့ကြတာပဲဖြစ်ပါတယ်။
ကျန်းကျန်းမာမာနဲ့ စစ်မှုထမ်းတာ၀န်ပြီးဆုံးသွားတဲ့ suho အတွက် ပရိတ်သတ်ကြီးကလည်း ကွန့်မန့်မှာ မန့်ခဲ့ပေးကြပါဦးနော်။
ZAWGYI VERSION
Suho ဟာ စစ်မှုထမ်းပြီးနောက် ကျန်းမာပြီးချောမောနေတာကြောင့် ပရိတ်သတ်များ ၀မ်းသာနေကြ
“အရမ်းခန့်တာပဲ”
“သူပြန်လာပြီ!”
“ကြိုဆိုပါတယ် Suho”