UNICODE VERSION
မင်းသမီး Son Ye Jin နဲ့ သူမရဲ့ဖခင်တို့ရဲ့ ဓာတ်ပုံတစ်ပုံဟာ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ “Son Ye Jin’s Father” ဟူသော ခေါင်းစဉ်ဖြင့် ပို့စ်တစ်ခု ကို အွန်လိုင်းအသိုင်းအဝန်းမှာ အာရုံစိုက်မှုများပြားလာခဲ့ပါတယ်။
အဆိုပါပို့စ်တွင် Son Ye Jin နဲ့ သူမရဲ့ဖခင် ဓာတ်ပုံနဲ့ ယှဥ်ကာ မင်းသား Hyun Bin နဲ့ Son Ye Jin တို့ရဲ့ ဓာတ်ပုံနဲ့ ပုံနှစ်ပုံပါ၀င်ပါတယ်။ အဲ့ပုံလေးမှာ Son Ye Jin ရဲ့ ထူးခြားတဲ့ အလှတရားက ငယ်ရွယ်စဉ်ကတည်းက အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာဟာ သူမရဲ့ ဖခင်ရဲ့ ချောမောတဲ့ ပုံရိပ်တွေပဲဆိုတာသက်သေပြလို့နေပါတယ်။


အဆိုပါပုံနှစ်ပုံကိုကြည့်ကာ Hyun Bin ဟာ Son ye Jin ရဲ့အဖေနဲ့တူတယ်လို့ အင်တာနက်အသုံးပြုသူတွေက အခိုင်အမာဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ Netizens တွေက ” Hyun Bin ရဲ့အဖေကျနေတာပဲ” “Hyun Bin ရဲ့ရုပ်ပုံနဲ့ Son Ye Jin ရဲ့အဖေရုပ်ပုံတွေကအရမ်းဆင်တူတယ်” “သူတို့နှစ်ယောက်လုံးကတကယ်ချောတာသေချာပါတယ်” “Son Ye Jin က ဖခင်ဆီကနေ ချောမောမှုတွေရခဲ့တာပဲ””သူ့အဖေက အရမ်းကြည့်ကောင်းလွန်းတယ်” နဲ့ “သူတို့မှာ ဗီဇကောင်းတွေ ရှိပါတယ်” ဆိုပြီး မှတ်ချက်တွေပေးခဲ့ကြတာပဲဖြစ်ပါတယ်။
ZAWGYI VERSION
Son Ye Jin ရဲ့ဖခင်နဲ့ Hyun Bin တို့ရဲ့ တူညီတဲ့ပုံစံကြောင့် Netizens တွေအံ့အားသင့်နေကြ