Sunday, November 27, 2022
Latest Posts
Ryu Soo Young ကိုလက်ထပ်ရတဲ့ အကြောင်းအရင်းကိုပြောလာတဲ့ မင်းသမီး Park Ha Sun
UNICODE VERSION
မင်းသမီး Park Ha Sun ဟာသူမရဲ့ အိမ်ထောင်ရေး အကြောင်းကိုမကြာသေးခင်ကပြောခဲ့တာဲဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့တွင် KBS 2TV ရဲ့ ” Problem Child in House” ထုတ်လွှင့်မှုတွင် Park Ha Sun နဲ့ Kwon Yool တို့ဟာဧည့်သည် များအဖြစ်ပါဝင်လာခဲ့ကြပါတယ်။
မင်းသမီး Park Ha Sun နဲ့ သူမရဲ့ ခင်ပွန်း Ryu Soon Young တို့ဟာ ၂၀၁၃ ခုနှစ် တွင် “Two Weeks” ဒရာမာဇာတ်လမ်းတွဲ တွင် စတင်တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ စတင်ချိန်းတွေ့ခဲ့ကြပြီး ၂၀၁၇ ခုနှစ်မှာတော့ လက်ထပ်ကြကာ အခုဆို သမီးလေးတစ်ဦးပါပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။
သရုပ်ဆောင် Song Eun Yi က”ကျွန်တော် သိတာကတော့ သူမရဲ့ ခင်ပွန်း ဟာ စကားပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ဟာသလုပ်တက်သူလည်းဖြစ်ပါတယ်။ Ha Sun ကတော့ ပြောစရာလိုတာကိုပဲ‌ပြောတက်ပါတယ်လို့ ” သူတို့စုံတွဲရဲ့ ပင်ကိုယ်စရိုက်ကိုပြောခဲ့တာပဲဖြစ်ပါတယ်။
စိတ်လှုပ်ရှားဖို့ကောင်းတဲ့အချစ်တစ်ခုဖြစ်ခဲ့လားလို့မေးတဲ့အခါ မင်းသမီး Park Ha Sun က “သူနဲ့ ကျွန်မမှာ မတူကြတဲ့ အသွင်အပြင်တွေ ရှိကြတယ်ဆိုပေမယ့် ရိုးရိုးသား‌သားပြောရင် ကျွန်မ သူ့ ကိုသဘောကျပါတယ်။ သူဟာ ကျွန်မအတွက် သက်တောင့်သက်သာရှိစေတဲ့သူတစ်ယောက်ပါ။ စိတ်လှုပ်ရှား ဖို့ကောင်းတဲ့ Relationship တစ်ခုဟာ များသောအားဖြင့် အဆုံးသတ်သိပ်မကောင်းတက်ကြပါဘူး။ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အချစ်ကို ကျွန်မအနေနဲ့ကောင်းတယ်လို့မထင်ပါဘူး” ကျွန်မ သူ့ကိုချစ်တဲ့အတွက်ကျွန်မ ရဲ့ မိသားစုလို သူ့ကိုခံစားရပါတယ်။ ကျွန်မ နေမကောင်းရင် သူထွက်သွားမှာမဟုတ်ဘူးဆိုတာကိုကျွန်မယုံကြည်ပါတယ်။
မင်းသမီး Park Ha Sun က”အရမ်းစိတ်၀င်စားဖို့ကောင်းတာက အတူနေထိုင်ကြတဲ့အခါ တစ်ခါတလေ မျက်နှာဗလာ နဲ့ ညစ်ပတ်တဲ့အဝတ်အစားတွေကို၀တ်ထားပြီးနေထိုင်ဖြစ်တဲ့အခါတွေရှိတက်ပါတယ်။ ဒါ‌တောင်မှ သူကကျွန်မကို လှတယ်ချစ်တယ်လို့ပဲပြောပါတယ်။ ကျွန်မအတွက်တော့အထင်ကြီးစရာပါဘဲ”လို့ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ စုံတွဲလေးကတော့တကယ်ကိုချစ်ဖို့ကောင်ပြီး စံထားရမယ့်အိမ်ထောင်ရေးပါဘဲ။ သူတို့နှစ်ယောက်ရဲ့ အချစ်အကြောင်းလေးကိုနားထောင်ပြီးကြည်နူးမိရပါတယ်နော်။
ZAWGYI VERSION
Latest Posts
Don't Miss