Tuesday, November 29, 2022

Latest Posts

Rose ဟာ COVID-19 ကူးစက်ခံထားရတာကြောင့် အချိန်ဇယားကို တစ်စိတ်တစ်ပိုင်း ဖျက်သိမ်းလိုက်ရ

UNICODE VERSION

BLACKPINK အဖွဲ့၀င်ဖြစ်တဲ့ Roseဟာ COVID-19 ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့တာကြောင့် နိုင်ငံရပ်ခြားအချိန်ဇယားကို တစ်စိတ်တစ်ပိုင်း ဖျက်သိမ်းခဲ့ရတာပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က YG Entertainment က “ဒါဟာ YG Entertainment ပါ။ BLACKPINK ရဲ့ Rose ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ သူမထွက်ခွာခင် PCR စစ်ဆေးမှုခံယူပြီးနောက် COVID-19 စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူမရဲ့နိုင်ငံရပ်ခြားအစီအစဉ်အချို့ကို ဖျက်သိမ်းလိုက်ရပါတယ်။ အခြားအဖွဲ့ဝင် သုံးဦး (Jisoo၊ Jennie၊ Lisa) တွေကတော့ အနုတ်လက္ခဏာစစ်ဆေးတွေ့ရှိခဲ့ပြီး Rose အပါအဝင် အဖွဲ့ဝင်အားလုံးတွင် သံသယဖြစ်ဖွယ် လက္ခဏာများ မတွေ့ရှိခဲ့ရပါဘူး။

BLACKPINK အဖွဲ့ဝင်များသည် COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးကျွန်ုပ်တို့ရဲ့ အနုပညာရှင်များနဲ့ ၎င်းတို့ရဲ့ ဝန်ထမ်းများ၏ကျန်းမာရေးကို ဦးစားပေးပါမည်။ Rose လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေဖို့ ဆန္ဒရှိကြပြီး BLACKPINK အဖွဲ့ဝင်များ၏ နိုင်ငံတကာ ပရိုမိုးရှင်းများကို ပံ့ပိုးပေးမယ့်သူတွေကိုကျေးဇူးတင်ပါတယ်။ အပြောင်းအလဲများရှိပါက အကြောင်းကြားပါမည်။”လို့ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ZAWGYI VERSION

Rose ဟာ COVID-19 ကူးစက်ခံထားရတာကြောင့် နိုင်ငံရပ်ခြားအချိန်ဇယားကို တစ်စိတ်တစ်ပိုင်း ဖျက်သိမ်းလိုက်ရ




Latest Posts

Don't Miss