Saturday, December 3, 2022

Latest Posts

New Year ကြွေးကြော်သံ နဲ့ပတ်သတ်ပြီး အသိပေးလိုက်တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

Unicode Version

ပရိသတ်ကြီးရေ သရုပ်ဆောင် မြနှင်းရည်လွင် ကတော့လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့အနုပညာရှင် မင်းသမီးတစ်လက်ဖြစ်ပေမယ့် အောင်မြင်မှု့တွေကို စွန့်ပစ်ပြီးတော့ အမှန်တရားအတွက် ရဲရဲဝင့်ဝင့်ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူမကိုပရိသတ်တွေကအရမ်းကို ချစ်ခင်အားပေးကြရတာလဲ ဖြစ်ပါတယ်။ မြနှင်းရည်လွင် ကိုချစ်တဲ့ပရိသတ်တွေကတော့ သူမရဲ့လုံခြုံဘေးကင်းရေးအတွက် အမြဲတမ်းစိတ်ပူပင်နေတာပဲ ဖြစ်ပါတယ်။ မြနှင်း ဟာ New Year ကြွေးကြော်သံ နဲ့ပတ်သတ်တဲ့အကြောင်း တစ်ခုကိုပရိသတ်တွေကို အခုလိုပဲအသိပေးလာပါတယ်။

” နှစ်သစ်ဆုတောင်း အားသစ်လောင်း နှင့် အတူ “ဖက်ဒရယ်ဒီမိုကရေစီ New Year” နှစ်သစ်ကိုလည်းကြိုမယ် ဖက်ဆစ်ကိုလည်းဖြိုမယ် (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ည ၉ နာရီ (09:00 PM) မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၁၂ နာရီ၁၀မိနစ်အထိ (00:10 AM)) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးစတင်ခဲ့ရပြီး မြေပေါ်မြေအောက် အဖွဲ့အစည်း အသီးသီးမှ နည်းမျိုးစုံ ဘက်ပေါင်းစုံဖြင့် တော်လှန်နေကြရ သည်မှာလည်း (၁၁) လတိုင် ကြာခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးမိသားစုများမှ ဦးစီး၍ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ကြသော ဆေးပညာရှင်များနှင့် နယ်ပယ်စုံမှ ရဲဘော်များအား လေးစားအမှတ်ရခြင်း အထိမ်းအမှတ် အပြင်၊ ယနေ့တိုင် ယုံကြည်ချက်ကြံ့ကြံ့ခိုင်စွာဖြင့်တိုက်ပွဲဝင်လျက်ရှိကြသော ကျန်းမာရေး CDM ဝန်ထမ်းများ၊ CDM ထောက်ပံ့သူများ၊ အာဇာနည်ရဲဘော်များ နှင့် တော်လှန်ရေးတွင် ကျရာနေရာမှ အားသွန်ခွန်စိုက်ပါဝင်ပေးနေကြသော ပြည်သူများအားလုံးကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ် ၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည နှစ်သစ်ကူးချိန်တွင်အားသစ်လောင်း ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်မည်ဖြစ်ပါသည်။ ကြွေးကြော်တော်လှန် ည ၁၂ နာရီ တိတိတွင် “Happy New Year”ဟု အော်ဟစ်ကြိုဆိုမည့်အစား New Year ကြွေးကြော်သံ ” Federal Democracy NewYear” ဟု အော်ဟစ်ရွတ်ဆို၍ နှစ်သစ်ကို ကြွေးကြော်ကြိုဆိုကြပါမည်။ (မှတ်ချက်။ ။ကြွေးကြော်သံရွတ်ဆိုရာတွင် မိမိတို့၏လုံခြုံဘေးကင်းရေးကို အထူး ဦးစားပေးဂရုပြုစေလိုပါသည်) ဆုတောင်းတော်လှန်တော်လှန်နှစ်သစ်ဆုတောင်းပွဲ Prayer_Strike တော်လှန်ရေးအဆက်ဆက် အသက်၊သွေး၊ချွေးများ ထည့်ဝင်ပေးဆပ်သွားကြသော အာဇာနည်များ၊ သူရဲကောင်းများ၊ အကျဥ်းထောင်ထဲမှသူရဲကောင်းရဲဘော်များ၊ PDF တပ်သားများ၊တော်လှန်နေကြသော ပြည်သူများအားလုံးအတွက်လည်း December 31 ရက်နေ့ညတွင် ဝိုင်းဝန်းဆုတောင်းကြပါမည်။ ဘာသာပေါင်းစုံ မိမိယုံကြည်ကိုးကွယ်ရာ အလိုက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဆုတောင်းပေးကြပါရန်။ ဆုတောင်းသည့်အခါတွင် ဖယောင်းတိုင်ထွန်းခြင်း၊ ဝမ်းနည်းခြင်းနှင်းဆီများ ဖြန့်ကြဲခြင်း စသည်ဖြင့်ကြိုက်နှစ်သက်သည့်ပုံစံနှင့်ဆုတောင်းမှုကို ဓါတ်ပုံမှတ်တမ်းတင်ပြီး social media တွေမှာ တင်ကြရင်း သွေးမအေးကြောင်းပြသကြပါစို့ခင်ဗျာ။” လို့ မြနှင်း ဟာသူမရဲ့လူမှု့ကွန်ယက်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။

Cele Only ပရိသတ်ကြီးရေ သရုပ်ဆောင် မြနှင်းရည်လွင် အသိပေးလိုက်တဲ့စကားလေးတွေကို ချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ZawGyi Version

New Year ေႂကြးေၾကာ္သံ နဲ႔ပတ္သတ္ၿပီး အသိေပးလိုက္တဲ့ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ ကေတာ့လက္ရွိမွာ ခက္ခဲၾကမ္းတမ္းတဲ့လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနၿပီးေတာ့ တာဝန္ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္ေနတဲ့အႏုပညာရွင္ မင္းသမီးတစ္လက္ျဖစ္ေပမယ့္ ေအာင္ျမင္မႈ႕ေတြကို စြန႔္ပစ္ၿပီးေတာ့ အမွန္တရားအတြက္ ရဲရဲဝင့္ဝင့္ေ႐ြးခ်ယ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ သူမကိုပရိသတ္ေတြကအရမ္းကို ခ်စ္ခင္အားေပးၾကရတာလဲ ျဖစ္ပါတယ္။ ျမႏွင္းရည္လြင္ ကိုခ်စ္တဲ့ပရိသတ္ေတြကေတာ့ သူမရဲ႕လုံၿခဳံေဘးကင္းေရးအတြက္ အၿမဲတမ္းစိတ္ပူပင္ေနတာပဲ ျဖစ္ပါတယ္။ ျမႏွင္း ဟာ New Year ေႂကြးေၾကာ္သံ နဲ႔ပတ္သတ္တဲ့အေၾကာင္း တစ္ခုကိုပရိသတ္ေတြကို အခုလိုပဲအသိေပးလာပါတယ္။

” ႏွစ္သစ္ဆုေတာင္း အားသစ္ေလာင္း ႏွင့္ အတူ “ဖက္ဒရယ္ဒီမိုကေရစီ New Year” ႏွစ္သစ္ကိုလည္းႀကိဳမယ္ ဖက္ဆစ္ကိုလည္းၿဖိဳမယ္ (၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္၊ ည ၉ နာရီ (09:00 PM) မွ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔ မနက္ ၁၂ နာရီ၁၀မိနစ္အထိ (00:10 AM)) ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ အၾကမ္းဖက္စစ္ေကာင္စီ၏အာဏာသိမ္းမႈေၾကာင့္ ေႏြဦးေတာ္လွန္ေရးစတင္ခဲ့ရၿပီး ေျမေပၚေျမေအာက္ အဖြဲ႕အစည္း အသီးသီးမွ နည္းမ်ိဳးစုံ ဘက္ေပါင္းစုံျဖင့္ ေတာ္လွန္ေနၾကရ သည္မွာလည္း (၁၁) လတိုင္ ၾကာခဲ့ၿပီ ျဖစ္ပါသည္။ ထို႔ေၾကာင့္ က်န္းမာေရးမိသားစုမ်ားမွ ဦးစီး၍ ေတာ္လွန္ေရးကာလအတြင္း က်ဆုံးခဲ့ၾကေသာ ေဆးပညာရွင္မ်ားႏွင့္ နယ္ပယ္စုံမွ ရဲေဘာ္မ်ားအား ေလးစားအမွတ္ရျခင္း အထိမ္းအမွတ္ အျပင္၊ ယေန႔တိုင္ ယုံၾကည္ခ်က္ႀကံ့ႀကံ့ခိုင္စြာျဖင့္တိုက္ပြဲဝင္လ်က္ရွိၾကေသာ က်န္းမာေရး CDM ဝန္ထမ္းမ်ား၊ CDM ေထာက္ပံ့သူမ်ား၊ အာဇာနည္ရဲေဘာ္မ်ား ႏွင့္ ေတာ္လွန္ေရးတြင္ က်ရာေနရာမွ အားသြန္ခြန္စိုက္ပါဝင္ေပးေနၾကေသာ ျပည္သူမ်ားအားလုံးကို စိတ္ဓာတ္ခြန္အား ျမႇင့္တင္ေပးႏိုင္ရန္ ရည္႐ြယ္ ၍ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔ ည ႏွစ္သစ္ကူးခ်ိန္တြင္အားသစ္ေလာင္း ဆုေတာင္းျခင္းအခမ္းအနား ျပဳလုပ္မည္ျဖစ္ပါသည္။ ေႂကြးေၾကာ္ေတာ္လွန္ ည ၁၂ နာရီ တိတိတြင္ “Happy New Year”ဟု ေအာ္ဟစ္ႀကိဳဆိုမည့္အစား New Year ေႂကြးေၾကာ္သံ ” Federal Democracy NewYear” ဟု ေအာ္ဟစ္႐ြတ္ဆို၍ ႏွစ္သစ္ကို ေႂကြးေၾကာ္ႀကိဳဆိုၾကပါမည္။ (မွတ္ခ်က္။ ။ေႂကြးေၾကာ္သံ႐ြတ္ဆိုရာတြင္ မိမိတို႔၏လုံၿခဳံေဘးကင္းေရးကို အထူး ဦးစားေပးဂ႐ုျပဳေစလိုပါသည္) ဆုေတာင္းေတာ္လွန္ေတာ္လွန္ႏွစ္သစ္ဆုေတာင္းပြဲ Prayer_Strike ေတာ္လွန္ေရးအဆက္ဆက္ အသက္၊ေသြး၊ေခြၽးမ်ား ထည့္ဝင္ေပးဆပ္သြားၾကေသာ အာဇာနည္မ်ား၊ သူရဲေကာင္းမ်ား၊ အက်ဥ္းေထာင္ထဲမွသူရဲေကာင္းရဲေဘာ္မ်ား၊ PDF တပ္သားမ်ား၊ေတာ္လွန္ေနၾကေသာ ျပည္သူမ်ားအားလုံးအတြက္လည္း December 31 ရက္ေန႔ညတြင္ ဝိုင္းဝန္းဆုေတာင္းၾကပါမည္။ ဘာသာေပါင္းစုံ မိမိယုံၾကည္ကိုးကြယ္ရာ အလိုက္ တစ္ဦးခ်င္းျဖစ္ေစ၊ အဖြဲ႕လိုက္ျဖစ္ေစ ဆုေတာင္းေပးၾကပါရန္။ ဆုေတာင္းသည့္အခါတြင္ ဖေယာင္းတိုင္ထြန္းျခင္း၊ ဝမ္းနည္းျခင္းႏွင္းဆီမ်ား ျဖန႔္ႀကဲျခင္း စသည္ျဖင့္ႀကိဳက္ႏွစ္သက္သည့္ပုံစံႏွင့္ဆုေတာင္းမႈကို ဓါတ္ပုံမွတ္တမ္းတင္ၿပီး social media ေတြမွာ တင္ၾကရင္း ေသြးမေအးေၾကာင္းျပသၾကပါစို႔ခင္ဗ်ာ။” လို႔ ျမႏွင္း ဟာသူမရဲ႕လူမႈ႕ကြန္ယက္မွာ ေရးသားထားတာကို ေတြ႕ရပါတယ္ေနာ္။

Cele Only ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ အသိေပးလိုက္တဲ့စကားေလးေတြကို ခ်စ္တဲ့ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္။ ျမန္မာျပည္ႀကီး အျမန္ဆုံးၿငိမ္းခ်မ္းပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။

Latest Posts

Don't Miss