UNICODE VERSION
မင်းသား Kim Woo Bin၊ မင်းသမီး Lee Som နဲ့ Kang Yoo Suk တို့ဟာ Netflix ရဲ့ မူရင်း K drama စီးရီးသစ်ဖြစ်တဲ့ “Delivery Knight” သိပ္ပံဇာတ်လမ်းတွဲမှာပါဝင်သရုပ်တော့မှာဖြစ်ပါတယ်။
နာမည်တူ ဆုရ webtoon စီးရီးတစ်ခုကို အခြေခံထားတဲ့ “Delivery Knight” ဟာ အနာဂတ်မှာ ပြင်းထန်းသော လေထုညစ်ညမ်းမှုကြောင့် အောက်ဆီဂျင် တုမျက်နှာဖုံး အကူအညီမပါဘဲ လူသားများမရှင်သန်နိုင် တဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းထဲ တွင် ၂၀၇၁ ခုနှစ်ဖြစ်ပြီး ကိုးရီးယား ကျွန်းဆွယ်အများစုကာ မြေရိုင်းအဖြစ်သို့ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။ လူဦးရေ ၏ 1% သာအသက်ရှင်ကျန်ရစ်ကာ ညစ်ညမ်းသောလူအဖွဲ့အစည်းတွင် ထောက်ပံ့ရေး ပစ္စည်းများကို အချိန်ပို့ပေးခြင်းသည် သေခြင်း ကနေလွတ်မြောက်နိုင်တာပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်း မှာတော့ ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ပေးတဲ့ ပို့ဆောင်ရေးလုပ်သားများသည် အဓိကကျသောအခန်းကနေပါဝင်လာတာပဲဖြစ်ပါတယ်။ ဇာတ်လမ်း ထဲတွင် Kim Woo Bin သည် ဒဏ္ဍာရီလာ ပို့ဆောင်ပေးသူအဖြစ်သရုပ်ဆောင်ထားပြီး ဘယ်လိုအခက်အခဲကြားကမဆို ပို့ဆောင်ပေးသူတစ်ယောက်ပဲဖြစ်ပါတယ်။
လူသစ် သရုပ်ဆောင် ဖြစ်တဲ့ Kang Yoo Suk က Sa Woi ဆိုတဲ့ လူငယ်လေးနေရာကနေသရုပ်ဆောင်ထားပြီး ပို့ဆောင်ရေး ဝန်ထမ်း တစ်ယောက်ဖြစ်လာဖို့ အိမ်မက်မက်နေတဲ့ဇာတ်ရုပ်မှာပါဝင်မှာဖြစ်ပါတယ်။ မင်းသမီး Lee Som ကတော့ Sa Woi ရဲ့ မိသားစုနဲ့ အလွန်ရင်းနှီးကာ စစ်အရာရှိအဖြစ် ပါဝင်လာတာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုတော့ နာမည်ကြီးရုပ်ရှင် “Master”ကိုရိုက်ကူးတဲ့ ဒါရိုက်တာ Jo Eui Suk ကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ ရော မင်းသား တွေရောက နာမည်ကြီးသလို ဇာတ်လမ်း ကလည်းကောင်းပြီးသားဆိုတော့ ကြည့်ရှုလို့ကောင်းမှာတော့ အသေအချာပါဘဲနော်။ Netflix မှာမကြာခင်ကြည့်ရှု နိုင်တော့မှာပဲဖြစ်ပါတယ်။
ZAWGYI VERSION
Netflix ၏ သိပ္ပံ စီးရီး ဖြစ်တဲ့ “Delivery Knight” တွင်ပါဝင်လာတော့မယ့် Kim Woo Bin နဲ့ Lee Som