Sunday, November 27, 2022

Latest Posts

Lisa ဟာ “LALISA” နဲ့ အမြန်ဆုံး ကြည့်ရှုသူ သန်း၄၀၀ရောက်သွားတဲ့ Kpop အမျိုးသမီး တစ်ကိုယ်တော်ဖြစ်လာ

Unicode Version

Lisa ရဲ့ တစ်ကိုယ်တော် Single သီးချင်းဖြစ်တဲ့ “LALISA” ဟာ နောက်ထပ်မှတ်တိုင်အသစ်စိုက်ထူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ YG Entertainment ရဲ့ အဆို့တော်အဖွဲ့ Blackpink မှ ရက်ပ်အဆိုတော် Lisa ရဲ့ တေးသီချင်းဟာ ကြည့်ရှုသူများပြားလာခဲ့တာပဲဖြစ်ပါတယ်။

တစ်ကိုယ်တော် ပွဲဦးထွက်တေးသီချင်း ဗီဒီယိုဟာ ဇန်န၀ါရီ ၉ ရက် ညနေ ၃နာရီ ၄၆ မိနစ်ခန့်တွင် Youtube တွင် ကြည့်ရှုသူသန်း ၄၀၀ ရှိသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီအရေတွက်ဟာ ၂၀၂၁ ခုနှစ်စက်တင်ဘာ ၁၀ ရက်တွင်ထုတ်လွှင့်ပြီး ၁၂၁ ရက်အကြာမှာပဲရောက်ရှိခဲ့တာပါ။ K-pop လောကတွင် အမြန်ဆုံး ကြည့်ရှုသူတွေ များပြားလားတဲ့ ဗီဒီယိုဖြစ်လာခဲ့ပါတယ်။

ယခင်စံချိန် ကိုတော့ BLACKPINK အဖွဲ့ Jennie ရဲ့ Solo သီးချင်းပဲဖြစ်ပါတယ်။ YG Entertainmet အတွက်လည်းဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ သလို Lisa လေးကိုချစ်တဲ့ပရိတ်သတ်တွေကလည်း ၀မ်းသာနေမှာ တော့အသေအချာပါဘဲ။

Zawgyi Version





Latest Posts

Don't Miss