Saturday, December 3, 2022
Latest Posts
LA တွင် နေ့လည်စာ သွားစားခဲ့ကြတဲ့ iconic Couple Priyanka Chopra နဲ့ Nick Jonas
UNICODE VERSION
Priyanka Chopra နဲ့ Nick Jonas နှစ်ယောက်လုံးကို မကြာသေးခင်ကပဲ Los Angeles ရှိ ‌စားသောက်ဆိုင်တွင့်ရှိခဲ့တာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ထုတ်လုပ်သူ Priyanka Chopra Jonas နဲ့ သူမရဲ့ ခင်ပွန်း သရုပ်ဆောင် အဆိုတော် Nick Jonsa တို့ဟာရိုမန့်တစ်ဆန် တဲ့ နေလယ်စာ ကိုလာစားခဲ့ကြတာပါ။
စားသောက်ဆိုင် တွင် သူတို့နှစ်ဦးရဲ့ ပုံတွေကို သူတို့ရဲ့ instagram အသီးသီးမှာ “အထင်ကရစုံတွဲများ” စားတန်းဖြင့် မျှ‌ဝေခဲ့တာပဲဖြစ်ပါတယ်။ မကြာသေးခင်ပဲ အမေရိကန်နိုင်ငံရှိ San Diego အနီးရှိ ကမ်းခြေတစ်ခုမှာ Priyanka Chopra နဲ့ Nick Jonas တို့ကိုတွေ့ရှိခဲ့ပါသေးတယ်။
LA တွင် နေ့လည်စာ သွားစားခဲ့ကြတဲ့ iconic Couple Priyanka Chopra နဲ့ Nick Jonas
နှစ်သစ်ကူး အကြိုကတည်း က ဆိုရှယ်မီဒီယာ နဲ့‌ဝေးကွာနေတဲ့ သူတို့ စုံတွဲဟာ သူတို့ရဲ့ခွေးတွေနဲ့ လမ်းလျှောက်ထွက်နေတာကိုမြင်တွေ့ ခဲ့ရပါတယ်။ နှစ်ယောက်သား လက်ချင်းချိတ်ပြီး လျှောက်နေကြတာပါ။ မြင်တွေ့ရသူတစ်ဦးက ကမ်းခြေမှာ နာရီဝက်နီးပါး ကြာအောင်နေကြပြီး ခွေးလေးနှစ်ကောင်နဲ့လမ်းလျှောက်ရင်းစကားပြောနေကြပြီး ပျော်နေကြပါတယ်လို့ပြောပါတယ်။
သူတို့နှစ်ယောက် အခုမှ အလုပ်တွေကနေနားရတယ်ထင်ပါတယ်။ ခုမှပဲတွေ့ကြရတာပါ။ မနဲ့ မောင် အတွဲလေးလည်းအမြဲတမ်းလက်တွဲနိုင်ပါစေလို့လည်းနှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။
ZAWGYI VERSION
Latest Posts
Don't Miss