Monday, November 28, 2022
Latest Posts
Jimin ရဲ့ အနိုင်ကျင့်ခံရတဲ့ အကြောင်းကိုထပ်မံပြောဆိုလာတဲ့ AOA အဖွဲ့ဝင်ဟောင်း Mina
UNICODE VERSION
ယခုနှစ်အစောပိုင်းတွင် AOA အဖွဲ့ဝင်ဟောင်း Jimin သည် ဆိုရှယ်မီဒီယာသို့ တဖြည်းဖြည်း ပြန်ရောက်လာပြီး AOA အနိုင်ကျင့်မှုဖြစ်ပွားပြီး တစ်နှစ်ခွဲအကြာတွင် ပထမဆုံးအကြိမ်အဖြစ် သူမ၏ပရိသတ်များထံသို့ရောက်ရှိလာခဲ့ပါတယ်။ Jimin ပြန်လာတာနဲ့ Mina အကြောင်းပြန်ပြီးပြောဦးမယ်လို့ အင်တာနက်အသုံးပြုသူအချို့က ကြိုပြောခဲ့ပါတယ်။
အင်တာနက်သုံးစွဲသူအများအပြားမျှော်လင့်ထားတဲ့ အတိုင်း AOA အဖွဲ့ဝင်ဟောင်း Mina ဟာJimin ၏အနိုင်ကျင့်မှုအကြောင်းကို ဖေဖော်ဝါရီလ 10 ရက်နေ့ မှာ ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် တင်ခဲ့ပါတယ်။ အဲဒီနေ့မှာ Mina က အင်တာနက်အသုံးပြုသူရဲ့ တိုက်ရိုက်မက်ဆေ့ချ်ကို ရိုက်ကူးထားတဲ့ ဖန်သားပြင်ဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။
တိုက်ရိုက်မက်ဆေ့ချ်ပေးပို့တဲ့ အင်တာနက်အသုံးပြုသူဟာ” Ms. Mina Kwon ရေအဲဒါက ဘာအတွက်လဲလို့ မေးချင်တယ်။ မင်းမျှော်လင့်ထားသလို ငါက မင်းကိုတိုက်ခိုက်ဖို့ဒီကိုရောက်လာတာမဟုတ်ဘူး။ ငါမင်းကိုမေးချင်တယ် မင်းနဲ့ Jimin အကြောင်း ကိုဘာကြောင့်လိမ်ရတာလဲ။ မင်းကိုကိုယ်ချင်းစာလို့ မင်းပြောခဲ့တဲ့အကြောင်းကိုငါယုံခဲ့တယ်။ မင်းရဲ့ စိတ်အခြေအနေက ပိုးဆိုးလာတယ်ထင်လို့ ပြန်လည်ကုသပြီးကောင်းမွန်ပါစေလို့မျှော်လင့်တယ်။ ငါက မင်းရဲ့ဖန်ပါဒါပေမယ့်ငါထာဝရအနားယူသွားတော့မှာပါ။ မင်းနဲ့မထိုက်တန်ပေမယ့် မင်းရဲ့ လိမ်ညာမှုကို ငါခွင့်လွှတ်လိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ ငါ အဲ့အဖြစ်အပျက်ကနေ တစ်ခုခုကိုသင်ယူမိလို့ပါဘဲ ။ မင်းလည်းတစ်နေ့ပျော်ရွှင်နိုင်ပါစေလို့ဆုတောင်ပေးလိုက်ပါတယ်လို့” ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ Mina က သူမအပေါ် အနိုင်ကျင့်ခံရမှုတွေအကြောင်း တစ်ကြိမ်ထပ်ရေးခဲ့ပြီး သူမ လိမ်လည်ကြောင်း ငြင်းခုံခဲ့ပါတယ်။ “ငါအရင်တုန်းကအခြေအနေကိုရှင်းပြခဲ့ပေမယ့် ငါ့ကိုမယုံကြဘူး။ စာသားမှတ်တမ်းနဲ့ စာသားအသေးစိတ်အပိုင်းတစ်ခုကို ထုတ်ဖော်လိုက်တဲ့အခါF ကုမ္ပဏီက ဒါကို ဗျူဟာကျကျ ဖော်ပြလိုက်တာလို့ ကျွန်မခံစားလိုက်ရတယ်။ ငါကျိန်ဆဲခဲ့တာတော့ မှားခဲ့ပေမယ့် ငါဒါကို ၁၀နှစ်ကြာအောင်သိမ်းထားခဲ့တာမဟုတ်ဘူး။ ငါ့မှာ အကြောင်းပြချက်တွေရှိခဲ့ပြီး အရာအားလုံးကို မှတ်မိနေခဲ့တယ်… ငါသိချင်တာက ငါအရမ်းကြိုးစားခဲ့ပေမဲ့ ငါ့ကို ဘာလို့ဒီလောက်ဖြိုခွဲဖို့ လိုအပ်တာလဲ…ဘာပဲဖြစ်ဖြစ် ကျွန်မ Dispatch ကိုသွားပြီး မှတ်တမ်းမှတ်ရာတွေ အားလုံးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အများစုက company Fဘက်ကပဲဖြစ်နေတယ်။ မပျောက်ကွယ်ခင်က ဓားတစ်ချောင်းကို ရှာနေတဲ့ မစ္စ Shin ဟာ စက်ရုပ်တစ်ရုပ်လို ‘တောင်းပန်ပါတယ်’ လို့ပြောခဲ့ပါတယ်။ အဲ့အချိန် ကျွန်မဝင်လိုက်တဲ့အချိန်မှာတော့ တာဝန်ရှိသူတွေက ဗီဒီယိုရိုက်တယ် ဒါမှမဟုတ် အသံသွင်းထားတာကြောင့်အဲဒါတွေကို အချိန်တိုင်းထုတ်ပြန်ပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။ သူတို့ဟာ အသံသွင်းတာကို ထုတ်လွှင့်ခဲ့ပေမယ့် အပြည့်အစုံကို ဘာလို့ မထုတ်နိုင်ရတာလဲလို့ ကျွန်မမေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါကိုနားထောင်ရတာ မတရားဘူးလို့ ကျွန်မခံစားရလို့ပဲဖြစ်ပါတယ်။အဲ့ဒီ့ အစ်မဟာ ဓားရှာတဲ့အချိန်ကိုမမှတ်မိပေမယ့် သူတောင်းပန်းတာဟာ တကယ်စိတ်ထဲကပါမပါဆိုတာကို သူရဲ့လေသံကိုနားထောင်ပြီးသိနိုင်ပါတယ်။ အဲ့နေရာမှာ ကျိန်ဆဲသံတွေအများကြီး‌ထွက်ပြီး ရုန်းရင်းဆန်ခတ် အသံတွေလည်း ထွက်နေပါတယ်။ ဒါကထုတ်လွှင့်ဖို့ အကူအညီမဖြစ်ဘူးလို့ငါပြောခဲ့ပေမယ့် အသံသွင်းထားတဲ့အပြည့်အစုံကို ငါအခုထက်ထိ လိုချင်နေတုန်းပဲ။ Dispatch ရဲ့ ဒါရိုက်တာ က Shin က ပြစ်မှုကျူးလွန်သူလို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပေမယ့် ငါရှုံးခဲ့ရင်တောင်ငါဂရုမစိုက်ဘူး အမှန်တရားကို ဖော်ထုတ်ဖို့ကငါ့အတွက်အရေးကြီးတယ်”လို့ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။
ZAWGYI VERSION
Latest Posts
Don't Miss