UNICODE VERSION
ဖေဖော်ဝါရီ ၂၂ ရက်မှာ မီဒီယာတွေရဲ့ ဖော်ပြချက်အရ မင်းသမီး Jeon So Min ဟာ tvN ရဲ့ ‘Six Sense’ season 3 မှာ ပုံမှန်သရုပ်ဆောင်အဖြစ် ပြန်လည်ပါဝင်တော့မှာ မဟုတ်ပါဘူးလို့သိရပါတယ်။ Jeon So Min ဟာ ယခုနှစ်အစောပိုင်းတွင် ခြေထောက်ကျိုးသွားတဲ့အတွက် ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။
ပြန်လည်သက်သာလာတဲ့အချိန်မှာတော့ သူမဟာ ဘီးတပ်ကုလားထိုင်ပေါ်တွင်နေခဲ့ရတယ်လို့သိရပါတယ်။ အခုအခါမှာတော့ tvN ရဲ့ ‘Six Sense 3’ မှာ အဖွဲ့ဝင် Jeon So Min မပါဘဲ သူတို့ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ ရိုက်ကူးမှုပြုလုပ်ခဲ့တဲ့ အကြောင်းကို အတွင်းသိတွေက အတည်ပြုခဲ့ပါတယ်။
Jeon So Min မပါ၀င်နိုင်ခဲ့တဲ့အတွက် အခြားအဖွဲ့၀င်တွေက ဝမ်းနည်းခဲ့ကြပေမယ့် လက်ရှိမှာတော့ အမြဲတမ်းအဖွဲ့ဝင်အသစ် ထပ်တိုးလာမှာ မဟုတ်ပါဘူးလို့သိရပါတယ်။ tvN ရဲ့ ‘Six Sense’ season 3 ကို လာမယ့် မတ်လ 11 ရက်နေ့တွင် ပွဲဦးထွက်ပြသရန် မျှော်လင့်ရပါတယ်။
tvN ရဲ့ အခုလက်ရှိ ‘Six Sense’ ၏ Season 3 အဖွဲ့တွင်ပါ၀င်မယ့်အဖွဲ့၀င်တွေကတော့ Yoo Jae Suk၊ Oh Na Ra၊ Jessi၊ Lee Mi Joo နှင့် Lee Sang Yup တို့ ပါဝင်မည်ဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့တယ်လို့သိရပါတယ်။
ZAWGYI VERSION
Jeon So Min ဟာ ခြေဖဝါးဒဏ်ရာကြောင့် tvN ရဲ့ ‘Six Sense’ season 3 မှာမပါဝင်နိုင်တော့ဘူးလို့ သိရ