Saturday, December 3, 2022
Latest Posts
J-Hope ကိုမွေးနေ့ဆုတောင်းပေးလိုက်တဲ့ ကမ္ဘာကျော်အဆိုတော် ဘီယွန်စေး
UNICODE VERSION
ကမ္ဘာကျော်အဆိုတော် ဘီယွန်စေး က Bts အဖွဲ့၀င် J-Hope ကိုပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ 18 ရက်နေ့တွင် Bts အဖွဲ့၀င် J-Hope ဟာ သူရဲ့ 28 နှစ်မြောက်မွေးနေ့ကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။
ဘီယွန်စေး ကသူမရဲ့ တရား၀င် စာမျက်နှာတွင် အခြားမွေးနေ့ရှင် အနုပညာရှင်များနဲ့အတူ Bts ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ J-Hope ကိုလည်း ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ Dr. Dre၊ Michael Jordan၊ Ed Sheeran နှင့် Paris Hilton တို့ နဲ့အတူJ-Hope ကိုလည်း ဘီယွန်စေး ကမွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။
J-Hope က အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးတဲ့ ဘီယွန်စေး ကိုတုံ့ပြန်တဲ့အနေနဲ့ အံအားသင့်တဲ့ အီမိုဂျီတွေအများကြီးပေးထားတဲ့ အောက်ဖော်ပြပါ screenshot ကို သူ့ရဲ့ အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။
BTS အဖွဲ့ဝင် Jungkook ဟာလည်း သူ့ရဲ့ ‘Virgo Season Yearbook’ အတွက် ဘီယွန်းဆေးရဲ့ စာမျက်နှာတွင်ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။
မွေးနေ့ရှင်ဖြစ်တဲ့ J-Hope လေးကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ဖြတ်သန်းနိုင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးကလည်း J-Hope အတွက် ကွန်းမန့်မှာဆုမွန်ကောင်းတောင်းပေးလိုက်ကြပါဦးနော်။
ZAWGYI VERSION
Latest Posts
Don't Miss