Sunday, November 27, 2022

Latest Posts

Invincible ဇာတ်ကားထဲမှာ မေမြတ်နိုး ပြောလိုက်တဲ့ မြန်မာစကား

Unicode Version

ပရိသတ်ကြီးရေ အလှမယ် မေမြတ်နိုး ကတော့ ကိုယ်ပိုင်အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ မြန်မာရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သူတစ်ယောက်ဖြစ်လို့ အများက အသိအမှတ်ပြုခံထားရတဲ့ သူတစ်ယောက်ပါ။ သူမကတော့ အလှမယ်တစ်ယောက်မှာရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေအပြည့်အဝရှိနေပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အညိုရောင်အသားအရည်ကြောင့်လည်း နိုင်ငံခြားသူတစ်ယောက်လို အလှမျိုးကို ပိုင်ဆိုင်ထားသူပါ။ အပြစ်ပြောရက်စရာမရှိလောက်အောင် လှပလွန်းတဲ့ သူမရဲ့ မျက်နှာလေးကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာလည်းဖြစ်ပါတယ်….။ မေမြတ်နိုး ဟာဆိုရင် မြန်မာနိုင်ငံက professional modelတစ်ဦးဖြစ်သလို နိုင်ငံတစ်ကာမှာလည်းအနုပညာလှုပ်ရှားမှုတချို့ပြုလုပ်နေသူဖြစ်ပါတယ်။ ဟောလိဝုဒ်ဇာတ်ကားမှာ မြန်မာလူမျိုးမှန်းသိအောင် မြန်မာစကားထည့်ပြောဖို့ ခွင့်တောင်းခဲ့သူလေးကတော့ ပရိတ်သတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင် မေမြတ်နိုးပါ။

မေမြတ်နိုး ဟာဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ INVILCIBLE ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးတစ်ဦးအဖြစ်ပါဝင်ခွင့်ရခဲ့ပြီး အဲဒီဇာတ်ကားထဲမှာ သူမက အာရှမိန်းကလေးတစ်ဦးအဖြစ်ပါဝင်ခဲ့ရပြီး သူမဟာမြန်မာလူမျိုးတစ်ဦးဖြစ်ကြောင်းသိစေရန် နဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာကသိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာစကားတစ်ခွန်းကို ဇာတ်ဝင်ခန်းထဲမှာ ပြောခဲ့ပါတယ်။ သူမပြောခဲ့တဲ့ မြန်မာစကားက ဘာလဲဆိုတာပရိသတ်ကြီးသိရအောင် တင်ဆက်ပေးလိုက်ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကတော့ သူမကမင်းသားကိုစိတ်ပူတဲ့အနေနဲ့ မြန်မာလိုပီပီသသနဲ့ ” အာ့တာကိုပြောတာလေ၊ အဲ့တာကိုပြောနေတာ ၊ငါအဲ့လိုတွေဖြစ်မှာဆိုးလို့ နင့်ကိုပြောနေတာ ” လို့ နိုင်ငံတကာရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရခဲ့ရုံမက မြန်မာစကားပါ ထည့်သွင်းပြောကြားခွင့်ရခဲ့တာကြောင့် မေမြတ်နိုး အတွက် ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

ကဲ…Cele Only ပရိသတ်ကြီးရေ အလှမယ် မေမြတ်နိုး အတွက်ဂုဏ်ပြုချီးကျူးစကားလေးတွေ ကောမန့်မှာပြောခဲ့ပါအုန်းနော်။ မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပြီး ဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

မေမြတ်နိုး

ZawGyi Version





Latest Posts

Don't Miss