Saturday, December 3, 2022
Latest Posts
HyunA နဲ့ Dawn တို့ရဲ့စေ့စပ်ပွဲဟာဖျော်ဖြေရေးသက်သက်လားလို့ မေးခွန်းထုတ်ကာ ‌ထောက်ပြ ခဲ့တဲ့သတင်းထောက်
UNICODE VERSION
လွန်ခဲ့တဲ့ တစ်ပတ်ခန့်က HyunA နှင့် Dawn တို့ဟ စေ့စပ်ကြောင်းလမ်းတယ် ဆိုတဲ့ ပျော်ရွှင်ဖွယ်သတင်း နဲ့အတူ ပရိတ်သတ်တွေကို အံ့သြစေခဲ့တာပဲဖြစ်ပါတယ်။ HyunA နဲ့ Dawn တို့ က သူတို့ နှစ်ယောက်စလုံးရဲ့ လူမှုကွန်ရက်ပေ်တွင် ကြေငြာချက်ထုတ်ခဲ့ကြတာပါ။ အနုပညာရှင်နှစ်ဦးစလုံးဟာ သူတို့ရဲ့ ထူးခြားတဲ့ စေ့စပ်လက်စွပ်ဓာတ်ပုံတွေကို တင်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာနဲ့ ဝမ်းမြောက်ဝမ်းသာ မက်ဆေ့ချ်တွေကို ရရှိခဲ့ပါတယ်။
ဖျော်ဖြေရေးသတင်းထောက်/YouTuber ဖြစ်သူ Lee Jin Ho က ယခုစေ့စပ်ကြောင်းကြေငြာချက် ဟာ တရား၀င် လား ဒါမှမဟုတ် ဆိုရှယ်မီဒီယာ ဖျော်ဖြေပွဲတစ်ခုလားလို့ မေးခွန်းထုတ်ခဲ့တာပဲဖြစ်ပါတယ်. မကြာသေးမီက Lee Jin Ho ဟာ ၎င်းရဲ့ တရားဝင် YouTube ချန်နယ်တွင် HyunA and Dawn’s marriage announcement mystery…” ဆိုတဲ့ ခေါင်းစဉ် နဲ့ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။
အဆိုပါဗီဒီယိုတွင် သတင်းထောက် ကရှင်းပြခဲ့တာကတော့ Dawn က” ‘MARRY ME,’ ဆိုတဲ့ ခေါင်းစဥ်နဲ့ SNS တွင်တင်ခဲ့ပြီး HyunAကလည်း ‘Of course, it’s a yes’ SNS မှာပြန်လည်တင်ခဲ့တာကြောင့် နှစ်ယောက်လုံးလက်ထပ်ကြတော့ မှာပဲဆိုပြီးတော့ အားလုံးကနားလည်ထားတာပါ။ ဒါပေမယ့်မေးခွန်းထုတ်စရာအပိုင်းတွေရှိလို့နေပါတယ်။ အေဂျင်စီ က ပရိုပိုစ်လုပ် တာကို သတိမထားမိသလိုဖြစ်နေပြီး သဘောမတူကြောင်းပြနေသလိုဖြစ်နေတယ်” လို့ပြောပါတယ်။
Lee Jin Ho က “အေဂျင်စီနဲ့ သဘောတူညီချက်အရ အဆိုပြုချက်ကို အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် အေဂျင်စီက အနုပညာရှင်နှစ်ဦးရဲ့ အဆိုပြုချက်ကို တရားဝင်ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။ ဆိုလိုတာက သဘောမတူဘူးလို့ အဓိပ္ပာယ်သက်ရောက်နေပါတယ်။ အေဂျင်စီရဲ့ သဘောတူညီချက်ကဘာကြောင့်အရးကြီးတာလဲဆိုတော့ အေဂျင်စီတွေက မင်္ဂလာပွဲကို တာဝန်ယူမှာ ဖြစ်ပြီး ‌တစ်ဖက်သတ်ဆန်တဲ့ ကြေငြာချက်ကြောင့် အနုပညာရှင်နဲ့ ရှင်နဲ့ ကုမ္ပဏီကြား ယုံကြည်မှုကို ပျက်ပြားသွားစေနိုင်လို့ပဲဖြစ်ပါတယ်။”
“ပရိုပိုစ့် လုပ်တာက ရှိုးသက်သက်လား တရား၀င်လားဆိုတာတော့ လောလောဆယ်မှာအတည်ပြုဖို့ခက်ခဲနေတဲ့အချက်ပဲလို့”ထောက်ပြခဲ့ပါတယ်။
“HyunA နဲ့ Dawn တို့ဟာ 2018 ခုနှစ်မှာ သူတို့ရဲ့ အချစ်ရေးကို ဝန်ခံခဲ့ပြီး ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပြီးနောက် 2018 မှာ Cube Entertainment ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက် အချစ်ရေးမှာ အခြေချပြီး အချစ်တွေ ဆက်လက်ရှိနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။လို့လည်း” Lee Jin Hoကပြောကြားခဲ့ပါတယ်။
ZAWGYI VERSION
Latest Posts
Don't Miss