Tuesday, November 29, 2022
Latest Posts
Girls’ Generation အဖွဲ့၀င်ဖြစ်လာပေမယ့် မပျော်ခဲ့တဲ့ အကြောင်းကို ရင်ဖွင့်လာတဲ့ Seohyun
Unicode Version
Girls’ Generation အဖွဲ့မှ Seohyun ဟာ Girls’ Generation အဖြစ် ပွဲဦးထွက်မည်ဟု အတည်ပြုလိုက်သောအခါက သူမသည် အစပိုင်းတွင် မပျော်မရွှင်ဖြစ်ခဲ့ရကြောင်းကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်က MBC ရုပ်သံအစီအစဉ် ‘Point of Omniscient Interfere’ တွင် Seohyun က ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီရှိုးမှာ Seohyun ဟာ SM Entertainment မှာ လေ့ကျင့်ခဲ့ဖူးတဲ့ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Hwan-hee နဲ့ အတူ တွဲနေတာကို မြင်တွေ့ခဲ့ရပါတယ်။
ပျော်ရွှင်စရာ နေ့တစ်နေ့ကို အတူတူဖြတ်သန်းပြီးနောက်၊ Seohyun နှင့် Hwan-hee တို့သည် ကော်ဖီဆိုင်တွင် စကားစမြည်ပြောရန် ထိုင်ကြပါတယ်။
Seohyun က ” ကျွန်မတို့ သင်တန်းသားတွေ ဖြစ်ခဲ့တဲ့ အချိန်ကို အမှတ်ရစေပါတယ်။ နင်သိလား နင်ရောက်မလာခင်က ငါဘယ်သူ့ကိုမှစကားတစ်ခွန်းမှမပြောခဲ့ဘူး။
ငါဟာတစ်ယောက်တည်း အံ၀င်ခွင်မကျသလိုဖြစ်နေတာကြောင့် လူမှုဘ၀မှာ အဆင်မပြေမှုတွေနဲ့ ကြောက်ရွံ့မှုတွေ ခံစား‌‌ခဲ့ရပါတယ်”
” ဒါပေမယ့် နင်ရောက်လာပြီးနောက်မှာတော့ ငါပိုသက်တောင့်သက်သာဖြစ်သလိုခံစားရတယ်။ နင်ဟာငါနဲ့ သူငယ်ချင်း ဖြစ်ရမယ်လို့ ရည်မှန်းထားသလိုပဲ ခံစားရတယ်။ နင်မရှိရင် ငါဒီအချိန်တွေကိုမဖြတ်သန်းနိုင်‌လောက်ဘူး” လို့ပြောခဲ့ပါတယ်။
Hwan-hee က ” ဒါက ငါအတွက်လည်း အတူတူပါပဲ။ခက်ခဲကြမ်းတမ်းတဲ့ သင်တန်းသားဘဝတစ်လျှောက်မှာနင်ကကူညီပေးခဲ့တယ်။ နင့် ကိုငါ နှစ်သိမ့်ပေးခဲ့တာထက် နင်ငါ့ကို ပိုပြီး နှစ်သိမ့်ပေးသလိုခံစားရတယ်။ ငါစိတ်မကောင်းတဲ့အချိန်တွေဆိုရင် နင်ငါ့အတွက် စန္ဒယားတီးပြီး anime တေးသွားတွေကို နားထောင်ခိုင်းတာကို သတိရလိုက်တာ ။ နင်လည်း အဲဒီကတည်းကနေ အခုထက်ထိ မပြောင်းလဲခဲ့ပါဘူး။ ငါကိုအခုထက်ထိအရင်လိုဆက်ဆံနေတုန်းပဲလေ”
ထို့နောက် Seohyunဟာ ရုတ်တရက် မျက်ရည်ကျကာ တုန်တုန်ယင်ယင်အသံဖြင့် ” တကယ်တော့နင် အနားမှာ မရှိရတာကို အမြဲတမ်း စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပွဲဦးထွက်ပြီးနောက်မှာ အဆက်အသွယ်မရတော့ဘဲ မကြာခဏ တွေ့ဖို့က အရမ်းအလုပ်များခဲ့ပါတယ်။ ဒါပေမယ့်နင် င့ါအတွက် အချိန်တိုင်းရှိနေပေးခဲ့တယ်။ ငါ့ဘဝမှာ မင်းကိုရှိနေပေးလို့ အရမ်းကျေးဇူးတင်ပါတယ်။”လို့ပြောခဲ့ပါတယ်။
စတူဒီယိုမှာ ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့ Seohyun က “Girls’ Generation အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပွဲဦးထွက်မယ်လို့ အတည်ပြုပြီး ရက်အနည်းငယ်ကြမှာ Hwan-hee ကို မဆက်သွယ် နိုင်ခဲ့ပါဘူး။ ကျွန်မသူ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရတာကြောင့် မဆက်သွယ်ခဲ့ပေမယ့် သူမကတော့ဆက်သွယ်ခဲ့တယ်”
Seohyun က “Girls’ Generation အဖွဲ့ဝင်တွေရဲ့ ကြေငြာချက်ကြောင့် ကျွန်မ လုံးဝ မပျော်ခဲ့ရပါဘူး။ စိတ်မကောင်းဖြစ်ပြီး ငိုတာတောင် မရပ်နိုင်ခဲ့ပါဘူး။ Hwan-hee ကကျွန်မကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ အံ့သြစရာကောင်းတဲ့ သူငယ်ချင်းပါ။ သူကကျွန်မဘ၀ကို ပြီးပြည့်စုံစေပါတယ်”လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
Zawgyi Version
Latest Posts
Don't Miss