Saturday, December 3, 2022

Latest Posts

Free Zia ရဲ့ ဖခင်ဟာ ‌”room salons” ပိုင်ရှင် ဆိုတဲ့ သတင်းများကိုတုံ့ပြန်လိုက်တဲ့ သူမရဲ့ အေဂျင်စီ

UNICODE VERSION

“YouTuber နဲ့ ပတ်သက်ပြီး ပေါက်ကြားလာတဲ့ ကောလဟာလတွေ အမျိုးမျိုးနဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ ပြောစရာ မရှိသေးပါဘူး” လို့ Influencer Song Ji Ah ရဲ့ အေဂျင်စီကပြောပါတယ်။

26 ရက်နေ့ နေ့လည်တွင် ဘူဆန် မှာ သူမရဲ့ ဖခင်ဖြစ်သူဟာ Adult ဖျော်ဖြေရေး နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ဆောင်နေတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေနဲ့ ပတ်သတ် ပြီးတော့လည်း‌ ပြောစရာမရှိပါဘူး ဟု OSEN သို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Song Ji Ah သည် ဇိမ်ခံပစ္စည်းအတုများ ၀တ်ဆင်ခြင်းဆိုင်ရာ အငြင်းပွားမှုအပြီးတွင် သူမရဲ့ ဗီဒီယို တွင် သူမ ရဲ့ ဖခင် ဟာ သွားဆရာ၀န် တစ်ယောက်ပါလို့ ပြောတာနဲ့ ပတ်သက်ပြီး အင်တာနက် အသုံးပြုသူတစ်ဦး က မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ အမှန်တကယ်တော့ Song Ji Ah ရဲ့ ဖခင်ဟာ အရွယ်ရောက်ပြီးသူများ အတွက် ဖျော်ဖြေရတဲ့ ‌”room salons” လို့ခေါ်တဲ့လုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်ကြောင်း အင်းတာနက် သုံးစွဲသူ ကအခိုင်အမာပြောဆိုခဲ့တာပါ။

ဇန်န၀ါရီ ၂၅ ရက်နေ့ တွင် Free Zia ဟာတောင်းပန်သည့် ဗီဒီယို ကို တင်ပြီးနောက် YouTube ချယ်နယ်မှ ဗီဒီယို အားလုံးကိုဖယ်ရှားခဲ့ပါတယ်။

ZAWGYI VERSION


စီ “YouTuber နဲ့ ပတ်သက်ပြီး ပေါက်ကြားလာတဲ့ ကောလဟာလတွေ အမျိုးမျိုးနဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ ပြောစရာ မရှိသေးပါဘူး” လို့ Influencer Song Ji Ah ရဲ့ အေဂျင်စီကပြောပါတယ်။




Latest Posts

Don't Miss