Thursday, December 8, 2022

Latest Posts

DJ တီးတာအားမရလို့ သီချင်းဆိုအုန်းမယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပြန်တဲ့ လမင်းကဗျာ

Unicode Version

ပရိသတ်ကြီးရေ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တုန်းက ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် လမင်းကဗျာ ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမှာပါပဲနော်။

လမင်းကဗျာ ဟာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ရုံတင်မကပဲ ဂီတလောကထဲကို ဝင်ရောက်ဖို့လဲ ကြိုးစားခဲ့ပါသေးတယ်။

သူမရဲ့သီချင်းတွေကို နယ်ပရိသတ်တွေကို အဓိကနားထောင်စေချင်တဲ့အတွက် သီချင်းခွေတစ်ခွေကို ထုတ်ခဲ့ပါသေးတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လမင်းကဗျာ ဟာ အနုပညာနဲ့ပတ်သက်ပြီး လှုပ်ရှားမှု့တွေ နည်းပါးသွားခဲ့ပါတယ်။

ဒါကြောင့်လဲ ရုပ်ရှင်မရိုက်ကူးဖြစ်တော့ပေမယ့် စီးပွားရေးအနေနဲ့ ဘီယာဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားတာပါ။

အခုတစ်ခါမှာတော့ လမင်းကဗျာ ဟာ လက်ရှိမှာ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်လိုက်ပြီးတော့ DJ လောကထဲကို ဝင်ရောက်သွားခဲ့ပြန်ပါပြီ။

လမင်းကဗျာ ကတော့ DJ တီးရတာအားမရလို့ သီချင်းတွေပြန်ဆိုအုန်းမယ်ဆိုပြီး ပရိသတ်တွေကို အသိပေးလိုက်ပြန်ပါတယ်။

“သီချင်းလေးတွေ ပြန်ဆိုအုံးမယ် DJတီးတာ အားမရလို့ ဆိုမယ်တီးမယ်ကွာ” လို့ လမင်းကဗျာ ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ လမင်းကဗျာ ရဲ့ သီချင်းတွေကိုအားပေးကြအုန်းမှာလား၊ ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။

ZawGyi Version











Latest Posts

Don't Miss