Tuesday, November 29, 2022
Latest Posts
Coldplay Imagine Dragons တို့အလုပ်လုပ်ကိုင်ကြတဲ့ Wasserman နဲ့လက်မှတ်ရေးထိုးလိုက်တဲ့ B.I
UNICODE VERSION
B.I သည် US တွင် ၎င်း၏ အရောင်းမြှင့်တင်မှုများကို ချဲ့ထွင်ရန်အတွက် Wasserman အေဂျင်စီနဲ့လက်တွဲခဲ့ပါတယ်။ ဖေဖော်ဝါရီလ 17 ရက်နေ့တွင် ရဲ့ IOK Company မှ”B.I သည်မကြာသေးမီကအမေရိကန်အေဂျင်စီ Wasserman နှင့်သီးသန့်စာချုပ်တစ်ခုချုပ်ဆိုပြီးစီးခဲ့သည်” ဟုဖော်ပြခဲ့ပါတယ်။
ထိပ်တန်းအေဂျင်စီ တစ်ခုဖြစ်တဲ့ Wasserman ဟာဆိုရင် Coldplay၊ Imagine Dragons၊ Skrillex၊ Billie Eilish စတဲ့နာမည်ကြီး အနုပညာရှင်တွေနဲ့ အလုပ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ B.I ဟာ Billie Eilish ကို စီမံခန့်ခွဲတဲ့ မန်နေဂျာ Tom Windishနဲ့လက်တွဲမှာဖြစ်ပါတယ်။
B.I ဟာသူရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများအတွက် ယမန်နှစ်တွင် US Agency Transparent Arts နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ပါတယ်။ ပရိတ်သတ်များကတော့ Wassermanနဲ့အတူ 2022 ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ B.I ၏တက်ကြွသောပရိုမိုးရှင်းများကို ‌စောင့်မျှော်ရတော့မှာပဲဖြစ်ပါတယ်။
ZAWGYI VERSION
Coldplay Imagine Dragons တို့အလုပ်လုပ်ကိုင်ကြတဲ့ Wasserman အေဂျင်စီ နဲ့လက်မှတ်ရေးထိုးလိုက်တဲ့ ကိုရီးယားအဆိုတော် B.I
Latest Posts
Don't Miss