Monday, November 28, 2022

Latest Posts

Cha Eun Wooရဲ့ ‘W Korea” မဂ္ဂဇင်းရဲ့ ဖက်ရှင်စတိုင် ကို Netizens များ ‌ဝေဖန်တုံ့ပြန်

UNICODE VERSION

W Korea’ မဂ္ဂဇင်းအတွက် နောက်ဆုံးပေါ် အမျိုးသားမျက်နှာဖုံးမော်ဒယ်အဖြစ်ASTRO အဖွဲ့ဝင်/သရုပ်ဆောင် Cha Eun Woo အွန်လိုင်းတွင် လူကြိုက်များနေပါတယ်။ မတ်လထုတ် ‘W Korea’ မဂ္ဂဇင်းဟာ Male Version နဲ့ Woman Version ဆိုပြီးနှစ်မျိုးထုတ်‌ဝေတာပဲဖြစ်ပါတယ်။

Male Version အတွက် Cha Eun Woo ကို ကာဗာကြယ်ပွင့်အဖြစ် ရွေးချယ်ခံခဲ့ရပြီး Woman Version အတွက် သရုပ်ဆောင်မင်းသမီး Bae Doo Na ကရွေးချယ်ခံရတာပဲဖြစ်ပါတယ်။ Cha Eun Woo ဟာ ဇိမ်ခံဖက်ရှင်အမှတ်တံဆိပ် ‘Burberry’ ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်တစ်ဦးလည်းဖြစ်ပါတယ်။

‘Burberry’ ရဲ့ နွေဦးရာသီဖက်ရှင်အတွက် ရိုက်ကူးရာတွင် နှာခေါင်း နှင့်နှုတ်ခမ်းတို့တွင် ‌‌ဖောက်ထားပြီး တပ်ဆင်ထားတဲ့ ထူးခြားသောပုံစံနှင့် မိမိုက်နေသော Cha Eun Wooကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်တာကတော့ Burberry’s 2022 နွေဦး/နွေရာသီ စုစည်းမှု ရှိုးမှာ ပြသခဲ့တဲ့ ၀တ်စုံကို Cha Eun Woo ၀တ်လိုက်တဲ့အခါမှာတော့ ပုံနှစ်ပုံကိုယှဥ်လိုက်တဲ့အခါမှာ ကွဲပြားမှုကို သတိထားမိကြတာပဲဖြစ်ပါတယ်။

အင်တာနက်အသုံးပြုသူအချို့က”မင်းဘာပဲလုပ်လုပ် Cha Eun Woo ရဲ့မျက်နှာက အမြဲတမ်းအနိုင်ရမှာပါ” “ပထမဆုံးအနေနဲ့ ထူးထူးခြားခြား အပေါက်ဖောက် ထားပေမယ့် Cha Eun Woo ဘယ်လောက်ချောမောလဲဆိုတာ မင်းသတိထားမိမှာပါ။ “ဘယ်သူမှ မစမ်းဝံ့ပါဘူး။ Cha Eun Woo ရဲ့မျက်နှာမရှိရင်၊ “အဲဒီအပေါက်ဖောက်ပြီး အဲဒီဝတ်စုံတွေနဲ့ကြည့်ကောင်းနေမှာမဟုတ်ဘူး” “ဒီ၀တ်စုံနဲ့ ဒီလိုအပေါက်ဖောက်ထားတာ‌တောင်သူက ကြည့်လို့ကောင်းနေတုန်းပဲ” စတဲ့မှတ်ချက်ကောင်းတွေပေးခဲ့ကြပါတယ်။

အခြားမှတ်ချတ်တွေကတော့ ” ဖက်ရှင်ကအရမ်းထူးဆန်းနေတယ်။ကျေဇူးပြုပြီး Cha Eun Woo ရဲ့ ခန္ဓာကိုယ်ကနေဖယ်ထုတ်ပေးပါ။ ” “နှာခေါင်းဖောက်ထားတာကိုနှမြောလိုက်တာအဲ့ဒါတွေကို ဖယ်ထုတ်ပေးပါ” ” Cha Eun Woo ရုပ်ရည်ကချောတော့ လုပ်ချင်သလိုတွေလုပ်ပေးနေကြတယ်။ရယ်စရာကောင်းတဲ့၀တ်စုံကဘာကြီးလဲ” ဆိုပြီးစတဲ့မှတ်ချက်တွေလည်းပေးခဲ့ကြပါသေးတယ်။ ပရိတ်သတ်ကြီး ကလည်း Cha Eun Woo ရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီးအထင်အမြင်လေးတွေကို ကွန်းမန့်မှာ‌ဝေမျှပေးခဲ့ကြပါဦးနော်။

ZAWGYI VERSION

Cha Eun Wooရဲ႕ ‘W Korea” မဂၢဇင္းရဲ႕ ဖက္ရွင္စတိုင္ ကို Netizens မ်ား ‌ေဝဖန္တုံ႔ျပန္

W Korea’ မဂၢဇင္းအတြက္ ေနာက္ဆုံးေပၚ အမ်ိဳးသားမ်က္ႏွာဖုံးေမာ္ဒယ္အျဖစ္ASTRO အဖြဲ႕ဝင္/သ႐ုပ္ေဆာင္ Cha Eun Woo အြန္လိုင္းတြင္ လူႀကိဳက္မ်ားေနပါတယ္။ မတ္လထုတ္ ‘W Korea’ မဂၢဇင္းဟာ Male Version နဲ႔ Woman Version ဆိုၿပီးႏွစ္မ်ိဳးထုတ္‌ေဝတာပဲျဖစ္ပါတယ္။

Male Version အတြက္ Cha Eun Woo ကို ကာဗာၾကယ္ပြင့္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး Woman Version အတြက္ သ႐ုပ္ေဆာင္မင္းသမီး Bae Doo Na ကေ႐ြးခ်ယ္ခံရတာပဲျဖစ္ပါတယ္။ Cha Eun Woo ဟာ ဇိမ္ခံဖက္ရွင္အမွတ္တံဆိပ္ ‘Burberry’ ရဲ႕ ကမာၻလုံးဆိုင္ရာ သံတမန္တစ္ဦးလည္းျဖစ္ပါတယ္။

‘Burberry’ ရဲ႕ ေႏြဦးရာသီဖက္ရွင္အတြက္ ႐ိုက္ကူးရာတြင္ ႏွာေခါင္း ႏွင့္ႏႈတ္ခမ္းတို႔တြင္ ‌‌ေဖာက္ထားၿပီး တပ္ဆင္ထားတဲ့ ထူးျခားေသာပုံစံႏွင့္ မိမိုက္ေနေသာ Cha Eun Wooကိုေတြ႕ရွိရမွာပဲျဖစ္ပါတယ္။ အင္တာနက္သုံးစြဲသူေတြရဲ႕ အာ႐ုံစိုက္မႈကို ဖမ္းစားႏိုင္တာကေတာ့ Burberry’s 2022 ေႏြဦး/ေႏြရာသီ စုစည္းမႈ ရႈိးမွာ ျပသခဲ့တဲ့ ၀တ္စုံကို Cha Eun Woo ၀တ္လိုက္တဲ့အခါမွာေတာ့ ပုံႏွစ္ပုံကိုယွဥ္လိုက္တဲ့အခါမွာ ကြဲျပားမႈကို သတိထားမိၾကတာပဲျဖစ္ပါတယ္။

အင္တာနက္အသုံးျပဳသူအခ်ိဳ႕က”မင္းဘာပဲလုပ္လုပ္ Cha Eun Woo ရဲ႕မ်က္ႏွာက အၿမဲတမ္းအႏိုင္ရမွာပါ” “ပထမဆုံးအေနနဲ႔ ထူးထူးျခားျခား အေပါက္ေဖာက္ ထားေပမယ့္ Cha Eun Woo ဘယ္ေလာက္ေခ်ာေမာလဲဆိုတာ မင္းသတိထားမိမွာပါ။ “ဘယ္သူမွ မစမ္းဝံ့ပါဘူး။ Cha Eun Woo ရဲ႕မ်က္ႏွာမရွိရင္၊ “အဲဒီအေပါက္ေဖာက္ၿပီး အဲဒီဝတ္စုံေတြနဲ႔ၾကည့္ေကာင္းေနမွာမဟုတ္ဘူး” “ဒီ၀တ္စုံနဲ႔ ဒီလိုအေပါက္ေဖာက္ထားတာ‌ေတာင္သူက ၾကည့္လို႔ေကာင္းေနတုန္းပဲ” စတဲ့မွတ္ခ်က္ေကာင္းေတြေပးခဲ့ၾကပါတယ္။

အျခားမွတ္ခ်တ္ေတြကေတာ့ ” ဖက္ရွင္ကအရမ္းထူးဆန္းေနတယ္။ေက်ဇူးျပဳၿပီး Cha Eun Woo ရဲ႕ ခႏၶာကိုယ္ကေနဖယ္ထုတ္ေပးပါ။ ” “ႏွာေခါင္းေဖာက္ထားတာကိုႏွေျမာလိုက္တာအဲ့ဒါေတြကို ဖယ္ထုတ္ေပးပါ” ” Cha Eun Woo ႐ုပ္ရည္ကေခ်ာေတာ့ လုပ္ခ်င္သလိုေတြလုပ္ေပးေနၾကတယ္။ရယ္စရာေကာင္းတဲ့၀တ္စုံကဘာႀကီးလဲ” ဆိုၿပီးစတဲ့မွတ္ခ်က္ေတြလည္းေပးခဲ့ၾကပါေသးတယ္။ ပရိတ္သတ္ႀကီး ကလည္း Cha Eun Woo ရဲ႕ ဖက္ရွင္နဲ႔ပတ္သက္ၿပီးအထင္အျမင္ေလးေတြကို ကြန္းမန႔္မွာ‌ေဝမွ်ေပးခဲ့ၾကပါဦးေနာ္။

Latest Posts

Don't Miss