Monday, November 28, 2022

Latest Posts

CDM ဆရာဆရာမတွေကို ဖျော်ဖြေတဲ့ပွဲမှာ မထင်မှတ်ထားတဲ့သူနဲ့ ဆုံခဲ့ရတဲ့ လူရွှင်တော် ပိုးလေး

Unicode Version

ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ ထဲကလူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။

လူရွှင်တော် ပိုးလေး ဟာ လွတ်မြောက်နယ်မြေမှာ CDM ဆရာ၊ဆရာမတွေကို ဖျော်ဖြေရင်းနဲ့ မထင်မှတ်ထားတဲ့ သူနဲ့ဆုံတွေ့ခဲ့ရတယ်လို့ ပျော်ရွှင်စွာ ရေးသားထားတာကို တွေ့ရပါတယ်။ ပိုးလေး ပြန်လည်ဆုံတွေ့ခဲ့သူဟာ သူ့ရဲ့ငယ်ရည်းစားပါတဲ့နော်။ ဒီအကြောင်းကို “ဒီနေ့ CDMဆရာ ဆရာမတွေကို ဖျော်ဖြေရင်းနဲ့ ငယ်ငယ်ကချစ်ခဲ့တဲ့ ရည်းစားနဲ့ပြန်ဆုံရတယ် သူလည်း CDM ပဲ”လို့ ပိုးလေး ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ တွေ့ဆုံချင်နေတဲ့ သူတွေကို မမျှော်လင့်ပဲ တွေ့ဆုံလိုက်ရတာဟာ အရမ်းကိုပျော်စရာကောင်းပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss