Tuesday, December 6, 2022

Latest Posts

Aron၊ JR နဲ့ Ren တို့ဟာထွက်ခွာပြီး NU’EST အဖွဲ့ဟာလာမယ့်လတွင် ဖျက်သိမ်းတော့မည်လို့သိရ

UNICODE VERSION

NU’EST အဖွဲ့ဟာ ၁၀ နှစ်ကြာပြီးနောက် ဖျက်သိမ်းတော့မယ်လို့သိရပါတယ်။ ဖေဖော်၀ါရီ ၂၈ရက်နေ့က KST ၊ Pledis Entertainment သည်HYBE ၏ Weverse အက်ပလီကေးရှင်းမှတစ်ဆင့် အောက်ပါကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

“မင်္ဂလာပါ၊ ဒါက Pledis Entertainment ပါ။ လွန်ခဲ့ဆယ်နှစ်အတွင်း NU’EST အတွက် အကန့်အသတ်မရှိ မယိမ်းမယိုင် ထောက်ခံအားပေးခဲ့ကြသော ပရိသတ်များအားလုံးကို ကျွန်ုပ်တို့၏ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်။NU’EST နှင့် သီးသန့် အနုပညာရှင် စာချုပ်သည် မတ်လ 14 ရက်နေ့တွင် နိဂုံးချုပ်သွားပါမည်။ ကျွန်ုပ်တို့၏ ကုမ္ပဏီနှင့် NU’EST အဖွဲ့ဝင်များသည် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ အနာဂတ်နှင့် ပတ်သက်၍ ဂရုတစိုက် ထည့်သွင်းစဉ်းစားပြီး လူတိုင်းအတွက် အကောင်းဆုံး လမ်းကြောင်းကို အကောင်းဆုံးစဥ်းစားပေးသွားမှာပဲဖြစ်ပါတယ်။

JR၊ Aron နှင့် Ren တို့သည် ကျွန်ုပ်တို့၏ကုမ္ပဏီမှထွက်ခွာပြီးနောက် အသစ်စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ Baekho နဲ့ Minhyun တို့ဟာ စာချုပ်သက်တမ်းတိုးတော့မှာ ဖြစ်ပါတယ်။ ဂရုတစိုက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးမှုတွေရဲ့ ရလဒ်ဖြစ်လို့ အဖွဲ့ဝင်တိုင်းရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပြီး ထောက်ခံပါတယ်။

ZAWGYI VERSION





Latest Posts

Don't Miss