Saturday, December 3, 2022
Latest Posts
2022 ခုနှစ် ရဲ့ အချမ်းသာဆုံး K-pop အမျိုးသမီး 7 ယောက်
UNICODE VERSION
K-pop နယ်ပယ်မှာ နှစ်ပေါင်းများစွာ အလုပ်ကြိုးစားပြီးတဲ့ နောက်မှာတော့ အမျိုးသမီး idol တွေဟာ ငွေတွေ အများကြီးရခဲ့ပါတယ်။ မကြာသေးမီက Daily Nitiကနေ 2022 ခုနှစ်ရဲ့ အချမ်းသာဆုံး အမျိုးသမီး ဆယ်ဦးစာရင်းကို ထုတ်ဖော်ပြသခဲ့တာပဲဖြစ်ပါတယ်။ 2022 ခုနှစ်ရဲ့ တန်ဖိုးအမြင့်ဆုံး အမျိုးသမီး idol 10 ယောက်ကိုဖော်ပြပေးလိုက်ရပါတယ်။
(၁) IU
iu
နံပါတ် ၁ ကတော့ ကိုရီးယားရဲ့ အအောင်မြင်ဆုံး အမျိုးသမီး တစ်ကိုယ်တော် အဆိုတော် IU ဖြစ်ပါတယ်။ သူမရဲ့ ၀င်ငွေအများစုကတော့ အဆိုတော် နဲ့ သီးချင်းရေးဆရာအဖြစ် လှုပ်ရှားမှုများကနေရရှိတာပဲဖြစ်ပါတယ်။ IU ဟာ ကြော်ငြာတွေမှာလည်း လိုက်လျောညီထွေရှိတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ Samsung၊ Sony Korea၊ Sk Telecomစတဲ့ အီလက်ထရွန်နစ် အမှတ်တံဆိပ်ကြီးများအတွက် မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။ IU ၏ လက်ရှိအသားတင်ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
(၂) Dara
dara
2NE1 အဖွဲ့၀င် မှာပါ၀င်တဲ့ အဆိုတော် Dara ကတော့ 2NE1 ၏ ပရိုမိုးရှင်းများမှ ငွေအမြောက်အမြားရရှိကာ ရေပန်းအစားဆုံး အမျိုးသမီး Idol တစ်ဦးလည်းဖြစ်ပါတယ်။ 2NE1 အဖွဲ့ ဖျက်သိမ်းပြီးနောက်မှာလည်း မတူညီတဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုများ လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အဆိုတော် Dara ဟာ တီဗီရှိုးတွေမှာလည်း ပါဝင်လေ့ရှိပြီး ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃၅ သန်းပဲဖြစ်ပါတယ်။
(၃) Suzy
suzy
အဆိုတော် မင်းသမီးချော Suzyကတော့ Dior၊ Guess Denims၊ Reebok၊ Swarovski၊ Kerasys၊ The Face Store၊ Lancome စတဲ့ နာမည်ကြီး အမှတ်တံဆိပ်များစွာနဲ့အလုပ်လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။သူမရဲ့ ဖြူစင်တဲ့ အလှတရားနဲ့ ချောမောလှပတဲ့ အသွင်အပြင်တွေကြောင့်ကြော်ငြာတွေမှာ အထူးသဖြင့် ဖက်ရှင်နဲ့ အလှအပနယ်ပယ်တွေမှာ ခြေကုပ်ယူနိုင်တဲ့ အမျိုးသမီး Idolပဲဖြစ်ပါတယ်။ Suzy ဟာ အောင်မြင်ကျော်ကြားသော CF စတားနှင့် အဆိုတော်တစ်ဦးဖြစ်ရုံသာမက Dream High၊ When You Were Sleeping၊ Uncontrollably Fond၊ Vagabond နှင့် Start-Up စတဲ့နာမည်ကြီး ဒရာမာများစွာတွင်လည်းပါ၀င်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၃၀ မှ ၃၅ သန်းအထိ ရှိမည်ဟု ခန့်မှန်းရပါတယ်။
(၄) Lee Hyori
lee hoyri
FIN.K.L မှာ ပွဲဦးထွက်ကတည်းက Lee Hyori ဟာ K-pop နယ်ပယ်မှာ စံပြ အမျိုးသမီး IDOL တစ်ယောက်ပဲဖြစ်ပါတယ်။ တစ်ကိုယ်တော်ခွေထွက်ပြီးနောက် သူမရဲ့နာမည်ကျော်ကြားမှုက ပိုလို့တောင် မြင့်တက်လာခဲ့ပါတယ်။ သူမဟာ ကိုရီးယားမှာ လစာအများဆုံး တစ်ကိုယ်တော် အဆိုတော်များထဲမှ တစ်ဦးပဲဖြစ်ပါတယ်။ ဂီတလှုပ်ရှားမှုများအပြင် Hyori နှင့် သူမ၏ခင်ပွန်း ဂီတပညာရှင် Lee Sang Soon တို့ဟာ “Hyori’s Bed And Breakfast”ရှိုးမှာလည်း “Hyori’s Bed And Breakfast” ရှိုးမှတစ်ဆင့် အာရုံစိုက်မှုများစွာရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်း 30 ခန့်ရှိပါတယ်။
(၅) Yoona (SNSD)
yoona
Kpop ရဲ့ ချောမောလှပတဲ့ နတ်ဘုရားမလေး Yoona ဟာလည်း အချမ်းသားဆုံး အမျိုးသမီး စားရင်းနယ်ပယ်တွင် ပါ၀င်ပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၂၅ သန်းမှ ၃၀ သန်းအထိ ရှိမည်ဟု ခန့်မှန်းရရှိပါတယ်။ Idol အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုကနေ ဝင်ငွေတွေရတဲ့အပြင် Yoona ကတော့ ချစ်စရာကောင်းတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ Miu Miu၊ Innisfree နဲ့ Estée Lauderစတဲ့ နာမည်ကြီးအမှတ်တံဆိပ်များနဲ့လည်းလုပ်ကိုင်လျှက်ရှိပါတယ်။
(၆) Lisa (BLACKPINK)
lisa
BLACKPINK ၏ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Lisa ဟာလည်း အချမ်းသာဆုံးစာရင်းတွင်ပါ၀င်လာတဲ့ လူငယ် idol များထဲမှ တစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ 20-25 သန်း ပိုင်ဆိုင်နိုင်တယ်လို့သိရပါတယ်။ BLACKPINK အဖွဲ့၀င်အနေနဲ့လည်း ၀င်ငွေတွေရရှိသလို တကိုယ်တော် အယ်လ်ဘမ် အောင်မြင်မှုကလည်း Lisa အတွက် ကျော်ကြားမှုနဲ့ ငွေကြေးအမြောက်အမြားကိုယူဆောင်လာစေခဲ့ပါတယ်။ ထို့အပြင် ဇိမ်ခံဖက်ရှင်အမှတ်တံဆိပ် Celine ရဲ့ Global Ambassadorအဖြစ်လုပ်ကိုင်လျှက်ရှိပါတယ်။
(၇) Taeyeon (SNSD)
taeyeon
Taeyeon ကတော့ ထူးချွန်သောအသံဖြင့်K-pop လောကတွင် ထိပ်တန်းတစ်ကိုယ်တော်အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောင်းပြီး အံ့သြစရာကောင်းတဲ့ ဖျော်ဖြေမှုတွေက ဝင်ငွေမြင့်မားစေခဲ့ပါတယ်။ SNSD ခေါင်းဆောင် ဖြစ်တဲ့ Taeyeon ရဲ့ ၀င်ငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် ရှိပါတယ်။ ဤငွေပမာဏဖြင့်Taeyeon ကတော့ တန်ဖိုးကြီးကားများနဲ့ တန်ဖိုးကြီးအိမ်ခြံမြေများကို ဝယ်ယူခဲ့ပါတယ်။
အထက်ဖော်ပြပါ အမျိုးသမီး idol တွေကတော့ ချမ်းသာကြွယ်၀ရုံသာမက ဆွဲဆောင်မှု မခံနိုင်အောင် ဆွဲဆောင်မှုရှိ တဲ့ အလှတရားတွေနဲ့ပြည့်စုံနေတဲ့အမျိုးသမီးတွေပဲဖြစ်ပါတယ်။
ZAWGYI VERSION
(၁) IU
(၂) Dara
(၃) Suzy
(၄) Lee Hyori
(၅) Yoona
(၆) Lisa (BLACKPINK)
(၇) Taeyeon (SNSD)
အထက်ဖော်ပြပါ အမျိုးသမီး idol တွေကတော့ ချမ်းသာကြွယ်၀ရုံသာမက ဆွဲဆောင်မှု မခံနိုင်အောင် ဆွဲဆောင်မှုရှိ တဲ့ အလှတရားတွေနဲ့ပြည့်စုံနေတဲ့အမျိုးသမီးတွေပဲဖြစ်ပါတယ်။
Latest Posts
Don't Miss