Unicode Version
ကိုဗစ်ရောဂါကြောင့် မီဒီယာ လုပ်ငန်းတွေအထွက် ဆိုးရွားထိခိုက်စေခဲ့ပေမယ့်လည်း ကံကောင်းထောက်မစွာ အခုဖော်ပြမယ့် မင်းသမီးတွေကတော့ ၀င်ငွေမြင့်နေဆဲပဲဖြစ်ပါတယ်။ ရုပ်ရှင်ရုံ တွေပိတ်ထားပေမယ့်လည်း အွန်လိုင်း မှ ကြည့်ရှုလို့ရတဲ့ Streaming platform တွေကြောင့် စီရီး အသစ်တွေ ရုပ်ရှင်အသစ် တွေပြသဖို့အတွက်အဆင်ပြေနေတာပဲဖြစ်ပါတယ်။
အခုဖော်ပြပေးမှာကတော့ ၂၀၂၂ ခုနှစ် အတွက်၀င်ငွေအကောင်းဆုံး မင်းသမီး တွေပဲဖြစ်ပါတယ်။
၁ Scarlett Johansson


၀င်ငွေ အများဆုံး မင်းသမီးများ စာရင်းမှာတော့ ပထမအနေနဲ့ အသက် ၃၆ နှစ်ရှိတဲ့ Scarlett Johansson ပဲဖြစ်ပါတယ်။ သူမကို ၀င်ငွေများစေတဲ့အကြောင်းကတော့ သူမကိုယ်တိုင် သရုပ်ဆောင်ရတာကိုနှစ်သက်ပြီး သူမ ပါ၀င်တဲ့ ရုပ်ရှင်တွေဟာလူကြိုက်များ ပြီးနှစ်တိုင်းလိုလို ပေါက်နေတာပဲဖြစ်ပါတယ်။ သူမဟာ AIDS ဝေဒနာ ရှင်တွေနဲ့ အခြားအသင်းအဖွဲ့ အမျိုးမျိုး တွင် ပရဟိတ လုပ်ကာကူည်ီပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမ ရဲ့ ခန့်မှန်းခြေ ၀င်ငွေကတော့ဒေါ်လာ ၅၆ သန်းပဲဖြစ်ပါတယ်။
၂ Sofia Vergara


ဆိုဖီယာ ကတော့ ကိုလံဘီယာ အမေရိကန် ကပြားမင်းသမီးတစ်ဦးပါ။ Sofia Vergara ကတော့ ဒုတိယ ၀င်ငွေအများဆုံးရတဲ့မင်းသမီးပဲဖြစ်ပါတယ်။ Sofia ဟာ American’s Got Talent တွင် ဒိုင်လူကြီးအဖြစ်လည်းဆောင်ရွက်ပြီး ဟောလိဝုဒ် တွင်အောင်မြင်သော ထုတ်လုပ်သူတစ်ယောက်လည်းဖြစ် ပါတယ်။ သူမ ကတော့ ရိုက်ကူးမှု တွေ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေကနေ ငွေရှာတာပဲဖြစ်ပါတယ်။ သူမရဲ့ ခန့်မှန်း ၀င်ငွေကတော့ ၄၃ သန်းဒေါ်လာဖြစ်ပါတယ်။
၃ Reese Witherspoon


Reese Witherspoon မင်းသမီး ဟာ ဆိုရင်တော့ ရွှေကမ္ဘာလုံးဆုရင် ပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တင်မကဘဲ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ၉၀ ရာစု ခေတ် မှာတော့ အချစ်အခံရဆုံး နဲ့ အကျော် ကြားဆုံး မင်းသမီးတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ ခန့်မှန်း ၀င်ငွေကတော့ ဒေါ်လာ ၃၅ သန်းပဲဖြစ်ပါတယ်။
၄ Angelina Jolie


ဂျိုလီ ဆိုတာနဲ့ မသိသူမရှိလောက်အောင် ကမ္ဘာတစ်၀ှမ်းတွင် ကျော်ကြားပြီး အချစ်အခံရ ဆုံးမင်းသမီးတစ်ယောက်ပါဘဲ။ သူမရဲ့ အနုပညာ အလုပ်တွေကြောင့် ၀င်ငွေကောင်းတဲ့ မင်းသမီးတစ်ဦး ပါ။ သူမရဲ့ ခန်းမှန်းဝင်ငွေကလည်း ဒေါ်လာ ၃၅.၅ သန်း ရှိလို့နေပါတယ်။
၅ Gal Gadot


Gal Gadot မင်းသမီး ကတော့ Miss Israel အဖြစ် အသက် ၁၈ နှစ်အရွယ်မှာသရဖူဆောင်းခဲ့တာပဲဖြစ်ပါတယ်။ သူမကို စသိစေတာ ကတော့ Wonder Woman 2017 နဲ့ ပရိတ်သတ်အများ ရဲ့ ချစ်ခင်မှုကိုရရှိခဲ့ပြီး အောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ခန့် မှန်း ၀င်ငွေကလည်း ဒေါ်လာ ၃၁.၅ သန်းရှိပါတယ်။
ပရိတ်သတ်ကြီးရေဒီထဲမှာ ကိုယ်အားပေးတဲ့ မင်းသမီးရောပါကြလား။ သူတို့ ပါ၀င်တဲ့ဇာတ်ကားတွေကတော့ မကောင်းတာမရှိသလောက်ပါဘဲ။ သူတို့ ကြိုးစားမှုတွေကြောင့် သူတို့ ရဲ့ ၀င်ငွေတွေမြင့်စေတာဖြစ်တဲ့အတွက်ကြောင့် ပရိတ်သတ်ကြီးလည်း၀င်ငွေကောင်းဖို့အတွက်ကြိုးစားကြပါတိုက်တွန်းလိုက်ရပါတယ်။
Zawgyi Version
2022 ခုနှစ် တွင် သရုပ်ဆောင်ကြေး အမြင့်ဆုံး ပေးရတဲ့ ဟောလီးဝုဒ် မင်းသမီး ၅ဦး
၁ Scarlett Johansson
၂ Sofia Vergara
၃ Reese Witherspoon
၎ Angelina Jolie
၅ Gal Gadot