Sunday, November 27, 2022

Latest Posts

13 နှစ်ကြာလက်တွဲ ခဲ့တဲ့ မိန်းကလေးနဲ့ စေ့စပ်လိုက်တဲ့ လူပျိုကြီး ဆိုင်မွန်ကို၀ဲလ်

UNICODE VERSION

လူပျိုကြီး ဆိုင်မွန်ကို၀ဲလ် ရဲ့ မင်္ဂလာ သတင်းကတော့မကြာခင်လာမည်ဆိုသလိုပဲ သတင်းကောင်းကြားရတော့မှာပဲဖြစ်ပါတယ်။ Americ‌a’s Got Talent ရဲ့ ဒိုင်လူကြီး တစ်ယောက်ဖြစ်တဲ့ ဆိုင်မွန်ကို၀ဲလ် ကတော့ နှစ်သစ်မှာ အချစ်ခရီးလမ်းကိုလျှောက်တော့ မှာပဲဖြစ်ပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ လူပျိုကြီးက Barbados ခရစ်စမတ်အကြို နေ့တွင် 13 နှစ်ကြာတွဲခဲ့တဲ့ Lauren Silverman ကို ချစ်ခွင့်ပန်ခဲ့ကြောင်းသိရှိရပါတယ်။

ဆိုင်မွန်ကို၀ဲလ် ရဲ့ ချစ်သူ Lauren Silverman ကတော့ အသက် ၄၄ နှစ်ရှိကာ ပထမအိမ်ထောင် နှင့် ရရှိသည့် သားအကြီး ဆုံးတစ်ယောက်ရှိပါတယ်။ အခုလက်ရှိ ဆိုင်မွန် နဲ့ သားဦးလေး အဲရစ် လည်းရှိနေပြီဖြစ်ပါတယ်။

Lauren နဲ့ စတင်တွေ့ဆုံခဲ့တာကတော့ ကာရေဘီယံကျွန်း ရှိအပန်း‌ဖြေစခန်းတစ်ခုတွင် ၂၀၀၄ ခုနှစ်ကတွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ခြားနားချက်တွေက အချစ်နဲ့ တွေ့ ကြတဲ့အခါ ထပ်တူသွားကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။

လူပျိုကြီးတစ်ယောက်သာယာတဲ့အချစ်ခရီးလမ်းလေးကို အမြဲတမ်းပိုင်ဆိုင်နိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်။

ZAWGYI VERSION







Latest Posts

Don't Miss