Tuesday, November 29, 2022

Latest Posts

10 ရက်ကြာ သီးသန့်ခွဲကာနေထိုင်ရမည်ဖြစ်တဲ့ မင်းသမီး ဆောင်ဂျီဟို

Unicode Version

မင်းသမီး ဆောင်ဂျီဟို ဟာ မကြာသေးမီက ရိုက်ကူးရေးအစီအစဥ်အတွင်း Covid positive ရှိသူနဲ့ထိတွေ့ခဲ့တာပဲဖြစ်ပါတယ်။ Covid positive ရှိသူနဲ့ထိတွေ့ခဲ့တဲ့ မင်းသမီး ဆောင်ဂျီဟို ကို ၁၀ရက်ကြာ quarantine ထားမည်ဖြစ်ကြောင်းကိုသူမရဲ့ အေဂျင်စီကနေတရား၀င်ထုတ်ပြန်ခဲ့ပါတယ်။

ပထမဦးစွာ ဆောင်ဂျီဟို ကို Covid ပိုးရှိမရှိစစ်ဆေးခဲ့ရာ အနုတ်လ္ခဏာထွက်ခဲ့ပါတယ်လို့အေဂျင်စီကဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ကာကွယ်ဆေးမထိုးရသေးတာကြောင့် ၁၀ရက်ကြာ quarantine လုပ်ရန်လက်ရှိကျန်းမာရေး လမ်းညွှန်ချက်များအရလိုအပ်တာပဲဖြစ်ပါတယ်။ ဇန်န၀ါရီ ၂၄ ရက်မှာ ၂၅ ရက်မှာ လာမယ့် SBS ရဲ့ Running man အစီအစဥ်မှာပါ၀င်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။

မင်းသမီး ဆောင်ဂျီဟို က ကာကွယ်ဆေးမထိုးရသေးတဲ့အကြောင်းအရင်းကို သူမရဲ့ အေဂျင်စီဖြစ်တဲ့ Creative Group ING ကနေရှင်ပြခဲ့ပါတယ်။

မင်းသမီး ဆောင်ဂျီဟို ဟာသူမရဲ့ကလေးဘ၀တုန်းက ဆေးဘက်ဆိုင်ရာဓာတ်မတည့် မှုဖြစ်ခဲ့ကြောင်းကိုစစ်ဆေးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဓာတ်မတည့်မှုဟာ ယနေ့ထိတိုင်တည်ရှိနေတာပဲဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ မင်းသမီး ဆောင်ဂျီဟို ဟာ သူမရဲ့ အလုပ်များတဲ့ အချိန်ဇယားတွေကြောင့် ကိုယ်ခံအားကျဆင်းလာကာ အာဟာရ IV ကုသမှုခံယူဖို့ဆုံးဖြတ်လိုက်ရပါတယ်။ ကုသနေစဥ်အတွင်း ခန္ဓာကိုယ်အနှံ့ အဖုအပိမ့်များထွက်လာကာ အသက်ရှုရခက်ခဲလာပြီး ပြင်းထန်သော ဓာတ်မတည့်မှုကို ခံစားခဲ့ရတာပဲဖြစ်ပါတယ်။ သူမကို အရေးပေါ်ခန်းသို ချက်ချင်းပို့ဆောင်ခဲ့ပြီးကုသမှုခံယူခဲ့ရပါတယ်။

ဒီအဖြစ်အပျက်အပြီးမှာတောင် မင်းသမီး ဆောင်ဂျီဟို ဟာ ပြန်ထန်းစွာ မတည့်တဲ့တုံ့ပြန်မှုကိုဆက်လက်ပြသခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ Covid ကာကွယ်ဆေးထိုးရန်အတွက် ဆရာ၀န်နဲ့ အလေးအနက်ထား ဆွေးနွေးကာ အခုထက်ထိမထိုးရသေးတာပဲဖြစ်ပါတယ်။

ဇန်န၀ါရီ ၂၀ ရက်မှာ Super Junior ရဲ့ ‌အေဂျင်စီ Label Sj ကအဖွဲ့၀င် Eunhyuk ဟာ Covid ပိုးတွေ့ရှိကြောင်းကြေငြာခဲ့တာပဲဖြစ်ပါတယ်။ Eunhyuk ဟာ ဇန်န၀ါရီ ၁၇ ရက်နေ့မှာ Running Man မှာပါ၀င်ခဲ့တာကြောင့် Running man အဖွဲ့၀င်တွေလည်း စစ်ဆေးမှုခံယူနေရတာပဲဖြစ်ပါတယ်။

Zawgyi Version

10 ရက္ၾကာ သီးသန႔္ခြဲကာေနထိုင္ရမည္ျဖစ္တဲ့ မင္းသမီး ေဆာင္ဂ်ီဟို

မင္းသမီး ေဆာင္ဂ်ီဟိုဟာ မၾကာေသးမီက ႐ိုက္ကူးေရးအစီအစဥ္အတြင္း Covid positive ရွိသူနဲ႔ထိေတြ႕ခဲ့တာပဲျဖစ္ပါတယ္။ Covid positive ရွိသူနဲ႔ထိေတြ႕ခဲ့တဲ့ မင္းသမီး ေဆာင္ဂ်ီဟိုကို ၁၀ရက္ၾကာ quarantine ထားမည္ျဖစ္ေၾကာင္းကိုသူမရဲ႕ ေအဂ်င္စီကေနတရား၀င္ထုတ္ျပန္ခဲ့ပါတယ္။

ပထမဦးစြာ ေဆာင္ဂ်ီဟို ကို Covid ပိုးရွိမရွိစစ္ေဆးခဲ့ရာ အႏုတ္လၡဏာထြက္ခဲ့ပါတယ္လို႔ေအဂ်င္စီကေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ သူမဟာ ကာကြယ္ေဆးမထိုးရေသးတာေၾကာင့္ ၁၀ရက္ၾကာ quarantine လုပ္ရန္လက္ရွိက်န္းမာေရး လမ္းၫႊန္ခ်က္မ်ားအရလိုအပ္တာပဲျဖစ္ပါတယ္။ ဇန္န၀ါရီ ၂၄ ရက္မွာ ၂၅ ရက္မွာ လာမယ့္ SBS ရဲ႕ Running man အစီအစဥ္မွာပါ၀င္ႏိုင္မွာမဟုတ္ဘူးလို႔သိရပါတယ္။

မင္းသမီး ေဆာင္ဂ်ီဟို ကကာကြယ္ေဆးမထိုးရေသးတဲ့အေၾကာင္းအရင္းကို သူမရဲ႕ ေအဂ်င္စီျဖစ္တဲ့ Creative Group ING ကေနရွင္ျပခဲ့ပါတယ္။

မင္းသမီး ေဆာင္ဂ်ီဟို ဟာသူမရဲ႕ကေလးဘ၀တုန္းက ေဆးဘက္ဆိုင္ရာဓာတ္မတည့္ မႈျဖစ္ခဲ့ေၾကာင္းကိုစစ္ေဆးေတြ႕ရွိခဲ့တာပဲျဖစ္ပါတယ္။ ဓာတ္မတည့္မႈဟာ ယေန႔ထိတိုင္တည္ရွိေနတာပဲျဖစ္ပါတယ္။ ၂၀၁၁ခုႏွစ္မွာေတာ့ မင္းသမီး ေဆာင္ဂ်ီဟို ဟာ သူမရဲ႕ အလုပ္မ်ားတဲ့ အခ်ိန္ဇယားေတြေၾကာင့္ ကိုယ္ခံအားက်ဆင္းလာကာ အာဟာရ IV ကုသမႈခံယူဖို႔ဆုံးျဖတ္လိုက္ရပါတယ္။ ကုသေနစဥ္အတြင္း ခႏၶာကိုယ္အႏွံ႔ အဖုအပိမ့္မ်ားထြက္လာကာ အသက္ရႈရခက္ခဲလာၿပီး ျပင္းထန္ေသာ ဓာတ္မတည့္မႈကို ခံစားခဲ့ရတာပဲျဖစ္ပါတယ္။ သူမကို အေရးေပၚခန္းသို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ၿပီးကုသမႈခံယူခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္အၿပီးမွာေတာင္ မင္းသမီးေဆာင္ဂ်ီဟို ဟာ ျပန္ထန္းစြာ မတည့္တဲ့တုံ႔ျပန္မႈကိုဆက္လက္ျပသခဲ့ပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ Covid ကာကြယ္ေဆးထိုးရန္အတြက္ ဆရာ၀န္နဲ႔ အေလးအနက္ထား ေဆြးေႏြးကာ အခုထက္ထိမထိုးရေသးတာပဲျဖစ္ပါတယ္။

ဇန္န၀ါရီ ၂၀ ရက္မွာ Super Junior ရဲ႕ ‌ေအဂ်င္စီ Label Sj ကအဖြဲ႕၀င္ Eunhyuk ဟာ Covid ပိုးေတြ႕ရွိေၾကာင္းေၾကျငာခဲ့တာပဲျဖစ္ပါတယ္။ Eunhyuk ဟာ ဇန္န၀ါရီ ၁၇ ရက္ေန႔မွာ Running Man မွာပါ၀င္ခဲ့တာေၾကာင့္ Running man အဖြဲ႕၀င္ေတြလည္း စစ္ေဆးမႈခံယူေနရတာပဲျဖစ္ပါတယ္။

Latest Posts

Don't Miss