Sunday, November 27, 2022

Latest Posts

10 နှစ်အကြာ Youtube တွင် ကြည့်ရှုသူ ၄.၃ သန်းကျော် ရှိလာခဲ့တဲ့ Psy ရဲ့ “Gangnam Style” MTV

Unicode Version

ကမ္ဘာတစ်လွှား မှာရေပန်းစားခဲ့တဲ့ PSY ရဲ့ “Gangnam Style” ဆိုရင်မသိတဲ့သူမရှိပါဘူးနော်။ လူအများ ပါးစပ်ဖျားမှာရေပန်းစားတဲ့ အထိကိုနာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် “Gangnam Style” သီချင်း အထင်ကြီးစရာ ကောင်းတဲ့ အောင်မြင်မှုကိုရရှိခဲ့ပါတယ်။

PSY ရဲ့ “Gangnam Style” mtv သည် Youtube တွင် ကြည့်ရှုသူ 4.3 သန်းကျော် ရှိလာခဲ့တာပဲဖြစ်ပါတယ်။


၂၀၁၂ ခုနှစ်တွင် “Gangnam Style” သည် Psy ရဲ့ ခြောက်ခုမြောက် အယ်လ်ဘမ် ဖြစ်တဲ့ “Psy 6 (Six Rules) Part 1” ရဲ့ ခေါင်းစဥ်သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Psy ဟာ “Gangnam Style” US Billboardတွင် နံပါတ် ၂ ချိတ်ကာ “Hot 100 “တွင် ခုနှစ်ပတ် ကြာရပ်တည်နိုင်ခဲ့တဲ့ ပထမဦးဆုံး Kpop အဆိုတော် ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုးရီးယားနိုင်ငံအတွက်ပါ Psy ဟာ ကမ္ဘာကျော် စေခဲ့တဲ့အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ပါတယ်။

ယခုလက်ရှိတွင် “Gangnam Style” ဟာ ကမ္ဘာ တစ်၀ှမ်း ကချစ်ခင်ကြိုက်နှစ်သက်ခြင်းကိုလက်ခံရရှိနေတာပဲဖြစ်ပါတယ်။


မကြာသေးခင်ကပဲ Psy ဟာ ၉ ခုမြောက် အယ်လ်ဘမ် နဲ့အတူ Comeback ပြုလုပ်တော့မယ်ဆိုတာကိုလည်းကြေညာခဲ့ပါတယ်။ဘယ်လိုသီးချင်းတွေနဲ့ Psy ဟာထွက်ပေါ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Zawgyi Version







Latest Posts

Don't Miss