Thursday, December 8, 2022

Latest Posts

တော်လှန်ရေးနိုင်တဲ့နေ့ ဖက်ခွက်စားလို့ခေါ်ရင်မနာနဲ့လို့ အချို့အနုပညာရှင်တွေကို သတိပေးလိုက်တဲ့ လူရွှင်တော် စိန်သီး

Unicode Version

ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။

နိုင်ငံရေးကိုပဲ အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။

သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

သီးလေးသီး အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် လူရွှင်တော် စိန်သီး ကတော့ တော်လှန်‌ရေးအတွက် အဖွဲ့ထဲကနေ တစ်ဦးတည်းခွဲထွက်လာပြီး တော်လှန်နေတာပါ။

လူရွှင်တော် စိန်သီး ကတော့ ပြည်သူတွေ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သွေးမအေးသွားစေဖို့ လူမှု့ကွန်ယက်ပေါ်ကနေ အမြဲတမ်းသတိပေးနေတာပါ။

” ကျွန်တော်ဟာအနုပညာကိုတကယ်အသွေးအသားထဲကဝါသနာပါခဲ့တဲ့သူတ‌ယောက်မို့တနေ့ကြရင်ကျွန်တော်တို့ရဲ့ပြည်သူတွေနဲ့တသားထဲပြန်လည်ဖျော်ဖြေခွင့်ရဖို့အရေးမျှော်လင့်စောင့်စားရင်းနဲ့

ကိုယ့်ရဲ့ညံ့ဖျင်းနေတဲ့ကျန်းမာရေးကလွဲလို့ကျန်တဲ့အဆင်မပြေမှု့တွေကိုချစ်ရတဲ့ပရိတ်သတ်ပြည်သူတွေကိုချမပြရဲသလိုချမပြရက်ပါဘူး ကိုယ့်ထက်အခြေအနေဆိုးဝါးနေတဲ့ကျန်တဲ့အနုပညာရှင်တွေနဲ့

ပြည်သူတွေကိုကိုယ့်ရဲ့အဆင်မပြေမှု့တွေကိုချပြရမှာရှက်ပါတယ်ခင်ဗျ ကြိတ်မှိတ်သီးခံနေကြတဲ့ကျန်တဲ့အနုပညာရှင်များနဲ့ပြည်သူတွေကိုလေးစားဂုဏ်ယူပါတယ်ခင်ဗျ

ကိုယ့်သမိုင်းကိုယ်လှအောင်ရေးနေကြရတာမို့လို့ရောင်နီကိုမြင်ရဖို့အတွက်ညဥ့်နက်နက်ကိုတော့ဖြတ်ကျော်ကြရအုံးမှာပါခင်ဗျ

အားလုံးဘဲဖိုက်တင်းပါ”လို့ စိန်သီး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဖက်ခွက်စားအနုပညာသည်တွေနဲ့ ပတ်သက်ပြီး ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ဖက်ခွက်စား အနုပညာရှင်တွေဆိုတာ ဘယ်သူတွေလဲဆိုတာ သိမှာပါနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

ေတာ္လွန္ေရးႏိုင္တဲ့တစ္ေန႔ ဖက္ခြက္စားလို႔လိုက္ေခၚရင္မနာနဲ႔လို႔ သတိေပးစကားေျပာလိုက္တဲ့ လူ႐ႊင္ေတာ္ စိန္သီး

ပရိသတ္ႀကီးေရ တစ္ခ်ိန္တုန္းက နာမည္ႀကီးခဲ့တဲ့ သီးေလးသီး လူ႐ႊင္ေတာ္အဖြဲ႕ကိုေတာ့ အားလုံးပဲ မွတ္မိၾကအုန္းမယ္ ထင္ပါတယ္။

ႏိုင္ငံေရးကိုပဲ အဓိကထား ေဖ်ာ္ေျဖခဲ့တဲ့ သီးေလးသီးအဖြဲ႕ကေတာ့ နာမည္အရမ္းႀကီးခဲ့ၿပီး သူတို႔ရဲ႕ျပက္လုံးေတြဟာလဲ ေျပာစမွတ္တြက္ခဲ့ပါတယ္။

သီးေလးသီးအဖြဲ႕ကိုေတာ့ စိန္သီး၊ပန္းသီး၊ဇီးသီး၊ၾကယ္သီး အစရွိတဲ့ လူ႐ႊင္ေတာ္ အဖြဲ႕ဝင္ေတြနဲ႔ ဖြဲ႕စည္းတည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။

သီးေလးသီးအဖြဲ႕ဝင္ထဲက လူ႐ႊင္ေတာ္ စိန္သီး ဟာ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး စစ္အာဏာရွင္ကို တိုက္ထုတ္ဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။

သီးေလးသီး အဖြဲ႕ဝင္တစ္ဦးျဖစ္ေပမယ့္ လူ႐ႊင္ေတာ္ စိန္သီး ကေတာ့ ေတာ္လွန္‌ေရးအတြက္ အဖြဲ႕ထဲကေန တစ္ဦးတည္းခြဲထြက္လာၿပီး ေတာ္လွန္ေနတာပါ။

လူ႐ႊင္ေတာ္ စိန္သီး ကေတာ့ ျပည္သူေတြ ေတာ္လွန္ေရးနဲ႔ ပတ္သက္ၿပီး ေသြးမေအးသြားေစဖို႔ လူမႈ႕ကြန္ယက္ေပၚကေန အၿမဲတမ္းသတိေပးေနတာပါ။

” ကြၽန္ေတာ္ဟာအႏုပညာကိုတကယ္အေသြးအသားထဲကဝါသနာပါခဲ့တဲ့သူတ‌ေယာက္မို႔တေန႔ၾကရင္ကြၽန္ေတာ္တို႔ရဲ႕ျပည္သူေတြနဲ႔တသားထဲျပန္လည္ေဖ်ာ္ေျဖခြင့္ရဖို႔အေရးေမွ်ာ္လင့္ေစာင့္စားရင္းနဲ႔

ကိုယ့္ရဲ႕ညံ့ဖ်င္းေနတဲ့က်န္းမာေရးကလြဲလို႔က်န္တဲ့အဆင္မေျပမႈ႕ေတြကိုခ်စ္ရတဲ့ပရိတ္သတ္ျပည္သူေတြကိုခ်မျပရဲသလိုခ်မျပရက္ပါဘူး ကိုယ့္ထက္အေျခအေနဆိုးဝါးေနတဲ့က်န္တဲ့အႏုပညာရွင္ေတြနဲ႔

ျပည္သူေတြကိုကိုယ့္ရဲ႕အဆင္မေျပမႈ႕ေတြကိုခ်ျပရမွာရွက္ပါတယ္ခင္ဗ် ႀကိတ္မွိတ္သီးခံေနၾကတဲ့က်န္တဲ့အႏုပညာရွင္မ်ားနဲ႔ျပည္သူေတြကိုေလးစားဂုဏ္ယူပါတယ္ခင္ဗ်

ကိုယ့္သမိုင္းကိုယ္လွေအာင္ေရးေနၾကရတာမို႔လို႔ေရာင္နီကိုျမင္ရဖို႔အတြက္ညဥ့္နက္နက္ကိုေတာ့ျဖတ္ေက်ာ္ၾကရအုံးမွာပါခင္ဗ်

အားလုံးဘဲဖိုက္တင္းပါ”လို႔ စိန္သီး ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ဖက္ခြက္စားအႏုပညာသည္ေတြနဲ႔ ပတ္သက္ၿပီး ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ ဖက္ခြက္စား အႏုပညာရွင္ေတြဆိုတာ ဘယ္သူေတြလဲဆိုတာ သိမွာပါေနာ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိတ္ေတြကို ေက်းဇူးအထူးတင္ရွိပါတယ္။

Latest Posts

Don't Miss