Tuesday, December 6, 2022

Latest Posts

အိမ်အကူမိန်းကလေးကို အလိုက်သိလိမ္မာလို့ လက်ဝတ်ရတနာတွေ ဆင်ပေးလိုက်တဲ့ မြတ်သူသူ

Unicode Version

ပရိသတ်ကြီးရေ…MRTV-4 မှထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေမှာ တစ်ဆင့်လူသိများကျော်ကြားလာခဲ့တဲ့ မင်းသမီးလေး မြတ်သူသူဇင် ကိုတော့လူတိုင်းသိကြလိမ့်ထင်ပါတယ်။ သူမကိုပိုမိုလူသိများလာစေတဲ့ ပျားရည်အိုင် ဇာတ်လမ်းတွဲလေးကလဲ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်ခဲ့ပါတယ်။ မြတ်သူသူဇင် ဟာ မင်းသမီးဖြစ်ပေမယ့် ဘဝကိုရိုးရိုးသားသားနဲ့ အလှူအတန်းတွေလုပ်ရင်းဖြတ်သန်းနေတဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။

“မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုတဲ့စကားအတိုင်းပါပဲ ကိုယ့်ဆီရောက်တာ (၄) လပဲ ရှိသေးပေမယ့် ညီမလေးတယောက်လို သမီးလေးတယောက်လိုပဲ ချစ်ရတဲ့သူလေး တခါတလေ တလွဲတွေလုပ်တတ်ပေမယ့် အလိုက်သိလိမ္မာရှာလို့ ချစ်ရတဲ့ညီမလေး ဒီနေ့ ရောက်တာ (၄)လကျော်အမှတ်တရအနေနဲ့ မိန်းကလေးဆိုတော့ (နားကပ်/ဆွဲကြိုး/လက်စွပ်)ဆင်ပေးဖြစ်တယ် သူပျော်နေတော့လည်း ကိုယ်လည်းပီတိဖြစ်ရပါတယ် “လို့ မြတ်သူသူ ဟာ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

မင်းသမီး မြတ်သူသူဇင် ရေးသားထားတဲ့ ပိုစ်အောက်မှာ သူမကိုချစ်တဲ့ပရိသတ်တွေနဲ့ ဝမ်းသာနေကြတဲ့ ပရိသတ်တွေရဲ့ ကောမန့်များစွာကို တွေ့ရပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss