Monday, November 28, 2022

Latest Posts

အိမ်ထောင်သက် 10 နှစ်မြောက် မှာ ယူဂျင်းကို လက်ရေးစာနဲ့ ခံစားချက်တွေကို ဝန်ခံခဲ့တဲ့ ကီတေးယောင်း

UNICODE VERSION

မင်းသား ကီတေးယောင်း ကတော့ သူတို့ရဲ့ အိမ်ထောင်သက် ၁၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဇနီးသည် ယူဂျင်း ကို လက်ရေးစာနဲ့ ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ်။

ဇန်နဝါရီ ၂၈ ရက်က KBS2 ၏ “Stars’ Top Recipe at Fun-Staurant” ထုတ်လွှင့်မှုတွင် Ki Tae-young နှင့် ယူဂျင်း တို့သည် ဒူဘိုင်းသို့ ပျော်ရွှင်စွာ ခရီးသွားခြင်းကို ပြသခဲ့ ပါတယ်။ အဲဒီနေ့မှာပဲ ကီတေးယောင်း နဲ့ ယူဂျင်း တို့ဟာ ညနေခင်းအလှကို ကြည့်ရှုဖို့အတွက် Ain Dubai မှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ချားရဟတ် ကိုစီးနင်းခဲ့ကြပါတယ်။

250 မီတာမြင့်တဲ့ အမြင့်ကိုရောက်တဲ့အခါ ကီတေးယောင်း က သူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲက လက်ရေးစာတစ်စောင်ကို ထုတ်လိုက်ပြီး “ဒါက ပြီးပြည့်စုံတဲ့ နေရာပဲ” လို့ ပြောပါတယ်။ ကီတေးယောင်း ဟာ ​​သူတို့ရဲ့ လက်ထပ်ခြင်း 10 နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယူဂျင်း ထံ စာတစ်စောင်နဲ့ အထူးပွဲ လေးကို ပြင်ဆင်ခဲ့ပါတယ်။

စာကိုဖွင့်ပြီး သူက ” ကျွန်တော့်ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ယူဂျင်း ဆီသို့ ယူဂျင်း ရေ မင်းအတွက် ငါနောက်ဆုံးစာရေးခဲ့ တာက ကြခဲ့ ပြီနော်။ ငါဒီတစ်​ချိန်​လုံးအရမ်းအလုပ်​ရှုပ်​​နေတယ်​ထင်​တယ်​။ ငါတို့ မိသားစု လေးတည်ဆောက်လာတာဆို ၁၀ နှစ်တောင်ရှိနေပြီ။ အချိန်တွေအရမ်းမြန်တယ်။” ကီးတေးယောင်း က ယူဂျင်း ကို ချစ်မြတ်နိုးကြောင်းပြောပြီး “အစ ကနေ အဆုံးထိတိုင်အောင် အခြားသူတွေထက်ပိုပြီး မင်းကို အမြဲပြုံးပြနေမှာပါ။ ငါ့ဘေးနားမှာ နေပြီး ကလေးတွေရဲ့အမေဖြစ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” လို့ပြောပြီးနောက် ကီးတေးယောင်း က ယူဂျင်း ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပါတယ်။ ယူဂျင်းက“ဒီလိုစာမျိုး ငါနောက်ဆုံးရခဲ့တာ ဘယ်လောက်ကြာပြီလဲ” လို့ဆိုကာ မျက်ရည်ကျရင်း ခံစားချက်တွေကို ထုတ်ဖော်ခဲ့ပါတယ်.

အဲဒီနောက် အင်တာဗျူးမှာ ယူဂျင်း က ထုတ်လုပ်ရေး အဖွဲ့သားတွေကို ကျေးဇူးတင်ကြောင်းပြောပြီး “ကျွန်မခင်ပွန်းဆီက စာတစ်စောင် နောက်ဆုံးရခဲ့တာ ကြာပါပြီ။ အိမ်အပြန်ခရီးမှာ လေယာဉ်ပေါ်မှာ ဒီလက်ရေးစာရှည်ကြီးကို ကျွန်မ ပြန်ဖတ်ဦး မှာပါ” လို့ ပြောခဲ့ပါတယ်.

2016 ခုနှစ်တွင် KBS2 ၏ “The Return of Superman” ရိုက်ကူးရေးတွင်လည်း ကီတေးယောင်း က ယူဂျင်း အတွက် ရိုမန့်တစ် ဆန်တဲ့ပွဲလေးတွေကျင်းပပေးခဲ့ပါတယ်။

ယူဂျင်း နဲ့ ကီတေးယောင်း တို့ နှစ်ယောက် သက်ဆုံးတိုင်ပျော်ရွှင်စွာ လက်တွဲရင် နှစ်ပတ်လည်း ပေါင်းများစွာကို ဖြတ်သန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းခြွေလိုက်ရပါတယ်။ ပရိတ်သတ်ကြီးလည်း ကွန့်မန့် မှာ သူတို့နှစ်ယောက်အတွက် ဂုဏ်ပြုစကားလေးတွေနဲ့ တောင်းဆုခြွေပေးလိုက်ပါဦးနော်။

ZAWGYI VERSION

အိမ္ေထာင္သက္ 10 ႏွစ္ေျမာက္ မွာ ယူဂ်င္းကို လက္ေရးစာနဲ႔ ခံစားခ်က္ေတြကို ဝန္ခံခဲ့တဲ့ ကီေတးေယာင္း

မင္းသား ကီေတးေယာင္း ကေတာ့ သူတို႔ရဲ႕ အိမ္ေထာင္သက္ ၁၀ ႏွစ္ေျမာက္ အထိမ္းအမွတ္အျဖစ္ ဇနီးသည္ ယူဂ်င္း ကို လက္ေရးစာနဲ႔ ခံစားခ်က္ေတြကို ဝန္ခံခဲ့ပါတယ္။

ဇန္နဝါရီ ၂၈ ရက္က KBS2 ၏ “Stars’ Top Recipe at Fun-Staurant” ထုတ္လႊင့္မႈတြင္ Ki Tae-young ႏွင့္ ယူဂ်င္း တို႔သည္ ဒူဘိုင္းသို႔ ေပ်ာ္႐ႊင္စြာ ခရီးသြားျခင္းကို ျပသခဲ့ ပါတယ္။ အဲဒီေန႔မွာပဲ ကီေတးေယာင္း နဲ႔ ယူဂ်င္း တို႔ဟာ ညေနခင္းအလွကို ၾကည့္ရႈဖို႔အတြက္ Ain Dubai မွာ ရွိတဲ့ ကမာၻ႔အႀကီးဆုံး ခ်ားရဟတ္ ကိုစီးနင္းခဲ့ၾကပါတယ္။

250 မီတာျမင့္တဲ့ အျမင့္ကိုေရာက္တဲ့အခါ ကီေတးေယာင္း က သူ႔ရဲ႕ေဘာင္းဘီအိတ္ကပ္ထဲက လက္ေရးစာတစ္ေစာင္ကို ထုတ္လိုက္ၿပီး “ဒါက ၿပီးျပည့္စုံတဲ့ ေနရာပဲ” လို႔ ေျပာပါတယ္။ ကီေတးေယာင္း ဟာ ​​သူတို႔ရဲ႕ လက္ထပ္ျခင္း 10 ႏွစ္ေျမာက္ အထိမ္းအမွတ္အျဖစ္ ယူဂ်င္း ထံ စာတစ္ေစာင္နဲ႔ အထူးပြဲ ေလးကို ျပင္ဆင္ခဲ့ပါတယ္။

စာကိုဖြင့္ၿပီး သူက ” ကြၽန္ေတာ့္ရဲ႕အစိတ္အပိုင္း တစ္ခုျဖစ္တဲ့ ယူဂ်င္း ဆီသို႔ ယူဂ်င္း ေရ မင္းအတြက္ ငါေနာက္ဆုံးစာေရးခဲ့ တာက ၾကခဲ့ ၿပီေနာ္။ ငါဒီတစ္​ခ်ိန္​လုံးအရမ္းအလုပ္​ရႈပ္​​ေနတယ္​ထင္​တယ္​။ ငါတို႔ မိသားစု ေလးတည္ေဆာက္လာတာဆို ၁၀ ႏွစ္ေတာင္ရွိေနၿပီ။ အခ်ိန္ေတြအရမ္းျမန္တယ္။” ကီးေတးေယာင္း က ယူဂ်င္း ကို ခ်စ္ျမတ္ႏိုးေၾကာင္းေျပာၿပီး “အစ ကေန အဆုံးထိတိုင္ေအာင္ အျခားသူေတြထက္ပိုၿပီး မင္းကို အၿမဲၿပဳံးျပေနမွာပါ။ ငါ့ေဘးနားမွာ ေနၿပီး ကေလးေတြရဲ႕အေမျဖစ္ေပးတာကိုလည္း ေက်းဇူးတင္ပါတယ္” လို႔ေျပာၿပီးေနာက္ ကီးေတးေယာင္း က ယူဂ်င္း ကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လိုက္ပါတယ္။ ယူဂ်င္းက“ဒီလိုစာမ်ိဳး ငါေနာက္ဆုံးရခဲ့တာ ဘယ္ေလာက္ၾကာၿပီလဲ” လို႔ဆိုကာ မ်က္ရည္က်ရင္း ခံစားခ်က္ေတြကို ထုတ္ေဖာ္ခဲ့ပါတယ္.

အဲဒီေနာက္ အင္တာဗ်ဴးမွာ ယူဂ်င္း က ထုတ္လုပ္ေရး အဖြဲ႕သားေတြကို ေက်းဇူးတင္ေၾကာင္းေျပာၿပီး “ကြၽန္မခင္ပြန္းဆီက စာတစ္ေစာင္ ေနာက္ဆုံးရခဲ့တာ ၾကာပါၿပီ။ အိမ္အျပန္ခရီးမွာ ေလယာဥ္ေပၚမွာ ဒီလက္ေရးစာရွည္ႀကီးကို ကြၽန္မ ျပန္ဖတ္ဦး မွာပါ” လို႔ ေျပာခဲ့ပါတယ္.

2016 ခုႏွစ္တြင္ KBS2 ၏ “The Return of Superman” ႐ိုက္ကူးေရးတြင္လည္း ကီေတးေယာင္း က ယူဂ်င္း အတြက္ ႐ိုမန႔္တစ္ ဆန္တဲ့ပြဲေလးေတြက်င္းပေပးခဲ့ပါတယ္။

ယူဂ်င္း နဲ႔ ကီေတးေယာင္း တို႔ ႏွစ္ေယာက္ သက္ဆုံးတိုင္ေပ်ာ္႐ႊင္စြာ လက္တြဲရင္ ႏွစ္ပတ္လည္း ေပါင္းမ်ားစြာကို ျဖတ္သန္းႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေႁခြလိုက္ရပါတယ္။ ပရိတ္သတ္ႀကီးလည္း ကြန႔္မန႔္ မွာ သူတို႔ႏွစ္ေယာက္အတြက္ ဂုဏ္ျပဳစကားေလးေတြနဲ႔ ေတာင္းဆုေႁခြေပးလိုက္ပါဦးေနာ္။

Latest Posts

Don't Miss