Tuesday, December 6, 2022
Latest Posts
အိမ်ထောင်သက် ၅ နှစ်အကြာမှာလမ်းခွဲခဲ့တဲ့ မင်းသား Jason Momoa
UNICODE VERSION
Game of Thrones ထဲမှာ မင်းသား Jason Momoa ဆိုသိကြမှာပါ။ Aquaman ရုပ်ရှင် ဇာတ်ကားနဲ့လည်းနာမည်ကြီးခဲ့သူတစ်ယောက်ပါ။ စိတ်မကောင်းစွာနဲ့ပဲ မင်းသား Jason Momoa နဲ့ ဇနီး ဖြစ်သူ Lisa Bonet တို့ဟ အိမ်ထောင်သက် ၅ နှစ်အကြာမှာလမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။
လမ်းခွဲရတဲ့ အကြောင်းအရင်း ကိုနှစ်ဖက်လုံး ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ တစ်ဦးနှင့်တစ်ဦး လေးစားတဲ့ ဆက်ဆံရေးကိုတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဗုဒ္ဓဟူး နေ့မှာ မင်းသား Jason Momoa သူရဲ့ Instagram မှာ Bonet ကိုယ်စား ရှည်လျားတဲ့ စာတစ်စောင်ကိုရေးသားခဲ့ပါတယ်။
” ဒီလိုပြောင်းလဲလိုက်တဲ့ အချိန်ကာလတစ်ခုအတွက်ကျွန်တော် တို့နှစ်ယောက် အတွက် ခံစားခဲ့ရပါတယ်။ ဒီအဖြစ်အပျက် ဟာ ကျွန်တော်တို့မိသားစုအတွက် ကြီးမားပြောင်းလဲမှုကြီးပါဘဲ။ ဒါကြောင့် ကျွန်တော် တို့လက်ထပ်ခြင်း ကနေခွဲခွာခြင်း သို့ရောက်ခဲ့ပြီဆိုတာကိုအသိပေးခြင်းဖြစ်ပါတယ်။ သတင်းကောင်း တစ်ခုလို မျှ‌ဝေတာမဟုတ်ဘဲ ဂုဏ်သိက္ကာရှိ စွာ ရိုးသားစွာ ဘ၀ကိုဖြတ်သန်းဖို့အတွက်ပဲဖြစ်ပါတယ်။ ငါတို့ လမ်းခွဲသွားကြပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် အမုန်းမပွားဘဲ ချစ်ခြင်းမေတ္တာတွေနဲ့ ကောင်းမွန်ဆက်ဆံရေးတည်ဆောက်သွားကြမှာပါ။ ငါ‌တို့ တစ်ယောက်စီဖြစ်သွား ကြပေမယ့် သားသမီး‌ တွေ အတွက် စေတနာမေတ္တာတွေလည်းလျော့သွားမှာမဟုတ်ပါဘူး။ သားသမီး တွေကို လိုအပ်သလိုဆုံးမပြီး မေတ္တာတွေနဲ့ လွှမ်းမိုးပေးသွားမှာပဲဖြစ်ပါတယ်” လို့ သူ့ရဲ့ Instagram မှာတင်ထားပဲဖြစ်ပါတယ်။
မင်းသား Momoa နဲ့ Bonet တို့ဟာ ၂၀၀၅ ခုနှစ်မှာ စတင်ချိန်းတွေ့ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် သူတို့နှစ်ဦးရဲ့ ပထမဦးဆုံး ကလေး Lola နဲ့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် Nakoa-Wolfa ဆိုမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ သူတို့စုံတွဲကတော့ ၂၀၁၇ ခုနှစ်မှာလက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။
မင်းသား ရဲ့ အိမ်ထောင်ရေးအတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်။ ဖခင်ကောင်း တစ်ယောက် ဖြစ်ပေးတဲ့အတွက်လည်းမင်းသားအတွက်လည်း ၀မ်းသာဂုဏ်ယူရပါတယ်။
ZAWGYI VERSION
Latest Posts
Don't Miss