Saturday, December 3, 2022

Latest Posts

အားလုံးရဲ့မေတ္တာကြောင့် ပြန်လည်ကျန်းမာလာပါပြီဆိုတဲ့ မေခလာ

Unicode Version

ပရိသတ်ကြီးရေ ‌မေခလာ ကတော့ လူကြီးလူငယ်ကြိုက် တေးသီချင်းကောင်းများစွာကို သီဆိုထားပြီးတော့ ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်ငယ် လို့ ချစ်စနိုးခေါ်ရတဲ့ မေခလာ ကတော့ ကိုဗစ်ရောဂါခံစားနေရတာကြောင့် သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ စိုးရိမ်ပူပန်နေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပြည်သူ့အချစ်တော် အဆိုတော် မေခလာ ကတော့ ကိုဗစ်ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာပါပြီလို့ သူမရဲ့ဖေ့ဘွတ်အကောင့်မှာ ‌ပရိသတ်တွေကို အသိပေးလာပါတယ်။

မေခလာ ကတော့ “အားလုံးရဲ့မေတ္တာကြောင့် ချစ်ငယ်ကျန်းမာလာပါပြီ မေခလာ ပြန်လာမယ်နော် အားပေးမှာလား မေခလာ လာပြီလေ…Fighting ပရိတ်သတ်တို့….” ဆိုပြီး စာသားလေးနဲ့အတူ သူမရဲ့ဓာတ်ပုံလေးကို ချစ်ရတဲ့ ပရိသတ်ကြီးအတွက် မျှဝေပေးထားပါတယ်။ ချစ်ငယ် နေကောင်းကျန်းမာလာတာတဲ့ ပိုစ်အောက်မှာတော့ အနုပညာအသိုင်းအဝိုင်းက သူမရဲ့မိတ်ဆွေတွေနဲ့ သူမကိုချစ်တဲ့ပရိသတ်ကြီးရဲ့ ဝမ်းသာစကားတွေပြောထားတာကိုလည်းတွေ့ရပါတယ်။

အားလုံးရဲ့မေတ္တာကြောင့် ပြန်လည်ကျန်းမာလာပါပြီဆိုတဲ့ မေခလာ

ကဲ ..ပရိသတ်ကြီးရေ အဆိုတော် မေခလာ ပြန်လာကျန်းမာလာတာကို တွေ့ရတဲ့အတွက် ပရိသတ်နဲ့ထပ်တူဝမ်းသားမိပါတယ်။ မြန်မာပြည်ကြီးလဲ ကပ်ဘေးမှ အမြန်ဆုံးကင်းဝေးပါစေ လိုဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်ဖွယ်နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

ZawGyi Version





Latest Posts

Don't Miss