Tuesday, November 29, 2022

Latest Posts

အသေမဦးခင်သတိဦးအောင် ဘုန်းကြီးဝတ်ကုသိုလ်ယူခဲ့တဲ့ အဆိုတော် မနော

Unicode Version

ပရိသတ်ကြီးရေ အဆိုတော် မနော ကတော့အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီးတော့ မြန်မာသံစဉ်တွေကို ဦးစားပေးသီဆိုတတ်သူတစ်ယောက်ဖြစ်ပြီးတော့ နယ်ပရိသတ်တွေရဲ့ အားပေးမှု့ကိုအများဆုံးရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဆိုတော် မနော ကတေ့ သူရဲ့မိတ်ဆွေရင်းချာတွေ သေဆုံးသွားကြတဲ့အတွက် မိမိအတွက် အသေမဦးခင် သတိဦးအောင် ဘုန်းကြီးဝတ် ကုသိုလ်ခဲ့ကြောင်း သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားခဲ့သည်။

အဆိုတော် မနော ကတော့ ” အို နာ သေ ဘေးပြေးမလွတ် ဘယ်လိုပင်ချမ်းသာပါစေ မလွတ်နိုင် ဆင်းရဲလည်းမလွတ်ဘူးပေါ့ မိတ်ဆွေအရင်းချာတွေ သေဆုံးတာကြားသိရပြီး သံဝေဂ ရမိတယ် သူတို့ဘာမှမပြင်ဆင်ခဲ့ရပဲ ရုတ်တရက် သေဆုံးခဲ့ရပြီ ကျနော်တို့တွေလည်း ဘယ်နေ့ ဘယ်မှာဘယ်လိုသေကြရမလဲဆိုတာကြိုတင်မသိနိုင်ကြဘူးပေါ့ဗျာ ဒါကြောင့် အသေမဦးခင် သတိ ဦးထားသင့်တယ်ပေါ့ ဘဝမှာ အောင်မြင်ဖို့တိုးတက်ဖို့တွေပဲကြံစ နေလို့မဖြစ်ဘူး မိမိဘဝ နောင်သံသရာအတွက် ကြိုတင်ပြင်ဆင်ထားသင့် တယ် ငယ်သေးလို့မပြင်ဆင်ထားလျှင် သေခါနီးမှ ကောင်းတဲ့အတွေးတွေကုသိုလ်စိတ်တွေမွေးမြူဖို့မဖြစ်နိုင်တော့ဘူးပေါ့ ငယ်တုန်းရသလောက် ကုသိုလ်တွေများများစုထားမှ သေခါနီးမှာ ကောင်းသောနိမိတ်တွေပေါ်လာမယ်ပေါ့ခင်ဗျာ ဒါကြောင့် ဒါန သီလ ဘာဝနာ အားလုံးဟာနိဗ္ဗာန်အထောက်အပံ့တွေဖြစ်လို့ မိမိပြုနိုင်သည့်ကုသိုလ်ကို နေ့စဉ်မပြတ်တမ်း ပြုနိုင်ကြပါစေလို့ဆုခြွေတောင်းရင်း ကျွန်တော် မနော ပြုခဲ့သမျှ ကုသိုလ်အားလုံး တေးချစ်သူများ နှင့် (၇)ရက်သား သမီးများ ထပ်တူရပါစေခင်ဗျာ ” လို့ ရေးသားထားခဲ့ပါတယ်။

အသေမဦးခင်သတိဦးအောင် ဘုန်းကြီးဝတ်ကုသိုလ်ယူခဲ့တဲ့ အဆိုတော် မနော

ပရိသတ်ကြီးရေ အဆိုတော် မနော ကတော့ဘုန်းကြီးဝတ်နဲ့အလွန်တင့်တယ်နေတာကိုလဲ တွေ့ရပါတယ်။ မနော ကတော့ ပြုခဲ့သမျှ ကုသိုလ်အားလုံး တေးချစ်သူများ နှင့် (၇)ရက်သား သမီးများ ထပ်တူရပါစေလို့လဲ ဆုတောင်းပေးထားပါသေးတယ်။ အချိန်ပေးဖတ်ရှု့ပေးတဲ့ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။

အသေမဦးခင်သတိဦးအောင် ဘုန်းကြီးဝတ်ကုသိုလ်ယူခဲ့တဲ့ အဆိုတော် မနော
အသေမဦးခင်သတိဦးအောင် ဘုန်းကြီးဝတ်ကုသိုလ်ယူခဲ့တဲ့ အဆိုတော် မနော

ZawGyi Version





Latest Posts

Don't Miss