Saturday, December 3, 2022

Latest Posts

အသက် ၃၂ နှစ်ပြည့်သွားပြီဖြစ်တဲ့ ပြည်သူ့အချစ်တော် ကရင်မလေး ထားထက်ထက်

Unicode Version

ပရိသတ်ကြီးရေ ထားထက်ထက် ကတော့ အာဏာရှင်ကိုတိုက်ထုတ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့ အနုပညာရှင်တစ်ဦးထဲမှာ အပါအဝင်ပဲဖြစ်ပါတယ်။ အလှမယ်လေး ထားထက်ထက် ကတော့ လက်ရှိမှာတော့ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်နော်။ ဒါကြောင့်လဲ သူမဟာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး အစွမ်းကုန်တွန်းလှန်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ ထားထက်ထက် ဟာမကြာခဏဆိုသလို ကောလဟလတွေနဲ့ မနာလိုသူတွေရဲ့ တိုက်ခိုက်မှု့ကို ခံနေရပါတယ်။ ဒါပေမယ့် သူမရဲ့ စိတ်ဓာတ်ကတော့ ယနေ့အထိ မယိုင်မလဲပဲ အမှန်တရားကိုပြန်ရတဲ့အထိ အဆုံးတိုင်ချီတက်ကြမယ်လို့ ကြွေးကြော်လိုက်ပါတယ်။ မနေ့က ဒီဇင်ဘာလ ၁၉ ရက်နေ့ဟာ ထားထက်ထက် ရဲ့ ၃၂ ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။

ထားထက်ထက် ဟာ အမှန်တရားအတွက် ကြိုးကြိုးစားစားနဲ့ ကျရာတာဝန်ကို ထမ်းဆောင်ရင်းအာဏာရှင်ကို တွန်းလှန်နေသူလေးတစ်ယောက်လဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူမကိုချစ်တဲ့ ပရိသတ်တွေကဟာ သူမကိုလုံခြုံဘေးကင်းစေဖို့ အမြဲတမ်းဆုတောင်းပေးနေကြတာလဲ ဖြစ်ပါတယ်နော်။ အလှမယ်ဖြစ်ပေမယ့် ယောက်ကျားလေးရဲဘော်တွေနဲ့ ရင်ဘောင်တန်းပြီး တာဝန်ထမ်းဆောင်နေတာကြောင့် အားလုံးကလေးစားအားကျနေကြတာပဲဖြစ်ပါတယ်။ အလှမယ် ထားထက်ထက် ဟာရန်ကုန်ကပြည်သူတွေကို သွေးမအေးစေဖို့ အမြဲတမ်း သူမရဲ့ဖေ့ဘွတ်အကောင့်မှတစ်ဆင့် တော်လှန်ရေးအတွက် တောင်းဆိုနေတာပဲဖြစ်ပါတယ်။ ကရင်လူမျိုး အလှမယ် ထားထက်ထက် ရဲ့ ၃၂နှစ်မြောက်မွေးနေ့မှာ ပရိသတ်အသီးသီးရဲ့ ဆုတောင်းစကားလေးတွေကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် အတွက်မွေးနေ့ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။ ထားထက်ထက် ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်တစ်ယောက်ချင်းစီ တိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss