Sunday, November 27, 2022

Latest Posts

အသက် ၂၄ နှစ်မှာလက်ထပ်ရတဲ့အကြောင်းအရင်းကိုဖွင့်ဟ၀န်ခံခဲ့တဲ့ မင်းသမီး Han Ga In

Unicode Version

မကြာသေးမီက မင်းသမီး Han Ga In ဟာ အသက် 24 နှစ်မှာ လက်ထပ်ရန် ဆုံးဖြတ်ခဲ့တဲ့အကြောင်းအရင်းကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။

မတ်လ 10 ရက်နေ့ KST နေ့လယ်တွင်ထုတ်လွှင့်ခဲ့တဲ့ SBS ဖျော်ဖြေရေးအစီအစဉ် ‘Circle House’မှာ Han Ga Inဟာ ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ နိုင်ငံလုံးဆိုင်ရာအားကစားသမားများနဲ့ တွေ့ဆုံပြီး အဆုံးမရှိယှဉ်ပြိုင်နိုင်သောလူ့အဖွဲ့အစည်းအကြောင်းကိုပြောခဲ့ကြပါတယ်။

မကြာသေးမီက ရိုက်ကူးခဲ့တဲ့ Circle House’မှာ မင်းသမီး Han Ga In ဟာ ငယ်စဥ်ကတည်းက ဖိအားများနှင့် ပြိုင်ဆိုင်မှုအောက်တွင် နေထိုင်ခဲ့ရတဲ့ အားကစားသမားတွေကို နှစ်သိမ့်ပေးခဲ့ပါတယ်။

မင်းသမီး Han Ga Inဟာ ဖျော်ဖြေရေးနယ်ပယ်တွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်းစတင်တော့မယ့် အသက် ၂၄ နှစ်အရွယ်မှာ ရုပ်တရက် လက်ထပ်ရန်ရွေးချယ်ခဲ့တဲ့အကြောင်းအရင်း ကို ၎င်းအစီအစဥ်မှာထုတ်ဖော်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

စောစောလက်ထပ်လိုက်တဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ကျွန်မအသက်အရွယ်ရှိတဲ့ မင်းသမီးတွေကြားမှာ ပြိုင်ဆိုင်မှုတစ်ခုလိုပဲခံစားရတယ်။ ကျွန်မက သူတို့တွေကြားမှာ ရှုံးနိမ့်တာကိုမပြချင်ဘူး။အဲ့ဒါကကျွန်မအတွက်တကယ်ကိုခက်ခဲခဲ့တယ်။ ဒါကြောင့်စောစောလက်ထပ်ပြီး ပြိုင်ပွဲကနေ ထွက်သင့်တယ်လို့ ထင်ခဲ့တာ”လို့ရှင်းပြခဲ့တာပဲဖြစ်ပါတယ်။

မင်းသမီး Han Ga Inဟာ အသက် 24 နှစ် 2005 ခုနှစ်မှာ အသက် 28 နှစ်ရှိပြီဖြစ်တဲ့ မင်းသာ Yeon Jung Hoonနဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူတို့နှစ်ယောက်ဟာ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာလာချင်းမှာပဲ ရုတ်တရက် လက်ထပ်လိုက်တဲ့သတင်းကြောင့် လူအများကို အံ့အားသင့်စေခဲ့ပါတယ်။

အိမ်ထောင်သက် ၁၁ နှစ်အကြာမှာတော့ သားဦးလေးကို မွေးခဲ့ပြီး 2019 ခုနှစ်မှာတော့ ဒုတိယမြောက်သားကို မွေးဖွားကြောင်း ကြေညာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version









Latest Posts

Don't Miss