Sunday, November 27, 2022
Latest Posts
အသက်ကိုတစ်ခါမှ မလိမ်ခဲ့ဖူးပါဘူးလို့ ရင်ဖွင့်လိုက်တဲ့ မင်းသမီးကြီး ခင်ဇာခြည်ကျော်
Unicode Version
ပရိသတ်ကြီးရေ ဆယ်စုနှစ်ကတည်းက နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့တဲ့ ဝါရင့်မင်းသမီးကြီး ခင်ဇာခြည်ကျော် ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း မှတ်မိကြလိမ့်မယ်ထင်ပါတယ်။ အပြုံးချိုချိုကိုပိုင်ဆိုင်ထားပြီးတော့ မျက်ဝန်းနက်နက်တွေနဲ့ ဖမ်းစားနိုင်တဲ့ သူမကတော့ ပရိသတ်တွေရဲ့အသည်းစွဲ မင်းသမီးတစ်လက်ဖြစ်ခဲ့တာပါ။ ခင်ဇာခြည်ကျော် ဟာ ဝါရင့်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ” ငါ၊သူတစ်ပါး၊ယောက်ကျား၊မိန်းမ” ဆိုတဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာလှုပ်ရှားမှု့တွေမရှိတော့ပေမယ့် ပရိသတ်တွေနဲ့ လူမှု့ကွန်ယက်မှာ အဆက်အသွယ်မပျက်ရှိနေပါသေးတယ်။
မင်းသမီးကြီး ခင်ဇာခြည်ကျော် ဟာ ရုပ်ရှင်ရိုက်ကူးမှု့တွေမရှိတော့ပေမယ့် လူမှု့ကွန်ယက်မှတစ်ဆင့် Live Sale ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ သူမမှာချစ်ဖို့ကောင်းတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားပြီး ပရိသတ်ချစ်ခင်အားပေးမှု့ကို ဆက်လက်ရရှိနေတာပဲ ဖြစ်ပါတယ်။ ခင်ဇာြခည်ကျော် ဟာ သူမအသက်နဲ့ပတ်သတ်ပြီး အခုလိုပဲရှင်းပြလာခဲ့ပါတယ်။ ” သက်တန်း တစ်လျှောက် အသက် ၄၅ နှစ်ဟာ အဝ ဆုံး နှစ်ပဲ မဇာလေး ကိုချစ်တဲ့ ပရိတ်သတ် များ အားလုံး အထူးကျေးဇူးတင်ပါတယ် မဇာလေး အသက် ကို တစ်ခါ မှ မလိမ် ခဲ့ဖူးပါဘူး မဇာလေး ၁၉၉၁ ခုနှစ် မှာအသက် ၁၅ နှစ် နဲ့ မင်းသမီး ဖြစ်တာပါရှင်…၁၉၇၆ ခုနှစ် ဖွားပါ ကျွန်မ ကို ချစ်တဲ့ ပရိတ်သတ် အစစ် ဆိုရင် ကျွန်မ အသက် လိမ်လား မလိမ်လား သိနိုင်ပါ တယ် ရှင် ” လို့ သူမရဲ့လူမှု့ကွန်ယက်မှာ ရေးသားထားတဲ့ သတင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးရေ မင်းသမီးကြီး ခင်ဇာခြည်ကျော် ဟာ အသက် ၁၅ နှစ်နဲ့ မင်းသမီးဖြစ်ခဲ့တာပါတဲ့။ ဒါအပြင် သူမဟာအခုချိန်ထိနုပျိုနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှု့ကို ရရှိပိုင်ဆိုင်ထားနိုင်ပါသေးတယ်။ ခင်ဇာခြည်ကျော် ရဲ့ပရိသတ်တွေရှိရင် ကောမန့်မှာ ချစ်တဲ့အကြောင်းလေးတွေ ရေးသားသွားပေးခဲ့ပါအုန်းနော်။
ZawGyi Version
Latest Posts
Don't Miss