Sunday, November 27, 2022

Latest Posts

အရွယ်ရောက်လာပြီဖြစ်တဲ့ “Scandal Maker” တွင် ပါ၀င်သရုပ်ဆောင် ခဲ့တဲ့ ကလေးလေး Wang Seok-hyun

UNICODE VERSION

“Scandal Maker” တွင် အမေဖြစ်သူ ပါခ့်ဘိုယောင်းနဲ့ ချားတေးဟွန်း တို့ရဲ့ကလေး‌နေရာမှာ သရုပ်ဆောင်တဲ့Wang Seok-hyun ဟာ အခုဆိုရင်အရွယ်ရောက်ကာ အရမ်းလည်းချောပါတယ်။ အဲ့ဇာတ်ကားလေး ဟာ Box Office မှာပါ အောင်မြင်တာကြောင့် Wang Seok-hyun ဟာ “nation’s grandson” ဖြစ်လာပြီး ကြီးမားတဲ့ ချစ်ခြင်းမေတ္တာကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ကလေးလေးဟာ အခုဆိုရင်တော့ အရွယ်ရောက် လာတာပဲဖြစ်ပါတယ်။ မကြာသေးမီက MBC every1 ၏ “South Korean Foreigners” ရှိုးတွင် ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့အစီအစဥ်လေး မှာ “Scandal Maker” ရိုက်ကူးရေး တွင်သူ့ရဲ့ အမေ နေရာက သရုပ်ဆောင်တဲ့ မင်းသမီး ပါခ့်ဘိုယောင်း နဲ့ ကတိပေးတာကြတာကိုပြောခဲ့ပါတယ်။

“ရုပ်ရှင်ထဲမှာ မင်းသမီး ပါခ့်ဘိုယောင်း နောက်ကို ကျွန်တော်က အမြဲတမ်းလိုက်ပါရပါတယ်။ ရုပ်ရှင်ရိုက်ပြီး တဲ့အခါမှာတော့ မင်းသမီး ပါခ့်ဘိုယောင်း နဲ့နှုတ်ဆက်ရတာကို တကယ်မုန်းခဲ့ပါတယ်။ ပါခ့်ဘိုယောင်း ကနောက်တစ်ခါတွေ့ရင် ကျွန်တော့အတွက် ဟင်းတွေ၀ယ်ပေး မယ်လို့ပြောခဲ့ပါတယ်” လို့ဆိုပါတယ်။ “သူမဟာ အခုထက်ထိကျွန်တော့်ကို ကို မ၀ယ်ပေးရသေးပါဘူး။ “လို့ Wang Seok-hyun ကပြောတဲ့အခါမှတေ့ာ အခြားသူတွေရယ်ခဲ့ကြပါတယ်။ ”

အခုတော့ ကျွန်တော်အရွယ်ရောက်ပြီ။ ကျွန်တော် သူမကိုပဲပြန်၀ယ်ကျွေးပါမယ်။ ချာတေးဟွန်း အစ်ကိုကိုလည်း၀ယ်ကျွေးမယ်လို့”ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Wang Seok-hyun ဟာ MBC ရဲ့ Radio Star မှာ‌ပါ၀င်လာပြီး သူဟာ မင်းသမီးပါခ့်ဘိုယောင်းကို လက်ထပ်ဖို့ ၀န်ခံခဲ့တဲ့ အကြောင်းကိုပြောခဲ့ပါတယ်။

“Scandal Makers”ရိုက်ကူရင်း ကျွန်တော် ငိုတော့ မင်းသမီး ကို “ကျွန့်တော့်မငိုတော့ရင် ကျွန်တော့ကို က်ိုလက်ထပ်မလားလို့” မေးခဲ့တယ်လို့ပြောပါတယ်။ Wang Seok-hyun ဟာ အနာဂတ်မှာ ယာဉ်မောင်းလိုင်စင်နဲ့တစ်ယောက်တည်း ပြည်တွင်းခရီးထွက်ချင်ပါတယ်လို့ သူ့ရဲ့ရိုးရှင်းတဲ့အိပ်မက်ကို ဖွင့်ဟခဲ့ပါတယ်။

အရွယ်ရောက်နေပြီဖြစ်တဲ့ Wang Seok-hyun လေးကို ကလေးသရုပ်ဆောင်အနေနဲ့မဟုတ်ဘဲ ကောင်းကောင်း သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ယောက်အဖြစ် အသိအမှတ် ပြုပေးလိုက်ကြရအောင်ပါနော်။

ZAWGYI VERSION

အ႐ြယ္ေရာက္လာတဲ့ “Scandal Maker” တြင္ ပါ၀င္သ႐ုပ္ေဆာင္ ခဲ့တဲ့ ကေလးေလး Wang Seok-hyun

“Scandal Maker” တြင္ အေမျဖစ္သူ ပါခ့္ဘိုေယာင္းနဲ႔ ခ်ားေတးဟြန္း တို႔ရဲ႕ကေလး‌ေနရာမွာ သ႐ုပ္ေဆာင္တဲ့Wang Seok-hyun ဟာ အခုဆိုရင္အ႐ြယ္ေရာက္ကာ အရမ္းလည္းေခ်ာပါတယ္။ အဲ့ဇာတ္ကားေလး ဟာ Box Office မွာပါ ေအာင္ျမင္တာေၾကာင့္ Wang Seok-hyun ဟာ “nation’s grandson” ျဖစ္လာၿပီး ႀကီးမားတဲ့ ခ်စ္ျခင္းေမတၱာကိုရရွိခဲ့တာပဲျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ ကေလးေလးဟာ အခုဆိုရင္ေတာ့ အ႐ြယ္ေရာက္ လာတာပဲျဖစ္ပါတယ္။ မၾကာေသးမီက MBC every1 ၏ “South Korean Foreigners” ရႈိးတြင္ ပါဝင္လာခဲ့တာပဲျဖစ္ပါတယ္။အဲ့အစီအစဥ္ေလး မွာ “Scandal Maker” ႐ိုက္ကူးေရး တြင္သူ႔ရဲ႕ အေမ ေနရာက သ႐ုပ္ေဆာင္တဲ့ မင္းသမီး ပါခ့္ဘိုေယာင္း နဲ႔ ကတိေပးတာၾကတာကိုေျပာခဲ့ပါတယ္။

“႐ုပ္ရွင္ထဲမွာ မင္းသမီး ပါခ့္ဘိုေယာင္း ေနာက္ကို ကြၽန္ေတာ္က အၿမဲတမ္းလိုက္ပါရပါတယ္။ ႐ုပ္ရွင္႐ိုက္ၿပီး တဲ့အခါမွာေတာ့ မင္းသမီး ပါခ့္ဘိုေယာင္း နဲ႔ႏႈတ္ဆက္ရတာကို တကယ္မုန္းခဲ့ပါတယ္။ ပါခ့္ဘိုေယာင္း ကေနာက္တစ္ခါေတြ႕ရင္ ကြၽန္ေတာ့အတြက္ ဟင္းေတြ၀ယ္ေပး မယ္လို႔ေျပာခဲ့ပါတယ္” လို႔ဆိုပါတယ္။ “သူမဟာ အခုထက္ထိကြၽန္ေတာ့္ကို ကို မ၀ယ္ေပးရေသးပါဘူး။ “လို႔ Wang Seok-hyun ကေျပာတဲ့အခါမွေတ့ာ အျခားသူေတြရယ္ခဲ့ၾကပါတယ္။

” အခုေတာ့ ကြၽန္ေတာ္အ႐ြယ္ေရာက္ၿပီ။ ကြၽန္ေတာ္ သူမကိုပဲျပန္၀ယ္ေကြၽးပါမယ္။ ခ်ာေတးဟြန္း အစ္ကိုကိုလည္း၀ယ္ေကြၽးမယ္လို႔”ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က Wang Seok-hyun ဟာ MBC ရဲ႕ Radio Star မွာ‌ပါ၀င္လာၿပီး သူဟာ မင္းသမီးပါခ့္ဘိုေယာင္းကို လက္ထပ္ဖို႔ ၀န္ခံခဲ့တဲ့ အေၾကာင္းကိုေျပာခဲ့ပါတယ္။

“Scandal Makers”႐ိုက္ကူရင္း ကြၽန္ေတာ္ ငိုေတာ့ မင္းသမီး ကို “ကြၽန႔္ေတာ့္မငိုေတာ့ရင္ ကြၽန္ေတာ့ကို က္ိုလက္ထပ္မလားလို႔” ေမးခဲ့တယ္လို႔ေျပာပါတယ္။

Wang Seok-hyun ဟာ အနာဂတ္မွာ ယာဥ္ေမာင္းလိုင္စင္နဲ႔တစ္ေယာက္တည္း ျပည္တြင္းခရီးထြက္ခ်င္ပါတယ္လို႔ သူ႔ရဲ႕႐ိုးရွင္းတဲ့အိပ္မက္ကို ဖြင့္ဟခဲ့ပါတယ္။ အ႐ြယ္ေရာက္ေနၿပီျဖစ္တဲ့ Wang Seok-hyun ေလးကို ကေလးသ႐ုပ္ေဆာင္အေနနဲ႔မဟုတ္ဘဲ ေကာင္းေကာင္း သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသားတစ္ေယာက္အျဖစ္ အသိအမွတ္ ျပဳေပးလိုက္ၾကရေအာင္ပါေနာ္။

Latest Posts

Don't Miss