Tuesday, December 6, 2022

Latest Posts

အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင် မြတ်သူသူ

Unicode Version

MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင် မင်းသမီး မြတ်သူသူ ကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာတစ်ဖန်ပြန်လည် ရေပန်းစားအောင်မြင်နေတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲက အခုလက်ရှိမှာ နောင်တစ်ကြိမ် ပြန်လည်ပြသနေတာဖြစ်ပါတယ် ။ ဒါကြောင့် ဒီဇာတ်လမ်းတွဲမှာ “မြညို” ဆိုတဲ့ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ မြတ်သူသူ က ပရိသတ်တွေရဲ့အားပေးမှုကို ထပ်မံရရှိနေတာ ဖြစ်ပါတယ် ။ ယောက်ျားဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရတဲ့ ဇာတ်ရုပ်နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တဲ့ မြတ်သူသူ က စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ မြတ်သူ ကတော့ ဒီနေ့မှာတော့ အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်။

အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင် မြတ်သူသူ

မြတ်သူ ကတော့သူမကျန်းမာရေးကြောင့် ဆေးရုံတင်လိုက်ရပေမယ့် အရေးကြီးသတင်းတွေနဲ့ နိုင်ငံရေးသတင်းတွေကို ဖုံးလွှမ်းသွားမှာကို စိုးရိမ်နေပါတဲ့ သူမရဲ့စိတ်ဓာတ်ကတော့လေးစားစရာကောင်းပါတယ်။ ဒါကြောင့် ဆေးရုံတင်လိုက်ရပေမယ့် ဘာ‌အကြောင်းကြောင့်တင်လိုက်ရတယ်ဆိုတာတော့ မျှဝေထားခြင်းမရှိပါဖူး။ သူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာတော့ ” အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါနော် မြတ်သူလည်း ချစ်ရတဲ့သူတွေစိတ်မပူရအောင် နောက်ပိုဂရုစိုက်ပါ့မယ် “လို့ရေးသားမျှဝေထားပါတယ်။ သူမဆေးရုံတင်လိုက်ရတဲ့သတင်းကြောင့် အနုပညာရှင်မောင်နှမတွေနဲ့ သူမကိုချစ်တဲ့ ပရိသတ်တွေက စိတ်ပူနေပါတယ်။ သူမရဲ့မျှဝေထားတဲ့ စာပိုဒ်အောက်မှာ ပရိသတ်တွေနဲ့ ရာထောင်ချီတဲ့ကောမန့်တွေနဲ့ အမြန်ဆုံးနေပြန်ကောင်းအောင် ဆုတောင်းပေးထားတာကိုလည်း တွေ့ရပါတယ်။

အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင် မြတ်သူသူ

ကဲ…Cele Only ပရိသတ်ကြီးရေ အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ သရုပ်ဆောင် မြတ်သူသူဇင် အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားခဲ့ပါအုန်းနော်။ မြတ်သူ လဲ အမြန်ဆုံးနေကောင်းကျန်းမာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင် မြတ်သူသူ

ZawGyi Version





Latest Posts

Don't Miss