Saturday, December 3, 2022

Latest Posts

အရင်လိုလေး အမြန်ဆုံးပြန်ဖြစ်ချင်နေပါပြီလို့ ရင်ဖွင့်လိုက်တဲ့ ထားထက်ထက်

Unicode Version

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့လက်ရှိမှာလူတိုင်းမလုပ်နိုင် မသွားရောက်နိုင်တဲ့ ခက်ခဲကြမ်းတမ်းလွန်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်နော်။ အလှမယ်တစ်ဦးလဲဖြစ် နုနယ်တဲ့မိန်းကလေးဖြစ်ပေမယ့် ထားထက်ထက် ဟာ တောတောင်တွေထဲမှာ ယောက်ကျားလေးတွေနဲ့အတူ စစ်သင်တန်းတတ်‌ရောက်နေတာကြောင့် ပရိသတ်တွေကလေးစားအားကျနေရတဲ့ မော်ဒယ်အလှမယ်တစ်ဦးလဲဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ထားထက်ထက် ဟာ ဖခင်ကွယ်လွန်တာတောင် အဝေးကပဲကန်တော့ခဲ့ရတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၆ရက်နေ့မှာတော့ ထားထက်ထက် ဖခင်ကွယ်လွန်သွားခဲ့တာ ၄လပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

အလှမယ် ထားထက်ထက် ဟာကွယ်လွန်သွားတဲ့ ဖခင်ကြီးကိုအရမ်းလွမ်းနေတယ်ဆိုတဲ့အကြောင်းကို အခုလိုပဲရေးသားထားပါတယ်။ ” ၄ လတောင်ပြည့်ခဲ့ပြီ…ဘယ်တော့မှ မေ့မရတဲ့ အမြဲ နာကျင်ရတဲ့ နေ့တနေ့ပါပဲ…မနက်တိုင်း ဖေ့အတွက် မေတ္တာပို့ ဆုတောင်းနေပေမယ့် ဖေ့ဆီပြန်လာဖို့ကိုပဲ နေ့တိုင်းတွေးနေတုန်းပဲ…မနှစ်က ဒီလိုအချိန်ဆို သမီးတို့ မိသားစုတွေ ဖေနဲ့မေနဲ့ကို ကန်တော့ကြရင်း စားချင်တာတွေ လုပ်စား ဝယ်စားကြရင်း ပျော်ပျော်ရွှင်ရွှင်ပဲနော်…တရက် တရက်လဲ အချိန်တွေ အရမ်းကြာသလိုပဲ ခံစားရပါတယ်…အရင်လိုအတိုင်းပဲ အမြန်ဆုံးပြန်ဖြစ်ချင်နေပါပြီ…သမီးတို့တွေ အရင်အတိုင်းပြန်ဖြစ်ရင်တောင် ဖေ့ကိုက ပြန်မတွေ့နိုင် ပြန်မရနိုင်တော့ဘူး … သမီးပြုခဲ့သမျှ ကုသိုလ်ကောင်းမှု ၊ ပြုလုပ်နေဆဲ ကုသိုလ်ကောင်းမှု ၊ နောက်ပြုလုပ်မယ့် ကုသိုလ်ကောင်းမှုအစုစုတွေ အားလုံးက ဖေဖေငြိမ်းချမ်း အေးချမ်းပြီး ကောင်းရာ နေရာမှာရှိနေဖို့ အထောက်အပံ့ဖြစ်ပါစေ…လွမ်းတယ် ဖေဖေ…” လို့ ထားထက်ထက် ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ပရိသတ်ကြီးရေ ထားထက်ထက် ကတော့အရင်လိုအချိန်တွေကို အမြန်ဆုံးပြန်လည်လိုချင်တယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။ မိသားစုနဲ့ ‌ဝေးကွာပြီး လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ အလှမယ်လေး ထားထက်ထက် အတွက်ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားထားပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss