Thursday, December 8, 2022

Latest Posts

အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့အချစ်တော် ဟားငါးကောင် လူရွှင်တော် တိုးကျော် ရဲ့ မွေးနေ့

Unicode Version

ပရိသတ်တွေကို ရယ်မောပျော်ရွင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။

ဟားငါးကောင် ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ရင်ဘတ်ချင်းတူ ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာဆိုရင် အမှန်တရားအတွက် လွတ်‌မြောက်နယ်မြေကို

ရောက်ရှိနေပြီးတောတွင်းတစ်နေရာဖြစ်တာကြောင့် အစားအသောက် အနေအထိုင် ခက်ခဲကြမ်းတမ်းပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၃ ရက်နေ့ကတော့ ဟားငါးကောင် လူရွှင်တော် တိုးကျော် ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။

အဖွဲ့ထဲမှာအသက်အကြီးဆုံးဖြစ်တဲ့ တိုးကျော် ကိုတော့အဖွဲ့ဝင်တွေက အရမ်းကိုချစ်ကြပြီး မွေးနေ့ဆုတောင်းလေးတွေ တောင်းပေးထားကြပါသေးတယ်။

လူရွှင်တော် တိုးကျော် ဟာ ယနေ့ကျရောက်လာတဲ့မွေးနေ့မှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ ဆုတောင်းလေးတစ်ခု တောင်းခဲ့ပါတယ်။

” 3.10.2022 တွင်ရောက်ရှိမည့်ကျွန်တော်ရဲ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်းပြည်မှာကျွန်တော်တို့ပြည်သူ တွေလိုအပ်နေသောဒီမိုကရေစီအစစ်အမှန်ကိုရရှိပြီး ဒီတော်လှန်ရေးကြီး

အမြန်ဆုံးအောင်မြင်ရျ် ခွဲခွါနေတဲ့မိဘ မိသားစုညီကိုမာင်နှမတွေအမြန်ဆုံးပြန်လည်ဆုံတွေ့ နိုင်ကြပါစေ အာဏာရှင်တွေအမြန်ဆုံးကျရှုံးပါစေ အရေးတော်ပုံအောင်ရမည်” လို့ ရေးသားထားတာကို‌ တွေ့ရပါတယ်။

လူရွှင်တော် တိုးကျော် နဲ့ အတူ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ရဲဘော်တွေအားလုံး ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့အတူ ပြန်လည်ဆုံစည်းနိုင်ကြပါစေ။

ZawGyi Version

အမွန္တရားအတြက္ တိုက္ပြဲဝင္ေနတဲ့ ျပည္သူ႔အခ်စ္ေတာ္ ဟားငါးေကာင္ လူ႐ႊင္ေတာ္ တိုးေက်ာ္ ရဲ႕ ေမြးေန႔

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ြင္ေအာင္ ျပက္လုံးေတြနဲ႔ တင္ဆက္ေပးေနက်ျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕ ဟာဆိုရင္ ပရိသတ္အခ်စ္ေတာ္ အၿငိမ့္အဖြဲ႕ပဲျဖစ္ပါတယ္။

ဟားငါးေကာင္ ဟာဆိုရင္ေတာ့ အာဏာစသိမ္းတဲ့အခ်ိန္ကစၿပီး အမွန္တရားအတြက္ ျပည္သူေတြနဲ႔အတူ အေစာဆုံးရပ္တည္ခဲ့တဲ့ အဖြဲ႕ပဲျဖစ္ပါတယ္။

ဟားငါးေကာင္အဖြဲ႕ကို တိုင္းေက်ာ္၊ျပည္ေက်ာ္၊ဝိုင္းေက်ာ္၊ပိုးေလး၊တိုးေက်ာ္ အစရွိတဲ့အဖြဲ႕ဝင္ငါးေယာက္နဲ႔ ဖြဲ႕စည္းထားတာပဲ ျဖစ္ပါတယ္။

အမွန္တရားဘက္ေတာ္သားေတြျဖစ္ၾကတဲ့ သူတို႔ငါးဦးဟာ တတ္ညီလက္ညီနဲ႔ အာဏာရွင္ကိုတြန္းလွန္ဖို႔ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။

ရင္ဘတ္ခ်င္းတူ ညီအစ္ကိုငါးေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ သူတို႔အဖြဲ႕ဟာဆိုရင္ အမွန္တရားအတြက္ လြတ္‌ေျမာက္နယ္ေျမကို

ေရာက္ရွိေနၿပီးေတာတြင္းတစ္ေနရာျဖစ္တာေၾကာင့္ အစားအေသာက္ အေနအထိုင္ ခက္ခဲၾကမ္းတမ္းပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ ၃ ရက္ေန႔ကေတာ့ ဟားငါးေကာင္ လူ႐ႊင္ေတာ္ တိုးေက်ာ္ ရဲ႕ ေမြးေန႔ပဲျဖစ္ပါတယ္။

အဖြဲ႕ထဲမွာအသက္အႀကီးဆုံးျဖစ္တဲ့ တိုးေက်ာ္ ကိုေတာ့အဖြဲ႕ဝင္ေတြက အရမ္းကိုခ်စ္ၾကၿပီး ေမြးေန႔ဆုေတာင္းေလးေတြ ေတာင္းေပးထားၾကပါေသးတယ္။

လူ႐ႊင္ေတာ္ တိုးေက်ာ္ ဟာ ယေန႔က်ေရာက္လာတဲ့ေမြးေန႔မွာ ေတာ္လွန္ေရးနဲ႔ပတ္သက္တဲ့ ဆုေတာင္းေလးတစ္ခု ေတာင္းခဲ့ပါတယ္။

” 3.10.2022 တြင္ေရာက္ရွိမည့္ကြၽန္ေတာ္ရဲ႕ေမြးေန႔မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာ တိုင္းျပည္မွာကြၽန္ေတာ္တို႔ျပည္သူ ေတြလိုအပ္ေနေသာဒီမိုကေရစီအစစ္အမွန္ကိုရရွိၿပီး ဒီေတာ္လွန္ေရးႀကီး

အျမန္ဆုံးေအာင္ျမင္ရ်္ ခြဲခြါေနတဲ့မိဘ မိသားစုညီကိုမာင္ႏွမေတြအျမန္ဆုံးျပန္လည္ဆုံေတြ႕ ႏိုင္ၾကပါေစ အာဏာရွင္ေတြအျမန္ဆုံးက်ရႈံးပါေစ အေရးေတာ္ပုံေအာင္ရမည္” လို႔ ေရးသားထားတာကို‌ ေတြ႕ရပါတယ္။

လူ႐ႊင္ေတာ္ တိုးေက်ာ္ နဲ႔ အတူ အမွန္တရားအတြက္ တိုက္ပြဲဝင္ေနၾကတဲ့ ျပည္သူ႔ရဲေဘာ္ေတြအားလုံး ေဘးကင္းက်န္းမာစြာနဲ႔ မိသားစုနဲ႔အတူ ျပန္လည္ဆုံစည္းႏိုင္ၾကပါေစ။

Latest Posts

Don't Miss