Friday, January 27, 2023

Latest Posts

အမှန်တရားဘက်တော်သားတစ်ဦးဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ရဲ့ဘဝအကြောင်း

Unicode Version

ဒီကနေ့မှာဆိုရင်တော့ မိန်းကလေးတွေ တော်တော်များများရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကို ပရိတ်သတ်တွေ တ်ောတော်များများကတော့ အဖျားစွတ်ပြီး ခွန်ခွန် လို့ခေါ်ကြလေ့ရှိပါတယ်။ ပိုင်တံခွန်ကို ၁၉၉၆ခုနှစ် ၉လပိုင်း ၁၇ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ အင်္ဂါသားတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ရာသီခွင်ကတော့ leo ဖြစ်ပါတယ်။အရပ်ကတော့ ၁၈၈ cm ရှိပြီးတော့ ဇာတိကတော့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ဖြစ်ပြီး မိဘတွေကတော့ ဦးထွန်းမိုးနဲ့ ဒေါ်ခင်ကြူတို့ဖြစ်ပါတယ်။ မွေးချင်း ‌ခြောက်ယောက်ရှိတဲ့ အနက်မှာမှ စတုတ္ထမြောက်သား လည်းဖြစ်ပါတယ်။ အစ်ကိုကြီး၊ အစ်မနှစ်ယောက်နဲ့ ညီ၂ယောက်ရှိပါတယ်။ ငယ်စဥ်အခါက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခမောက်ကြီးမှ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာတော့ မော်ဒယ်လုပ်ဖို့အတွက် ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။အခုချိန်မှာဆိုရင်တော့ ရန်ကုန်မှာရှိတဲ့ ဒဂုံတက္ကသိုလ်အဝေးသင်ပညာရေးမှာ စိတ်ပညာမေဂျာအထူးပြုလေ့လာနေပါတယ်။

ပိုင်တံခွန်တစ်ယောက်ကတော့ ဝါသနာပါရာမော်ဒယ်အလုပ်ကို လုပ်ဆောင်နိုင်ဖို့အတွက် ၂၀၁၄မှာ John Lwin Model သင်တန်းနဲ့ ချိတ်ဆက်ခဲ့သည်။ ဂျွန်လွင်ထံမှာ ‌မော်ဒယ်ပညာနှင့် Catwalk လျှောက်နည်းတွေကို သင်ယူခဲ့သည်။ နောက်ပိုင်းမှာဆိုရင်တော့ John Lwin International Model Agency ရဲ့ကြော်ငြာပွဲများတွင် ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့အနုပညာအလုပ်တွေကို တစ်စတစ်စ ချဲ့ထွင်လာခဲ့ပါတယ်။ တီဗီကြော်ငြာတွေ၊ သီချင်းဗီဒီယိုများနှင့် ဖက်ရှင်မဂ္ဂဇင်းတွေမှာလဲ လည်း ပါဝင်လာနိုင်ခဲ့ပါတယ်။သူရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် မော်ဒယ်လောကမှာ ပိုင်တံခွန်ဆိုတဲ့ နာမည်တစ်လုံးကိုရရှိလာခဲ့ပါတယ်။၂၀၁၆ ခုနှစ်တွင် နန်းဆုရတီစိုးနှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော “Asean Celebrity Explore Quest Malaysia 2016” (ACEQM) တွင် နိုင်ငံကိုယ်စားပြုအနုပညာရှင်အဖြစ် တက်ရောက်ခဲ့သည်။ အဲ့ဒီ့ပွဲမှာဆိုရင်တော့ ပိုင်တံခွန်နှင့် နန်းဆုရတီစိုးတို့နှစ်ဉီးဟာ မြန်မာရိုးရာယဥ်ကျေးမှု အကတစ်ခုဖြစ်တဲ့ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို ကပြဖျော်ဖြေခဲ့ပါသည်။

မော်ဒယ်လောကမှာ အတော်အသင့်အောင်မြင်ပြီးတဲ့ နောက်ပိုင်းမှာဆိုရင်တော့ သူဝါသနာပါရာ သရုပ်ဆောင်တစ်ယောက် ဖြစ်လာစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် သန်းခေါင်ယံခရီးသည်များ Midnight Traveler လို့ခေါ်တဲ့ ရုပ်ရှင်တွင် ဇာတ်ဆောင်မင်းသားအဖြစ် နန်းခင်ဇေယျာနှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် Bad Boy 2 ဆိုတဲ့ ရုပ်ရှင်ကားမှာလည်း တွင်လည်း ဇာတ်ဆောင်မင်းသားအဖြစ် သရုပ်ဆောင် ဇေရဲထက် ၊ ပက်ထရစ်ရှာတို့နှင့်အတူ တွဲဖက်သရုပ်‌ဆောင်ခဲ့သည်။ သူထူးစံ အကယ်ဒမီရရှိခဲ့တဲ့ သမန်းကျားရုပ်ရှင်ဇာတ်ကားတွင်လည်း ပိုင်တံခွန်သည် အိန်ဂျယ်လမုန်နှင့်အတူ ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် Documentry ဇာတ်လမ်းတွဲတစ်ခုဖြစ်သော ခရီးသွားကောက်ကြောင်းတွင် ဇာတ်ဆောင်မင်းသားအဖြစ်ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ငြိမ်းသော်၊ ချမ်းမင်းရဲထွဋ်နှင့် သင်ဇာဝင့်ကျော်တို့ပါဝင်သော “သူဘယ်သူလဲရုပ်ရှင်ကား”တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ပိုင်တံခွန်သည် “Asean Celebrity Explore Quest Malaysia 2016” (ACEQM) ၏ သံအမတ်တစ်ဦးလည်း ဖြစ်သည်။သူရဲ့ယောကျာ်းပီသလှတဲ့ ရုပ်ရည်ကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ ပရိတ်သတ်တွေကြား မှာရေပန်းစားလာခဲ့ပါတယ်။သူအရမ်းကို ကြိုက်နှစ်သက်ခဲ့ရတဲ့ ထိုင်းမင်းသမီးလေး တစ်ယောက်ဖြစ်တဲ့ baifernနဲ့ 711ဆိုတဲ့ ပေါက်စီကြော်ငြာ ရိုက်ကူးခဲ့ပါသေးတယ်။နောက်ပြီးတော့ ထိုင်းနိုင်ငံက ပရိတ်သတ်တွေအတွက် ဩဂုတ်လ ၃ရက် ၂၀၁၉ ခုနှစ်မှာ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ fan meetingလုပ်ပြီး ပရိတ်သတ်တွေ့ဆုံခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာဆိုရင်တော့ OPPO MYANMAR, TELENOR MYANMAR, SUNKIST MYANMAR, T247 ENERGY DRINK နှင့် SAILUN TIRE MYANMAR တို့ရဲ့ အမှတ်တံဆိပ်သံအမတ်အဖြစ် ဖြစ်လာခဲ့ပါတယ်။ ငယ်စဥ်ကတည်းက အနုပညာဝါသနာပါသူတစ်ဦးဖြစ်ပြီး ပန်းချီဆွဲရတာကိုလည်း နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သီချင်းဆိုတာကိုလည်း သဘောကျတာကြောင့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ရက်နေ့မှာ ချစ်သူ လို့အမည်ရတဲ့ တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ့အယ်လ်ဘမ်ကနေ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို အနန္တမေတ္တာမိဘမဲ့ကျောင်းသို့ လှူဒါန်းခဲ့သည်။ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို သားသမီးလို ချစ်တတ်ပြီး သနားကြင်နာတတ်တဲ့ စိတ် လေး ရှိတဲ့ သူလေးဖြစ်ပါတယ်။၂၀၂၁ ကတော့ပိုင်တံခွန်အတွက် အရမ်းကို ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။ သူ့ရဲ့သာသနာ့ဘောင်ကို ဝင်ရောက်နေစဥ်မှာ ရိုက်ကူးခဲ့တဲ့ ဘုန်းကြီး ဝတ်နဲ့ ဓာတ်ပုံတွေဟာဆိုရင်တော့ တရုတ် နီပေါ ထိုင်ဝမ် ဂျပန် လာအို အပြင် အခြားသော အာရှ နိုင်ငံတွေကို ပျံ့နှံ့ခဲ့ပါတယ်။အလွန်ကြည်ညိုစရာကောင်းလွန်းတာကြောင့် အမျိုးသမီးထုတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး နိုင်ငံတကာကို ပထမဆုံးထိုးဖောက်နိုင်တဲ့ မော်ဒယ်မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့စကားသံဝဲဝဲလေးက ပရိတ်သတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိင်တဲ့ အကြောင်းရင်းထဲကတစ်ခုလို့လည်းပြောလို့ရပါသေးတယ်။ TC Candler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာ့နိုင်ငံအသီးသီမှ နာမည်ကြီး အမျိုးသား အနုပညာရှင်တွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချော မောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) မှာ ရပ်တည်နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံ အတွက်တကယ့်ကို ဂုဏ်ယူစရာ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။

ZawGyi Version

အမွန္တရားဘက္ေတာ္သားတစ္ဦးျဖစ္တဲ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ ရဲ႕ဘဝအေၾကာင္း

ဒီကေန႔မွာဆိုရင္ေတာ့ မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားေနတဲ့ ေမာ္ဒယ္မင္းသားေခ်ာေလး ပိုင္တံခြန္ရဲ႕ အေၾကာင္းကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ ပိုင္တံခြန္ကို ပရိတ္သတ္ေတြ တ္ောေတာ္မ်ားမ်ားကေတာ့ အဖ်ားစြတ္ၿပီး ခြန္ခြန္ လို႔ေခၚၾကေလ့ရွိပါတယ္။ ပိုင္တံခြန္ကို ၁၉၉၆ခုႏွစ္ ၉လပိုင္း ၁၇ရက္ေန႔တြင္ ေမြးဖြားခဲ့ပါတယ္။ အဂၤါသားတစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ရဲ႕ရာသီခြင္ကေတာ့ leo ျဖစ္ပါတယ္။အရပ္ကေတာ့ ၁၈၈ cm ရွိၿပီးေတာ့ ဇာတိကေတာ့ တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕နယ္ျဖစ္ၿပီး မိဘေတြကေတာ့ ဦးထြန္းမိုးနဲ႔ ေဒၚခင္ၾကဴတို႔ျဖစ္ပါတယ္။ ေမြးခ်င္း ‌ေျခာက္ေယာက္ရွိတဲ့ အနက္မွာမွ စတုတၳေျမာက္သား လည္းျဖစ္ပါတယ္။ အစ္ကိုႀကီး၊ အစ္မႏွစ္ေယာက္နဲ႔ ညီ၂ေယာက္ရွိပါတယ္။ ငယ္စဥ္အခါက အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္း ခေမာက္ႀကီးမွ အထက္တန္းေအာင္ျမင္ခဲ့ပါတယ္။ ၂၀၁၄ခုႏွစ္မွာေတာ့ ေမာ္ဒယ္လုပ္ဖို႔အတြက္ ရန္ကုန္ကိုေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။အခုခ်ိန္မွာဆိုရင္ေတာ့ ရန္ကုန္မွာရွိတဲ့ ဒဂုံတကၠသိုလ္အေဝးသင္ပညာေရးမွာ စိတ္ပညာေမဂ်ာအထူးျပဳေလ့လာေနပါတယ္။

ပိုင္တံခြန္တစ္ေယာက္ကေတာ့ ဝါသနာပါရာေမာ္ဒယ္အလုပ္ကို လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ၂၀၁၄မွာ John Lwin Model သင္တန္းနဲ႔ ခ်ိတ္ဆက္ခဲ့သည္။ ဂြၽန္လြင္ထံမွာ ‌ေမာ္ဒယ္ပညာႏွင့္ Catwalk ေလွ်ာက္နည္းေတြကို သင္ယူခဲ့သည္။ ေနာက္ပိုင္းမွာဆိုရင္ေတာ့ John Lwin International Model Agency ရဲ႕ေၾကာ္ျငာပြဲမ်ားတြင္ ပါဝင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူ႔ရဲ႕အႏုပညာအလုပ္ေတြကို တစ္စတစ္စ ခ်ဲ႕ထြင္လာခဲ့ပါတယ္။ တီဗီေၾကာ္ျငာေတြ၊ သီခ်င္းဗီဒီယိုမ်ားႏွင့္ ဖက္ရွင္မဂၢဇင္းေတြမွာလဲ လည္း ပါဝင္လာႏိုင္ခဲ့ပါတယ္။သူရဲ႕ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ ေမာ္ဒယ္ေလာကမွာ ပိုင္တံခြန္ဆိုတဲ့ နာမည္တစ္လုံးကိုရရွိလာခဲ့ပါတယ္။၂၀၁၆ ခုႏွစ္တြင္ နန္းဆုရတီစိုးႏွင့္အတူ အင္ဒိုနီးရွားႏိုင္ငံတြင္ က်င္းပေသာ “Asean Celebrity Explore Quest Malaysia 2016” (ACEQM) တြင္ ႏိုင္ငံကိုယ္စားျပဳအႏုပညာရွင္အျဖစ္ တက္ေရာက္ခဲ့သည္။ အဲ့ဒီ့ပြဲမွာဆိုရင္ေတာ့ ပိုင္တံခြန္ႏွင့္ နန္းဆုရတီစိုးတို႔ႏွစ္ဉီးဟာ ျမန္မာ႐ိုးရာယဥ္ေက်းမႈ အကတစ္ခုျဖစ္တဲ့ ဦးေ႐ႊ႐ိုးႏွင့္ ေဒၚမိုးအကကို ကျပေဖ်ာ္ေျဖခဲ့ပါသည္။

ေမာ္ဒယ္ေလာကမွာ အေတာ္အသင့္ေအာင္ျမင္ၿပီးတဲ့ ေနာက္ပိုင္းမွာဆိုရင္ေတာ့ သူဝါသနာပါရာ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာေစဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္တြင္ သန္းေခါင္ယံခရီးသည္မ်ား Midnight Traveler လို႔ေခၚတဲ့ ႐ုပ္ရွင္တြင္ ဇာတ္ေဆာင္မင္းသားအျဖစ္ နန္းခင္ေဇယ်ာႏွင့္အတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့သည္။ ထို႔ေနာက္ Bad Boy 2 ဆိုတဲ့ ႐ုပ္ရွင္ကားမွာလည္း တြင္လည္း ဇာတ္ေဆာင္မင္းသားအျဖစ္ သ႐ုပ္ေဆာင္ ေဇရဲထက္ ၊ ပက္ထရစ္ရွာတို႔ႏွင့္အတူ တြဲဖက္သ႐ုပ္‌ေဆာင္ခဲ့သည္။ သူထူးစံ အကယ္ဒမီရရွိခဲ့တဲ့ သမန္းက်ား႐ုပ္ရွင္ဇာတ္ကားတြင္လည္း ပိုင္တံခြန္သည္ အိန္ဂ်ယ္လမုန္ႏွင့္အတူ ပါဝင္ သ႐ုပ္ေဆာင္ခဲ့သည္။ ၂၀၁၉ ခုႏွစ္ မတ္လတြင္ Documentry ဇာတ္လမ္းတြဲတစ္ခုျဖစ္ေသာ ခရီးသြားေကာက္ေၾကာင္းတြင္ ဇာတ္ေဆာင္မင္းသားအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရသည္။ ၂၀၁၉ ခုႏွစ္ ဧၿပီလတြင္ ၿငိမ္းေသာ္၊ ခ်မ္းမင္းရဲထြဋ္ႏွင့္ သင္ဇာဝင့္ေက်ာ္တို႔ပါဝင္ေသာ “သူဘယ္သူလဲ႐ုပ္ရွင္ကား”တြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည္။ ပိုင္တံခြန္သည္ “Asean Celebrity Explore Quest Malaysia 2016” (ACEQM) ၏ သံအမတ္တစ္ဦးလည္း ျဖစ္သည္။သူရဲ႕ေယာက်ာ္းပီသလွတဲ့ ႐ုပ္ရည္ေၾကာင့္ ထိုင္းႏိုင္ငံမွာရွိတဲ့ ပရိတ္သတ္ေတြၾကား မွာေရပန္းစားလာခဲ့ပါတယ္။သူအရမ္းကို ႀကိဳက္ႏွစ္သက္ခဲ့ရတဲ့ ထိုင္းမင္းသမီးေလး တစ္ေယာက္ျဖစ္တဲ့ baifernနဲ႔ 711ဆိုတဲ့ ေပါက္စီေၾကာ္ျငာ ႐ိုက္ကူးခဲ့ပါေသးတယ္။ေနာက္ၿပီးေတာ့ ထိုင္းႏိုင္ငံက ပရိတ္သတ္ေတြအတြက္ ဩဂုတ္လ ၃ရက္ ၂၀၁၉ ခုႏွစ္မွာ တြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ fan meetingလုပ္ၿပီး ပရိတ္သတ္ေတြ႕ဆုံခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္မွာဆိုရင္ေတာ့ OPPO MYANMAR, TELENOR MYANMAR, SUNKIST MYANMAR, T247 ENERGY DRINK ႏွင့္ SAILUN TIRE MYANMAR တို႔ရဲ႕ အမွတ္တံဆိပ္သံအမတ္အျဖစ္ ျဖစ္လာခဲ့ပါတယ္။ ငယ္စဥ္ကတည္းက အႏုပညာဝါသနာပါသူတစ္ဦးျဖစ္ၿပီး ပန္းခ်ီဆြဲရတာကိုလည္း ႏွစ္သက္တဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ သီခ်င္းဆိုတာကိုလည္း သေဘာက်တာေၾကာင့္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာ ၂၆ရက္ေန႔မွာ ခ်စ္သူ လို႔အမည္ရတဲ့ တစ္ကိုယ္ေတာ္သီခ်င္းအယ္လ္ဘမ္မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီ့အယ္လ္ဘမ္ကေန ရရွိတဲ့ အက်ိဳးအျမတ္အားလုံးကို အနႏၲေမတၱာမိဘမဲ့ေက်ာင္းသို႔ လႉဒါန္းခဲ့သည္။ပိုင္တံခြန္ကေတာ့ တိရစာၦန္ေလးေတြကို သားသမီးလို ခ်စ္တတ္ၿပီး သနားၾကင္နာတတ္တဲ့ စိတ္ ေလး ရွိတဲ့ သူေလးျဖစ္ပါတယ္။၂၀၂၁ ကေတာ့ပိုင္တံခြန္အတြက္ အရမ္းကို ကံေကာင္းတဲ့ ႏွစ္တစ္ႏွစ္လို႔ေျပာလို႔ရပါတယ္။ သူ႔ရဲ႕သာသနာ့ေဘာင္ကို ဝင္ေရာက္ေနစဥ္မွာ ႐ိုက္ကူးခဲ့တဲ့ ဘုန္းႀကီး ဝတ္နဲ႔ ဓာတ္ပုံေတြဟာဆိုရင္ေတာ့ တ႐ုတ္ နီေပါ ထိုင္ဝမ္ ဂ်ပန္ လာအို အျပင္ အျခားေသာ အာရွ ႏိုင္ငံေတြကို ပ်ံ႕ႏွံ႔ခဲ့ပါတယ္။အလြန္ၾကည္ညိဳစရာေကာင္းလြန္းတာေၾကာင့္ အမ်ိဳးသမီးထုေတြရဲ႕ စိတ္ဝင္စားမႈကို ခံခဲ့ရၿပီး ႏိုင္ငံတကာကို ပထမဆုံးထိုးေဖာက္ႏိုင္တဲ့ ေမာ္ဒယ္မင္းသားတစ္လက္ျဖစ္လာခဲ့ပါတယ္။သူ႔ရဲ႕စကားသံဝဲဝဲေလးက ပရိတ္သတ္ေတြရဲ႕ အသည္းႏွလုံးကို ဖမ္းစားထားနိင္တဲ့ အေၾကာင္းရင္းထဲကတစ္ခုလို႔လည္းေျပာလို႔ရပါေသးတယ္။ TC Candler ရဲ႕ The Most Handsome Face Of 2020 မွာ ကမာၻ႔ႏိုင္ငံအသီးသီမွ နာမည္ႀကီး အမ်ိဳးသား အႏုပညာရွင္ေတြကို ေက်ာ္ျဖတ္ၿပီး ကမာၻ႔အေခ်ာ ေမာဆုံး အမ်ိဳးသားအျဖစ္ နံပါတ္ (၁၀) မွာ ရပ္တည္ႏိုင္ခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံ အတြက္တကယ့္ကို ဂုဏ္ယူစရာ ကိစၥတစ္ခုျဖစ္လာခဲ့ပါတယ္။အမှန်တရားဘက်တော်သား မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ရဲ့ဘဝအကြောင်း

Latest Posts

Don't Miss