Monday, November 28, 2022
Latest Posts
အမျိုးသားနဲ့ ခြောက်လလေးပဲ ပေါင်းခဲ့ရပေမယ့် မပြစ်ရက်ဘူးဆိုတဲ့ မို့မို့မြင့်အောင်
Unicode Version
မို့မို့မြင့်အောင် ဟာ ယခုအချိန်မှာ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေပြီး နေမကောင်းတဲ့ ခင်ပွန်းသည်ရဲ့အနားကနေ သစ္စာရှိရှိ ရပ်တည်နေတဲ့ ဇနီးမယားတစ်ယောက်ဖြစ်ပါတယ်။ မို့မို့မြင့်အောင် ရဲ့ အိမ်ထောင်ရေးခံယူချက်တွေဟာ အရမ်းမှတ်သားစရာကောင်းလွန်းလို့ အတုယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
အမျိုးသားနဲ့ ခြောက်လလေးပဲ ပေါင်းခဲ့ရပေမယ့် မပြစ်ရက်ဘူးဆိုတဲ့ မို့မို့မြင့်အောင်
ရုပ်ရှင်သမားတွေတော့သိရင်သိမယ် အမယ်လေးဆိုတဲ့စကားက တော်တော်ဒဏ်ပြင်းတာ စီးပွားရေးကျသွားတယ် ဘာကြောင့်ကျလဲ Accident ဖြစ်တယ် အရေးခင်းဖြစ်တယ်။ ဦးမောင်မောင်ကျော် နာလန်မထူနိုင်တော့ဘူးဆိုတော့ သူ့ပိုက်ဆံတွေကို အကုန်လုံး ဘတ်သွားတယ်။ ဒါပေမယ့် တခုရှိတယ်။
အမျိုးသားနဲ့ ခြောက်လလေးပဲ ပေါင်းခဲ့ရပေမယ့် မပြစ်ရက်ဘူးဆိုတဲ့ မို့မို့မြင့်အောင်
မို့ကတော့ ဒေါက်ထောက်ပြီးလာတယ်။ မိုးဘဝမှာ ခုနကပြောသလိုပေါ့ လူဆန်ရမယ်။ ပေါင်းတာက ခြောက်လလေးနဲ့ တချို့တွေဆို ထွက်ပြေးရင်ပြေးမှာပေါ့ မပြေးရက်ဘူး မို့ သူ့ကိုချစ်လို့ယူတာ ဦးနှောက်နဲ့ ယူတာ မှန်တယ်။ ဦးနှောက်နဲ့ပဲသွားတွက်ပြီးရင်တော့ မှားသွားမှာပေါ့။ ချစ်လို့ယူတာကြောင့် ဘဝကိုရပ်တည်တယ်။
အဲဒီမှာတင် မို့ စီးပွားရေးတွေ အရေးခင်းကလည်းဖြစ်၊ ပိုက်ဆံကလည်း ဘတ်သွား အဲဒီမှာတင် တော်တော်လေး ကသီတာပေါ့ ဒါပေမယ့် မို့ ဒေါက်ထောက်တယ်။ လူကိုလည်း ထမ်းပိုးပြီးတော့ လေ့ကျင့်သလို စီးပွားရေးကိုလည်းထမ်းပိုးပြီးတော့ ဇီးရိုးကိုရိုက်ခွဲပြီးလှုပ်ရှားခဲ့ရတာပေါ့။ နောက်အိမ်ထောင်ပြုဖို့တစ်ယောက်မှ စိတ်မဝင်စားဘူး။ ဗမာပြည်မှာ ကိုယ်အရင်တုန်းက ကိုယ့်ကုသိုလ်ကံကြောင့်သာ ဒီလိုမျိုးဖြစ်ရင်ဖြစ်သွားမယ်။
အသည်းနှလုံးက သက်သက်တဏ္ဍပေါ့နော် မို့အမျိုးသားက သိပ်ယောက်ကျားပီသတယ်။ အပို ဘာမှမရှိဘူး။ ယောက်ကျားအရမ်းပီသတယ်။ အဲဒါ တစ်အချက်ချစ်တာပေါ့ နောက်တခါ ယှဉ်လိုက်လေ မို့အမျိုးသားကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှမှမရှိတာ သူလည်းမို့အပေါ်သစ္စာရှိစွာနဲ့ ဒီလိုနေပြတယ်လေ။
သူသည်လွတ်လပ်စွာနေပြသည်။ မို့ သူများအိမ်ထောင်ရေးကိုဖျက်စီးတဲ့ မိန်းမ အဖြစ်မခံနိုင်ဘူး။ သူအိမ်ထောင်ရေးအဆင်မပြေဘူး။ ဒါဆိုရင်တော့ နင်ပြတ်မှ မို့လက်ခံလို့ရမယ်။ မို့က ၇ ရက်သားသမီး ပရိသတ်ချစ်နေတဲ့သူတစ်ယောက်က သူများမုန်းတာကိုမခံနိုင်ဘူး။ အဲတော့သူနေပြတယ် နေပြတဲ့အတွက်ကြောင့်မို့ ၂ နှစ်ကိုနေပြီးတော့မှ မို့ လက်ခံမယ်။
မို့မိဘကိုသွားတောင်းပြီးတော့မှ မို့မိဘသဘောတူပြီးတော့မှ မို့လက်ခံပြီးယူတာ။ ဒါပေမယ့် ကံကြမ္မာဆိုတာကတော့ဒီလိုပါပဲ။ တဖြောင့်ကြီးတော့မရှိပါဘူး ဒီလိုအခြေနေမှာ သူနေပြရင်ကိုယ်ကလည်းပြန်နေပြရမယ်လေ။ ၆ လလေးနဲ့တော့ မို့အမျိုးသားကို မပစ်ရက်ဘူး။ ဒါမို့သစ္စာတရား။ အသက်ကလည်း ၂၁ နှစ်ကွာသေးတယ်နော်။ အဲဒါကို အဲလိုနေပြတာ။
အမှန်ကိုပြောရရင်တော့ ချစ်တာလည်းပါတယ်။ ဘဝမှာနောက်ထပ်အတွေ့အကြုံတခုပြောရရင်တော့ ဖြစ်ခဲ့ရတဲ့အတွေ့အကြုံတခုရှိခဲ့တယ်။ ငါနောက်ထပ် အဲလိုမျိုးအဖြစ်မခံနိုင်တော့ဘူး။ အိမ်ထောင်တခါကွဲတာ တခါနာခဲ့ရပြီးပြီ။ အဲလိုရင်နာမှုမျိုးကို ကိုယ်လည်း အနာမခံနိုင်သလို ကိုယ့်အမျိုးသားကိုလည်း အနာမခံနိုင်ဘူးလေ။
အဲ့တော့ ကိုယ့်ယောက်ကျားလမ်းမလျှောက်နိုင်ဦးတော့။ ကိုယ့်ကိုရပ်တည်ပေးနေတယ် ဖေးမပေးနေတယ်။ ချစ်လေးရေ ထမင်းစားဦးကွယ်။ တော်ကြာကျ သိပ်ပိန်မယ်။ ချစ်လေးရေ သိပ်များနေပြီ ပန်းကန်တွေသိမ်းကြတော့ဆိုတာက ရှိသေးတယ်။ အဲဒါမျိုးလေးပဲရှိပါတယ် မို့အရမ်းချစ်ပါတယ်။ အဓိကက ဘာတွေညာတွေပါဖို့အဓိကမဟုတ်ပါဘူး။ လင်မယားနှစ်ယောက်ချစ်နေဖို့အဓိကပါပဲ။ လို့ သူမရဲ့ အိမ်ထောင်ရေးခံယူချက်တွေအပေါ် ပြောသွားခဲ့ပါတယ်။
ZawGyi Version
Latest Posts
Don't Miss