Sunday, November 27, 2022

Latest Posts

အမေမျှော်နေပြီ ပြန်လာသင့်နေပြီလို့ ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ ပိုင်တံခွန် အစ်မ

Unicode Version

ပရိသတ်ကြီးရေ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန် ဟာပြည်တွင်းသာမကပြည်ပထိ နာမည်ကြီးကျော်ကြားတာပဲဖြစ်ပါတယ်။ အရပ်ရှည်ရှည်နဲ့ဆွဲဆောင်မှု့ရှိပြီးတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ပါတယ်။ ပိုင်တံခွန် ဟာဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူတူရပ်တည်ခဲ့တာကြောင့် ‌၅၀၅ ကနဲ့တရားစွဲဆိုခံရပြီးနောက် ‌ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ တိမ်းရှောင်နေရင်းကျန်းမာရေးအခြေအနေကြောင့် မြောက်ဒဂုံနေအိမ်ကိုပြန်လာရင်း ‌အင်အား‌သုံးပြီးဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိမှာ ပိုင်တံခွန် ဟာအင်းစိန်ထောင်မှာ ဖမ်းဆီးခံထားတာဆိုရင်တော့ ကိုးလကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ပိုင်တံခွန် အစ်မဖြစ်သူ မေချစ်သွေးကတော့ အမေမျှော်နေပြီ ပြန်လာသင့်နေပြီလို့ ဝမ်းနည်းစွာ ရင်ဖွင့်လာခဲ့ပါတယ်။

” မြန်မြန်ပြန်လာပါတော့ ပိုင်..နင့်ရဲ့ လေ့လာရေးခရီးစဥ်က အရမ်းကြာနေပြီလေ အမေလည်း မျှော်လှပြီပြန်လာသင့်နေပြီလေကွာ…”ဆိုပြီး မေချစ်သွေးက သူမရဲ့ဖေ့ဘွတ်အကောင့်မှာ ရေးသားထားတာကြောင့် ပရိသတ်တွေလဲ ဝမ်းနည်းနေကြပါတယ်။ အနုပညာရှင်မောင်နှမအချို့ရဲ့အားပေးစကားလေးတွေကိုလဲတွေ့ရပါတယ်။ မကြာသေးခင်က လွတ်မြောက်ချမ်းသာခွင့်မှာ ပြန်လည်လွတ်မြောက်လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် ပိုင်တံခွန် နဲ့ အခြားအနုပညာရှင်တွေဟာလွတ်မြောက်စာရင်းမှာ မပါဝင်ခဲ့ပြန်ပါဖူး။ ပိုင်တံခွန် ရဲ့ကျန်းမာရေးအခြေအနေကတော့ လွန်ခဲ့တဲ့လပိုင်းလောက်က အစားမှားပြီးဝမ်းလျောခဲ့တယ်လို့သိရပြီးတော့ လက်ရှိမှာတော့ ကောင်းမွန်တယ်လို့ ပိုင်တံခွန် ရဲ့ရှေ့နေ့မှတစ်ဆင့်သိရပါတယ်။

ပြည်သူချစ်မော်ဒယ်မင်းသားချော ပိုင်တံခွန်အမြန်ဆုံးလွတ်မေြာက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားသွားခဲ့ပါအုန်းနော်။

ZawGyi Version

အေမေမွ်ာ္ေနၿပီ ျပန္လာသင့္ေနၿပီလို႔ ဝမ္းနည္းစြာ ရင္ဖြင့္လာတဲ့ ပိုင္တံခြန္ အစ္မ

ပရိသတ္ႀကီးေရ ေမာ္ဒယ္မင္းသားေခ်ာေလး ပိုင္တံခြန္ ဟာျပည္တြင္းသာမကျပည္ပထိ နာမည္ႀကီးေက်ာ္ၾကားတာပဲျဖစ္ပါတယ္။ အရပ္ရွည္ရွည္နဲ႔ဆြဲေဆာင္မႈ႕ရွိၿပီးေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းစြဲျဖစ္ပါတယ္။ ပိုင္တံခြန္ ဟာဒီမိုကေရစီတိုက္ပြဲမွာ ျပည္သူေတြနဲ႔အတူတူရပ္တည္ခဲ့တာေၾကာင့္ ‌၅၀၅ ကနဲ႔တရားစြဲဆိုခံရၿပီးေနာက္ ‌ထြက္ေျပးတိမ္းေရွာင္ခဲ့ရပါတယ္။ တိမ္းေရွာင္ေနရင္းက်န္းမာေရးအေျခအေနေၾကာင့္ ေျမာက္ဒဂုံေနအိမ္ကိုျပန္လာရင္း ‌အင္အား‌သုံးၿပီးဖမ္းဆီးခံခဲ့ရပါတယ္။ လက္ရွိမွာ ပိုင္တံခြန္ ဟာအင္းစိန္ေထာင္မွာ ဖမ္းဆီးခံထားတာဆိုရင္ေတာ့ ကိုးလေက်ာ္ၾကာျမင့္ခဲ့ၿပီပဲျဖစ္ပါတယ္။ ပိုင္တံခြန္ အစ္မျဖစ္သူ ေမခ်စ္ေသြးကေတာ့ အေမေမွ်ာ္ေနၿပီ ျပန္လာသင့္ေနၿပီလို႔ ဝမ္းနည္းစြာ ရင္ဖြင့္လာခဲ့ပါတယ္။

” ျမန္ျမန္ျပန္လာပါေတာ့ ပိုင္..နင့္ရဲ႕ ေလ့လာေရးခရီးစဥ္က အရမ္းၾကာေနၿပီေလ အေမလည္း ေမွ်ာ္လွၿပီျပန္လာသင့္ေနၿပီေလကြာ…”ဆိုၿပီး ေမခ်စ္ေသြးက သူမရဲ႕ေဖ့ဘြတ္အေကာင့္မွာ ေရးသားထားတာေၾကာင့္ ပရိသတ္ေတြလဲ ဝမ္းနည္းေနၾကပါတယ္။ အႏုပညာရွင္ေမာင္ႏွမအခ်ိဳ႕ရဲ႕အားေပးစကားေလးေတြကိုလဲေတြ႕ရပါတယ္။ မၾကာေသးခင္က လြတ္ေျမာက္ခ်မ္းသာခြင့္မွာ ျပန္လည္လြတ္ေျမာက္လာမယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာခဲ့ေပမယ့္ ပိုင္တံခြန္ နဲ႔ အျခားအႏုပညာရွင္ေတြဟာလြတ္ေျမာက္စာရင္းမွာ မပါဝင္ခဲ့ျပန္ပါဖူး။ ပိုင္တံခြန္ ရဲ႕က်န္းမာေရးအေျခအေနကေတာ့ လြန္ခဲ့တဲ့လပိုင္းေလာက္က အစားမွားၿပီးဝမ္းေလ်ာခဲ့တယ္လို႔သိရၿပီးေတာ့ လက္ရွိမွာေတာ့ ေကာင္းမြန္တယ္လို႔ ပိုင္တံခြန္ ရဲ႕ေရွ႕ေန႔မွတစ္ဆင့္သိရပါတယ္။

ျပည္သူခ်စ္ေမာ္ဒယ္မင္းသားေခ်ာ ပိုင္တံခြန္အျမန္ဆုံးလြတ္ေျမာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ပရိသတ္ႀကီးလဲ ဆုေတာင္းစကားေလးေတြကို ေကာမန႔္မွာေရးသားသြားခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss