Monday, November 28, 2022

Latest Posts

အမေစု ရဲ့ ပုသိမ်ထီးလေးကို မဲစနစ်ဖြင့်ရောင်းချပေးနေတာကြောင့် ပါဝင်ကြဖို့တိုက်တွန်းလိုက်တဲ့ ပိုင်ဖြိုးသု

Unicode Version

ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို သိကြမယ်ထင်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရာတွင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့စိတ်ဓာတ်ဟာလည်း အတုယူအားကျစရာကောင်းလောက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့သူ ဖြစ်ပြီး နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က)ဖြင့် တရားဆွဲခံထားရပြီး လက်ရှိမှာဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။

မင်းသမီး ပိုင်ဖြိုးသု ဟာ တော်လှန်ရေးအတွက် အဝေးတစ်နေရာကနေ ကျရာတာဝန်ကို ထမ်းဆောင်နေပြီး တော်လှန်ရေးအတွက် ပါဝင်ကြဖို့နဲ့ သွေးမအေးကြစေဖို့ ပြည်သူတွေကို အစွမ်းကုန်တိုက်တွန်းနေတာလဲ ဖြစ်ပါတယ်။ပိုင်ဖြိုးသု ဟာ လွန်ခဲ့တဲ့နာရီပိုင်းလောက်က ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ကူကြဖို့တောင်းဆိုလိုက်ပါတယ်နော်။ ” အမေစု သုံးစွဲခဲ့ဖူးတဲ့ ပုသိမ်ထီးလေးကို ပိုင်ရှင်ဖြစ်သူကနေ နွေဦးတော်လှန်ရေး​၏ အကျိုးရှိတဲ့လုပ်ငန်းများတွေ အသုံးပြုဖို့ပေးအပ်ခဲ့ပါတယ်..အခုဒီထီးလေးကို “ပြည်သူ့ဘဝ လုံခြုံဖို့ အမေ့ထီး ဖြင့်ကာကွယ်ဖို့” (One million in one month campaign ) အမည်နဲ့ ကမ္ဘာတဝှမ်းလုံး raffle tickets မဲလက်မှတ်များ ရောင်းချပြီး မဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်….မဲလက်မှတ်ဖိုး – $10ဖြစ်ပါတယ်…ကံစမ်းဖို့ကာလကတော့ ဧပြီလ(27)ရက်နေ့ကစပါမယ်…. CRPH- Official Fundraising Program network မှ မြန်မာပြည် အပါအဝင် တကမ္ဘာလုံးမှ ဝယ်ယူနိုင်ရန် စီစဉ်ပေးပါမယ်တဲ့… ရရှိလာသော မဲရောင်းရငွေရဲ့ 70%ကို NUGအစိုးရရဲ့ အနောက်မြောက်ဒေသလွတ်မြောက်နယ်မြေတွေကို ထိန်းချုပ်နယ်မြေအဖြစ်ဖော်ဆောင်ရာမှာအသုံးပြုသွားမှာဖြစ်ပြီး ကျန်တဲ့30%ကိုတော့ခုခံစစ်ဆင်နွှဲနေတဲ့အဖွဲ့အစည်းတွေကိုပေးပို့သွားမှာပဲဖြစ်ပါတယ်ရှင်….ကံစမ်းခွင့်ရမယ့်ပစ္စည်းလေးက တန်ဖိုးရှိသလို မဲရောင်းရငွေသုံးစွဲဖို့ရည်ရွယ်ထားတဲ့ရည်ရွယ်ချက်ကလည်းတန်ဖိုးရှိတာမို့ ပါဝင်နိုင်သူတွေပါဝင်ပေးကြဖို့တိုက်တွန်းပါရစေရှင်” လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကိုလဲ တွေ့ရပါတယ်။

ကဲ…စာဖတ်ပရိသတ်ကြီးရေ အားလုံးကလေးစားချစ်ခင်ရတဲ့ အမေစုရဲ့ထီးလေးကို ဧပြီလ(27)ရက်နေ့ကစပြီး မဲနစ်နဲ့ ရောင်းချပေးတော့မှာကြောင့် ဝယ်ယူအားပေးလိုက်ပါအုန်းနော်။

ZawGyi Version

အေမစု ရဲ႕ ပုသိမ္ထီးေလးကို မဲစနစ္ျဖင့္ေရာင္းခ်ေပးေနတာေၾကာင့္ ပါဝင္ၾကဖို႔တိုက္တြန္းလိုက္တဲ့ ပိုင္ၿဖိဳးသု

ပရိသတ္ႀကီးေရ ႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားၿပီးေတာ့ ‌ေပ်ာ္႐ႊင္ဖြယ္အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာ ပိုင္ၿဖိဳးသုကို သိၾကမယ္ထင္ပါတယ္။ ႐ုပ္ရွင္႐ိုက္ကူးရာတြင္ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့အျပင္ သူမရဲ႕စိတ္ဓာတ္ဟာလည္း အတုယူအားက်စရာေကာင္းေလာက္ပါတယ္။ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနေသာ လူထုလႈပ္ရွားမႈမ်ားကို ေဖေဖာ္ဝါရီလကတည္းမွ စတင္ၿပီး ပါဝင္ခဲ့သူ ျဖစ္ၿပီး ေန႔စဥ္ရက္ဆက္ မေမာႏိုင္ မပန္းႏိုင္ေအာင္ လမ္းမေပၚထြက္ကာ ျပည္သူေတြနဲ႔အတူ ဆႏၵထုတ္ေဖာ္ခဲ့တာေၾကာင့္ ပုဒ္မ၅၀၅(က)ျဖင့္ တရားဆြဲခံထားရၿပီး လက္ရွိမွာေဘးကင္းရာကို တိမ္းေရွာင္ေနရပါတယ္။

မင္းသမီး ပိုင္ၿဖိဳးသု ဟာ ေတာ္လွန္ေရးအတြက္ အေဝးတစ္ေနရာကေန က်ရာတာဝန္ကို ထမ္းေဆာင္ေနၿပီး ေတာ္လွန္ေရးအတြက္ ပါဝင္ၾကဖို႔နဲ႔ ေသြးမေအးၾကေစဖို႔ ျပည္သူေတြကို အစြမ္းကုန္တိုက္တြန္းေနတာလဲ ျဖစ္ပါတယ္။ပိုင္ၿဖိဳးသု ဟာ လြန္ခဲ့တဲ့နာရီပိုင္းေလာက္က ျပည္သူေတြကို တတ္ႏိုင္တဲ့ဘက္က ကူၾကဖို႔ေတာင္းဆိုလိုက္ပါတယ္ေနာ္။ ” အေမစု သုံးစြဲခဲ့ဖူးတဲ့ ပုသိမ္ထီးေလးကို ပိုင္ရွင္ျဖစ္သူကေန ေႏြဦးေတာ္လွန္ေရး​၏ အက်ိဳးရွိတဲ့လုပ္ငန္းမ်ားေတြ အသုံးျပဳဖို႔ေပးအပ္ခဲ့ပါတယ္..အခုဒီထီးေလးကို “ျပည္သူ႔ဘဝ လုံၿခဳံဖို႔ အေမ့ထီး ျဖင့္ကာကြယ္ဖို႔” (One million in one month campaign ) အမည္နဲ႔ ကမာၻတဝွမ္းလုံး raffle tickets မဲလက္မွတ္မ်ား ေရာင္းခ်ၿပီး မဲေဖာက္ေပးသြားမွာပဲျဖစ္ပါတယ္….မဲလက္မွတ္ဖိုး – $10ျဖစ္ပါတယ္…ကံစမ္းဖို႔ကာလကေတာ့ ဧၿပီလ(27)ရက္ေန႔ကစပါမယ္…. CRPH- Official Fundraising Program network မွ ျမန္မာျပည္ အပါအဝင္ တကမာၻလုံးမွ ဝယ္ယူႏိုင္ရန္ စီစဥ္ေပးပါမယ္တဲ့… ရရွိလာေသာ မဲေရာင္းရေငြရဲ႕ 70%ကို NUGအစိုးရရဲ႕ အေနာက္ေျမာက္ေဒသလြတ္ေျမာက္နယ္ေျမေတြကို ထိန္းခ်ဳပ္နယ္ေျမအျဖစ္ေဖာ္ေဆာင္ရာမွာအသုံးျပဳသြားမွာျဖစ္ၿပီး က်န္တဲ့30%ကိုေတာ့ခုခံစစ္ဆင္ႏႊဲေနတဲ့အဖြဲ႕အစည္းေတြကိုေပးပို႔သြားမွာပဲျဖစ္ပါတယ္ရွင္….ကံစမ္းခြင့္ရမယ့္ပစၥည္းေလးက တန္ဖိုးရွိသလို မဲေရာင္းရေငြသုံးစြဲဖို႔ရည္႐ြယ္ထားတဲ့ရည္႐ြယ္ခ်က္ကလည္းတန္ဖိုးရွိတာမို႔ ပါဝင္ႏိုင္သူေတြပါဝင္ေပးၾကဖို႔တိုက္တြန္းပါရေစရွင္” လို႔ သူမရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားတာကိုလဲ ေတြ႕ရပါတယ္။

ကဲ…စာဖတ္ပရိသတ္ႀကီးေရ အားလုံးကေလးစားခ်စ္ခင္ရတဲ့ အေမစုရဲ႕ထီးေလးကို ဧၿပီလ(27)ရက္ေန႔ကစၿပီး မဲနစ္နဲ႔ ေရာင္းခ်ေပးေတာ့မွာေၾကာင့္ ဝယ္ယူအားေပးလိုက္ပါအုန္းေနာ္။

Latest Posts

Don't Miss