Sunday, November 27, 2022

Latest Posts

အမှန်တရားဘက်ကရပ်တည်လို့ ကမ္ဘာကြီးက ပစ်မထားတဲ့ သက်သေကိုပြလိုက်တဲ့ လူရွှင်တော် တိုင်းကျော်

Unicode Version

လွတ်မြောက်နယ်မြေဖြစ်တဲ့ တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့ဟာ ပရိသတ်အတွက် ဟာဒယ သပိတ်တွေနဲ့အတူ သူတို့တတ်ကျွမ်းတဲ့အနုပညာနဲ့ အခုချိန်ထိတိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဆက်လက်ပါဝင်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက် ရပ်တည်ခဲ့တဲ့ ဟားငါးကောင်အဖွဲ့ကို အနောက်လန်ဒန်အခြေစိုက် Brentford အသင်းကြီးက အခုလိုပဲဂုဏ်ပြုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ Brentford ဘောလုံးအသင်းသားတွေ ဝိုင်းဝန်းလက်မှတ်ထိုးထားပြီး H 5 K လို့ နံပါတ်တပ်ပေးထားတဲ့ အသင်းရဲ့ဝတ်စုံတစုံကို တော်လှန်ရေးနယ်မြေထဲမှာရှိတဲ့ ဟားငါးကောင် လူရွှင်တော်အဖွဲ့ကို ပေးပို့လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဆင့်၁၅ ရှိတဲ့ အနောက်လန်ဒန်အခြေစိုက် Brentford အသင်းဟာ မြန်မာပြည်သူတွေနဲ့ ထပ်တူရှိနေကြောင်းကိုလည်း အွန်လိုင်းမှာ တရားဝင်ထုတ်ဖော်ရေးသားခဲ့ဖူးပါတယ်နော်။

အမှန်တရားဘက်ကသာရပ်တည်ရင် မြန်မာပြည်သူ တွေကသာမက ကမ္ဘာကြီးကပါ ပစ်မထားပါဘူးဆိုတာ သက်သေပါပဲနော် ဟားငါးကောင်ရေ ။ ဘေးကင်းကျန်းမာစွာနဲ့ အဆုံးသတ်တိုက်ပွဲတွေ အောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

အမွန္တရားဘက္ကရပ္တည္လို႔ ကမာၻႀကီးပစ္မထားတဲ့ သက္ေသကိုျပလိုက္တဲ့ လူ႐ႊင္ေတာ္ တိုင္းေက်ာ္

လြတ္ေျမာက္နယ္ေျမျဖစ္တဲ့ ေတာ္လွန္ေရးနယ္ေျမကို ေရာက္ရွိေနတဲ့ ဟားငါးေကာင္အဖြဲ႕ဟာ ပရိသတ္အတြက္ ဟာဒယ သပိတ္ေတြနဲ႔အတူ သူတို႔တတ္ကြၽမ္းတဲ့အႏုပညာနဲ႔ အခုခ်ိန္ထိတိုင္ စစ္အာဏာရွင္ဆန႔္က်င္ေရးမွာ ဆက္လက္ပါဝင္လႈပ္ရွားေနဆဲ ျဖစ္ပါတယ္။ ေႏြဦးေတာ္လွန္ေရးမွာ အမွန္တရားဘက္ ရပ္တည္ခဲ့တဲ့ ဟားငါးေကာင္အဖြဲ႕ကို အေနာက္လန္ဒန္အေျခစိုက္ Brentford အသင္းႀကီးက အခုလိုပဲဂုဏ္ျပဳလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ေဘာလုံးအသင္းတစ္သင္းျဖစ္တဲ့ Brentford ေဘာလုံးအသင္းသားေတြ ဝိုင္းဝန္းလက္မွတ္ထိုးထားၿပီး H 5 K လို႔ နံပါတ္တပ္ေပးထားတဲ့ အသင္းရဲ႕ဝတ္စုံတစုံကို ေတာ္လွန္ေရးနယ္ေျမထဲမွာရွိတဲ့ ဟားငါးေကာင္ လူ႐ႊင္ေတာ္အဖြဲ႕ကို ေပးပို႔လာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ အဆင့္၁၅ ရွိတဲ့ အေနာက္လန္ဒန္အေျခစိုက္ Brentford အသင္းဟာ ျမန္မာျပည္သူေတြနဲ႔ ထပ္တူရွိေနေၾကာင္းကိုလည္း အြန္လိုင္းမွာ တရားဝင္ထုတ္ေဖာ္ေရးသားခဲ့ဖူးပါတယ္ေနာ္။

အမွန္တရားဘက္ကသာရပ္တည္ရင္ ျမန္မာျပည္သူ ေတြကသာမက ကမာၻႀကီးကပါ ပစ္မထားပါဘူးဆိုတာ သက္ေသပါပဲေနာ္ ဟားငါးေကာင္ေရ ။ ေဘးကင္းက်န္းမာစြာနဲ႔ အဆုံးသတ္တိုက္ပြဲေတြ ေအာင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss