Home Myanmar Celebrity အိမ်ကိုလွမ်းလွန်းလို့ မျက်ရည်ကျမိတယ်ဆိုတဲ့ မအေးသောင်း

အိမ်ကိုလွမ်းလွန်းလို့ မျက်ရည်ကျမိတယ်ဆိုတဲ့ မအေးသောင်း

655

Unicode Version

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းကထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသမီးချောလေး မအေးသောင်း ကိုတော့လူတိုင်းသိကြလိ့မ်မယ်ထင်ပါတယ်နော်။ သူမ ဟာအနုပညာမျိုးရိုးရှိသူတစ်ဦးဖြစ်ပြီး အနုပညာလောကမှာ မအေးသောင်း လို့ဆိုလိုက်ရင် မသိသူမရှိလောက်အောင် နာမည်ကြီးသူတစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခြေအနေမှာလဲ အမှန်တရားဘက်က ရပ်တည်ခဲ့သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။ ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တာကြောင့်လဲ ၅၀၅ က နဲ့တရားဆွဲခံထားရပြီး အိမ်လေးကိုစွန့်ခွာ၍ မိသားစုနဲ့ဝေးရာမှာ တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မအေးသောင်း ဟာ သူမရဲ့အိမ်လေးကို လွမ်းလွန်းလို့ မျက်ရည်ကျမိတယ်လို့ အခုလိုပဲရေးသားခဲ့ပါတယ်။

” အိမ်ကိုပြန်မရောက်ခဲ့တာ ၁၀ လကျော်ပြီ လွန်ခဲ့တဲ့ ၃ လလောက်ကခဏရောက်ခဲ့တယ်။ အိမ်အဝင်မှာအပင်တွေ ခြုံတွေနဲ့ပိတ်နေတယ်။ အပင်လေးတွေနေမပူအောင်ကာထားတဲ့အိမ်ရှေ့က အစိမ်းဖက်ကြီးက မိုးရွာတာကြောင့် လျော့ကျနေတာပဲ။ လူတောင်ငုံဝင်ရတယ်။ ကိုယ်ရှိတုန်းက တသသလုပ်ခဲ့ရတဲ့ ကြွားခဲ့ရတဲ့ကျားလက်ဝါးပင်တွေ အုန်းပွါးပင်တွေ၊Bird of paradise, မယ်တော်ကြီးဂမုန်း၊ စားမကုန်သောက်မကုန်ဆိုလား အဲ့အပင်ဆိုတော်တော်ကြီးနေပြီ၊ဘုံသုံးဆင့်ပင်တွေ၊ ထင်းရှူးပင်လေးတွေ၊တရုတ်စကားပင်၊ အောင်မဲညိုအပင်လေးရယ်၊ သရက်ပင် ၂ ပင်ရယ်၊ စက္ကူပင်အကြီးကြီးရယ်၊ဝါးပင်လေးတွေရယ် ကိုယ်ပြန်ရောက်တဲ့အချိန်ကြည့်တော့ရှင်နေသေးပေမဲ့ သခင်မရှိတော့ ငိုမဲ့မဲ့ရုပ်ကလေးတွေနဲ့လို့ထင်ရတယ်။ တစ်ခြံလုံးသစ်ရွက်တွေကြွေထားတော့ရှုပ်ပွနေတာပဲ။ ဒါပေမဲ့ နွေးထွေးနေဆဲ Home sweet home ဖြစ်နေဆဲပါပဲ။ အိမ်ထဲဝင်ဝင်ချင်းဘာဝမ်းနည်းမှန်းမသိပဲ ငိုချလိုက်မိတယ်။ခဏနေမှအမေ့ဆီဖုန်းဆက်ပြီး အခန်းသော့ဘယ်မှာထားလဲမေးရတယ်။ အိပ်ခန်းထဲရောက်တော့ မှိုတွေတက်နေတဲ့ဗီဒိုနဲ့ ဖုန်တွေတက်နေတဲ့အဝတ်တွေကကြိုနေတာပေါ့။ ကိုယ်သိပ်ချစ်တဲ့ပန်ချီကားတွေလည်းဖုန်တွေကိုတက်နေတာပဲ။ ချစ်လို့စုထားတဲ့ယွန်းထည်လေးတွေလည်းအတူတူပဲ။ ဖုန်တောင်မသုပ်ခဲ့ရ။ စာအုပ်စင်ကစာအုပ်တွေက ဖုန်အလိပ်လိပ်နဲ့။ရေချိုးခန်းကလည်း ဖုန်တွေအထပ်ထပ်တက်နေတာပဲ။ မိတ်ကပ် skin care တဝက်လောက်အိတ်စပါယာတွေအပုံလိုက်ဖြစ်ကုန်တာပါပဲ။ ဖုန်များရင် Allergy ဖြစ်တတ်တဲ့သူမို့ တစ်အိမ်လုံးဘာမှမထိခဲ့ရဘူး။ တစ်ရက်တော့သေချာသွားရှင့်အုံးမယ်လို့တေးပြီးထွက်လာခဲ့တာ။ ခြံပြင်ကထိုင်နေကျဒါန်းလေးကလည်းအဖြူလေးကနေ အမဲလေးဖြစ်နေပြီ။ ပြန်ခါနီး ခြံလေးကိုပြန်လှည့်ကြည့်တော့ခြံရဲ့ညာဘက်ကအုတ်တံတိုင်းလေးက အက်ကြောင်းလိုက်ပြီးပြိုခါနီးဖြစ်နေပြီ။ ကိုယ်ပဲသတိမထားမိခဲ့တာလား အုတ်တံတိုင်းယိုင်နေတာ အခုမှသေချာကြည့်မိတယ်။ ငိုပဲငိုချင်နေတော့တယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကအမေတို့အတွက်အိမ်ဆောက်ပေးမယ်ဆိုတဲ့ အိမ်မက်လေး ငွေလိမ်ခံရလို့ပျက်စီးသွားခဲ့ရဘူးတယ်။ အခုကျတော့ရှိတဲ့အိမ်လေးပါ ပျက်စီးခဲ့ရတယ်။ ခုလိုခရစ္စမတ်ချိန်လေးဆို အမျိုးတွေနဲ့စည်ကားနေတဲ့အိမ်လေးကိုလွမ်းတယ်။ Miss my home အိမ်မက်တွေကစျေးမကြီးဘူး လူတွေကအတ္တကြီးကြတယ် ” လို့ သူမအကောင့်မှာ ရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးရေ အိမ်ကိုသတိရလွန်းလို့ မျက်ရည်ကျနေတဲ့ မင်းသမီး မအေးသောင်း ကိုအားပေးစကားလေးတွေ ကောမန့်မှာရေးသားပေးခဲ့ပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

အိမ္ကိုလြမ္းလြန္းလို႔ မ်က္ရည္က်မိတယ္ဆိုတဲ့ မေအးေသာင္း

ပရိသတ္ႀကီးေရ တစ္ေခတ္တစ္ခါတုန္းကထဲက နာမည္ႀကီးလူႀကိဳက္မ်ားခဲ့တဲ့ မင္းသမီးေခ်ာေလး မေအးေသာင္း ကိုေတာ့လူတိုင္းသိၾကလိ့မ္မယ္ထင္ပါတယ္ေနာ္။ သူမ ဟာအႏုပညာမ်ိဳး႐ိုးရွိသူတစ္ဦးျဖစ္ၿပီး အႏုပညာေလာကမွာ မေအးေသာင္း လို႔ဆိုလိုက္ရင္ မသိသူမရွိေလာက္ေအာင္ နာမည္ႀကီးသူတစ္ေယာက္ပါ။ ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရး အေျခအေနမွာလဲ အမွန္တရားဘက္က ရပ္တည္ခဲ့သူတစ္ဦးျဖစ္တာေၾကာင့္ ပရိသတ္ေတြက ပိုမိုခ်စ္ခင္အားေပးၾကရျပန္ပါတယ္။ ျပည္သူေတြနဲ႔အတူရပ္တည္ခဲ့တာေၾကာင့္လဲ ၅၀၅ က နဲ႔တရားဆြဲခံထားရၿပီး အိမ္ေလးကိုစြန႔္ခြာ၍ မိသားစုနဲ႔ေဝးရာမွာ တိမ္းေရွာင္ေနရတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ မေအးေသာင္း ဟာ သူမရဲ႕အိမ္ေလးကို လြမ္းလြန္းလို႔ မ်က္ရည္က်မိတယ္လို႔ အခုလိုပဲေရးသားခဲ့ပါတယ္။

” အိမ္ကိုျပန္မေရာက္ခဲ့တာ ၁၀ လေက်ာ္ၿပီ လြန္ခဲ့တဲ့ ၃ လေလာက္ကခဏေရာက္ခဲ့တယ္။ အိမ္အဝင္မွာအပင္ေတြ ၿခဳံေတြနဲ႔ပိတ္ေနတယ္။ အပင္ေလးေတြေနမပူေအာင္ကာထားတဲ့အိမ္ေရွ႕က အစိမ္းဖက္ႀကီးက မိုး႐ြာတာေၾကာင့္ ေလ်ာ့က်ေနတာပဲ။ လူေတာင္ငုံဝင္ရတယ္။ ကိုယ္ရွိတုန္းက တသသလုပ္ခဲ့ရတဲ့ ႂကြားခဲ့ရတဲ့က်ားလက္ဝါးပင္ေတြ အုန္းပြါးပင္ေတြ၊Bird of paradise, မယ္ေတာ္ႀကီးဂမုန္း၊ စားမကုန္ေသာက္မကုန္ဆိုလား အဲ့အပင္ဆိုေတာ္ေတာ္ႀကီးေနၿပီ၊ဘုံသုံးဆင့္ပင္ေတြ၊ ထင္းရႉးပင္ေလးေတြ၊တ႐ုတ္စကားပင္၊ ေအာင္မဲညိဳအပင္ေလးရယ္၊ သရက္ပင္ ၂ ပင္ရယ္၊ စကၠဴပင္အႀကီးႀကီးရယ္၊ဝါးပင္ေလးေတြရယ္ ကိုယ္ျပန္ေရာက္တဲ့အခ်ိန္ၾကည့္ေတာ့ရွင္ေနေသးေပမဲ့ သခင္မရွိေတာ့ ငိုမဲ့မဲ့႐ုပ္ကေလးေတြနဲ႔လို႔ထင္ရတယ္။ တစ္ၿခံလုံးသစ္႐ြက္ေတြေႂကြထားေတာ့ရႈပ္ပြေနတာပဲ။ ဒါေပမဲ့ ေႏြးေထြးေနဆဲ Home sweet home ျဖစ္ေနဆဲပါပဲ။ အိမ္ထဲဝင္ဝင္ခ်င္းဘာဝမ္းနည္းမွန္းမသိပဲ ငိုခ်လိုက္မိတယ္။ခဏေနမွအေမ့ဆီဖုန္းဆက္ၿပီး အခန္းေသာ့ဘယ္မွာထားလဲေမးရတယ္။ အိပ္ခန္းထဲေရာက္ေတာ့ မႈိေတြတက္ေနတဲ့ဗီဒိုနဲ႔ ဖုန္ေတြတက္ေနတဲ့အဝတ္ေတြကႀကိဳေနတာေပါ့။ ကိုယ္သိပ္ခ်စ္တဲ့ပန္ခ်ီကားေတြလည္းဖုန္ေတြကိုတက္ေနတာပဲ။ ခ်စ္လို႔စုထားတဲ့ယြန္းထည္ေလးေတြလည္းအတူတူပဲ။ ဖုန္ေတာင္မသုပ္ခဲ့ရ။ စာအုပ္စင္ကစာအုပ္ေတြက ဖုန္အလိပ္လိပ္နဲ႔။ေရခ်ိဳးခန္းကလည္း ဖုန္ေတြအထပ္ထပ္တက္ေနတာပဲ။ မိတ္ကပ္ skin care တဝက္ေလာက္အိတ္စပါယာေတြအပုံလိုက္ျဖစ္ကုန္တာပါပဲ။ ဖုန္မ်ားရင္ Allergy ျဖစ္တတ္တဲ့သူမို႔ တစ္အိမ္လုံးဘာမွမထိခဲ့ရဘူး။ တစ္ရက္ေတာ့ေသခ်ာသြားရွင့္အုံးမယ္လို႔ေတးၿပီးထြက္လာခဲ့တာ။ ၿခံျပင္ကထိုင္ေနက်ဒါန္းေလးကလည္းအျဖဴေလးကေန အမဲေလးျဖစ္ေနၿပီ။ ျပန္ခါနီး ၿခံေလးကိုျပန္လွည့္ၾကည့္ေတာ့ၿခံရဲ႕ညာဘက္ကအုတ္တံတိုင္းေလးက အက္ေၾကာင္းလိုက္ၿပီးၿပိဳခါနီးျဖစ္ေနၿပီ။ ကိုယ္ပဲသတိမထားမိခဲ့တာလား အုတ္တံတိုင္းယိုင္ေနတာ အခုမွေသခ်ာၾကည့္မိတယ္။ ငိုပဲငိုခ်င္ေနေတာ့တယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ကအေမတို႔အတြက္အိမ္ေဆာက္ေပးမယ္ဆိုတဲ့ အိမ္မက္ေလး ေငြလိမ္ခံရလို႔ပ်က္စီးသြားခဲ့ရဘူးတယ္။ အခုက်ေတာ့ရွိတဲ့အိမ္ေလးပါ ပ်က္စီးခဲ့ရတယ္။ ခုလိုခရစၥမတ္ခ်ိန္ေလးဆို အမ်ိဳးေတြနဲ႔စည္ကားေနတဲ့အိမ္ေလးကိုလြမ္းတယ္။ Miss my home အိမ္မက္ေတြကေစ်းမႀကီးဘူး လူေတြကအတၱႀကီးၾကတယ္ ” လို႔ သူမအေကာင့္မွာ ေရးသားထားတာကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပရိသတ္ႀကီးေရ အိမ္ကိုသတိရလြန္းလို႔ မ်က္ရည္က်ေနတဲ့ မင္းသမီး မေအးေသာင္း ကိုအားေပးစကားေလးေတြ ေကာမန႔္မွာေရးသားေပးခဲ့ပါအုန္းေနာ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။